Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

စိုးဝင်းငြိမ်း ဓာတ်ပုံပြပွဲနဲ့ စာအုပ်မိတ်ဆက်

စိုးဝင်းငြိမ်း ဓာတ်ပုံပြပွဲနဲ့ စာအုပ်မိတ်ဆက်

ရန်နောင်(ဗိုလ်တထောင်)၊ မတ် ၇၊ ၂၀၁၄

သတင်းစာဆရာ ၊ဓါတ်ပုံဆရာ ၊ ဒီဇိုင်းဆရာ စိုးဝင်းငြိမ်း ၏သူ့ဘဝဖြတ်သန်းမှု မှာ တွေ့ကြုံဆုံခဲ့ရသူတွေထဲက သူချစ်ခင်လေးစားရတဲ့ အနုပညာရှင်တွေ၊နိုင်ငံရေးသမားတွေ ၊ သတင်းစာဆရာ ဆရာမတွေ ၊စာရေးဆရာဆရာမတွေ ၊ချစ်ခင်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ Portrait ဓါတ်ပုံတွေ  ၁၅၀ ကျော် ကို စာအုပ်အဖြစ် ထုတ်ဝေခြင်း အထိမ်းအမှတ်အဖြစ်
ဓါတ်ပုံပြပွဲကို မတ်လ ( ၇ ) ရက်နေ့ မနက် ၁၀ နာရီတွင်  ရန်ကုန်မြို့ အမှတ် ၆၂ ၊ပထမထပ် ၊ပန်းဆိုးတန်း နဲ့ ကုန်သည်လမ်းထောင့်ရှိ လောကနတ် ပန်းချီပြခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆရာစိုးဝင်းငြိမ်း၏ဓါတ်ပုံပြပွဲ၌ ဦးမိုးသူ (ဘကြီးမိုး ) ၊ဦးစိန်မျိုးမြင့် ၊ဦးစိုးညွန့် ( တော်ဝင်းနှင်းဆီ ) ၊ ကဗျာဆရာစောဝေ ၊ဆရာမြင့်မောင်ကျော် ၊ ဆရာရဲနိုင်မိုး ၊ဆရာမရတနာထွန်း ၊အစရှိသော ဓါတ်ပုံဆရာ ၊ သတင်းစာဆရာ၊ဓါတ်ပုံဆရာများမှ အမှတ်တရ စကားများပြောကြားခဲ့ကြပါသည် ။

ဆရာစိုးဝင်းငြိမ်း ၏ ဓါတ်ပုံများသည် သမိုင်းကို ဖော်ပြနေသော ဓါတ်ပုံများဖြစ်နေပါသည် ။ အများစုမှာ ယခင် စစ်အစိုးရလက်ထက်က ထောင်ကျခံရသူများ ဖြစ်နေသည်ကိုလည်းတွေ့ရှိရသဖြင့် စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးများကိုလည်း နှောင်းလူတို့မြင်တွေ့နိုင်ကြပါသည်ဟု သတင်းစာဆရာ ရဲနိုင်မိုးမှပြောကြားခဲ့ပါသည်။

ဆရာစိုးဝင်းငြိမ်း၏ ဓါတ်ပုံပြပွဲကို မတ်လ ၇ ရက်နေ့မှ ၉ ၇က်နေ့အထိ မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း စိတ်ဝင်စားသူမည်သူမဆို လာရောက်ကြည့်ရှုနိုင်ပါသည် ။ဓါတ်ပုံများကို သုံးသောင်း ၊နှစ်သောင်း ၊တသောင်းခွဲနှုန်းဖြင့်  ရောင်းချမည်ဖြစ်ကြောင်းလည်း ထပ်မံသိရှိရပါသည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts