Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

တက္ကသိုလ်မကျည်းတန်၊ မောင်ဝိုင်းတို့၏ အရေးတော်ပုံနဲ့ စပ်မိစပ်ရာ စာအုပ်များ မိတ်ဆက်

တက္ကသိုလ်မကျည်းတန်၊ မောင်ဝိုင်းတို့၏ အရေးတော်ပုံနဲ့ စပ်မိစပ်ရာ စာအုပ်များ မိတ်ဆက်

ရန်နောင်(ဗိုလ်တထောင်) မတ် ၁၄၊ ၂၀၁၄

 စာရေးဆရာမ တက္ကသိုလ်မကျုည်းတန်၏ “အရေးတော်ပုံရှစ်သမိုင်းနှင့် မောင်ဝိုင်းတို့စပ်မိစပ်ရာ” စာအုပ်မိတ်ဆက်ပွဲကို  ၂၀၁၄ ခုနှစ် မတ်လ ( ၉ ) ရက် တနင်္ဂနွေနေ့ နေ့လည်  ၁ နာရီက တော်ဝင်နှင်းဆီ စားသောက်ဆိုင်၏ သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည် ။

အဆိုပါ စာအုပ် မိတ်ဆက်ပွဲ၌ ကဗျာဆရာ မောင်စိမ်းနီ ၊ကဗျာဆရာအောင်ဇင်မင်း ၊ ဆရာလှကျော်နေ ၊ ဆရာလေးကိုတင် တို့မှ ဂန္ထဝင်မောင်ဝိုင်းအမှတ်တရ စကားများပြောကြားခဲ့ကြပြီး ဆရာမ တက္ကသိုလ် မကျည်းတန်မှ စာအုပ်ထုတ်ဝေရခြင်းအကြောင်းကို ပြောကြားခဲ့ပါသည် ။

ဂန္ထ၀င်မောင်ဝိုင်းနှင့် မိသားစု ရှစ်လေးလုံးအရေးတော်ပုံကာလမတိုင်မီ လှုပ်ရှားမှုနှင့် မောင်ဝိုင်း၏သား မောင်မောင်ကျော် တို့၏ နိုင်ငံရေးလှုပ်ရှားမှုများကို ရေးဖွဲ့ထားသော သမိုင်းဝင်စာအုပ်တစ်အုပ်ဖြစ်ပါသည်ဟု ဆိုပါသည်။

 

စာအုပ်မိတ်ဆက်ပွဲတွင် အဆိုတော်ဟင်္သာတထွန်းရင် မှလည်း အမှတ်တရစကားပြောကြားခဲ့ရုံသာမက ” မွေးမေကျေးဇူးဆပ်ဖူးချင်တယ်”  နှင့် ” ငွေ” သီချင်းနှစ်ပုဒ်အား သီဆိုဖျော်ဖြေပေးခဲ့ပါသည်။

ထိုစာအုပ်အား ပညာရွှေအိမ်စာအုပ်တိုက်မှ တပြည်လုံးသို့ တန်ဖိုး လေးထောင် ကျပ်ဖြင့် ဖြန့်ချိရောင်းချမည်ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts