ချမ်းမြ (မိုးမခအထောက်တော်) သတင်းဆောင်းပါး

အကြမ်းဖက် ဖြိုခွဲခံရသူတွေကို သဲကုန်းတရားရုံးက ပုဒ်မ (၁၈) ဖြင့် တရားစွဲ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ချမ်းမြ (မိုးမခအထောက်တော်)
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
(၂၆-၂-၂၀၁၄) ရက်နေ့၊ မနက်(၁၀း၃၀)မှာ အဓမ္မလယ်ယာမြေသိမ်းဆည်းခံရသဖြင့် သပိတ်စခန်းဖွင့်ရာမှာ အကြမ်းဖက် ဖြိုခွဲခံရတဲ့အတွက် သဲကုန်းမြို့နယ်၊ အုပ်ဖိုကျေးရွာအုပ်စု၊ အောင်ကုန်းကျေးရွာ၊ တောင်သူ ဒေါ်မုန်းအိမ်မှာ အဓမ္မ လယ်ယာမြေသိမ်းဆည်းခံရခြင်း၊ ဆုံးရှုံးသွား သောလယ်ယာမြေရရှိရေးအတွက် သက်ဆိုင်ရာသို့ တိုင်ကြားခြင်း၊ သပိတ် စခန်းကိုဖျက်ဆီးခြင်း၊ ပုဒ်မ(၁၈) တရားစွဲခံရခြင်းနဲ့ အမျိုးသမီးများအားအကြမ်းဖက်ခံရခြင်းကြောင့် ဆုံးရှုံးသွားသော အခွင့်အရေးများရရှိရန် သတင်းစာရှင်းလင်းပွဲလုပ်ကြောင်း သိရတယ်။
နေ့လည်(၂)နာရီမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပုဒ်မ(၁၈)ဖြင့်တရားစွဲခံရသူ ကိုသန့်ဇင်ထက်၊ ကိုပေါက်စ၊ ဒေါ်ညိုနဲ့ ဒေါ်ဝင်းတို့ကို သဲကုန်းတရားရုံးသို့ရုံးတင်ခဲ့ကြောင်းသိရတယ်။ တရားရုံးက ကိုယ်တိုင်အာမခံပေးတယ်။ (၁၁-၃-၂၀၁၄) ရက်နေ့မှာ ရုံးချိန်းချိန်းဆိုတယ်။

နေ့လည်(၃)နာရီမှာ သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲရာမှာ ပါဝင်တဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဇော်အောင်၊ သဲကုန်းစခန်းမှူး ဦးမျိုးမြတ်စံ၊ ကြံ့ခိုင်ရေးပါတီ ဦးအောင်မြင့်နဲ့ အမျိုးသမီးစွမ်းဆောင်ရှင်များကို အရေးယူပေးရန် ရဲစခန်းတွင်တိုင်ကြားရာ လက်ခံပြီးနောက်မှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈အရ သူတို့ကို တရားစွဲမယ်ဆိုရင် နိုင်ငံတော်သမ္မတထံမှ အခွင့်အမိန့်မရှိဘဲ ဒီအခန်း(၉)ကိုဆောင်ရွက်ရာ မည်သည့်တစ်ဦးတစ်ယောက်ကိုမျှ တရားရုံးမှာ တရားစွဲဆိုခွင့်မရှိဟု စခန်းမှူးကပြောတယ်။ အကြမ်းဖက်ဖြိုခွဲခံရ တဲ့အတွက် အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတထံ အခွင့်အမိန့်ရဖို့ တောင်းခံသွားမယ်ဟု သန့်ဇင်ထက်ကပြောတယ်။

ကျွန်မခေါင်းမူးလို့ အိပ်နေတုန်း ဖျောင်းဖျောင်းဆိုတဲ့အသံကြားတော့ ကြံ့ဖွတ်က အောင်မြင့်ဆိုသူက ဆရာစံပုံကြီးကို ဖြဲဆုန်ပစ်တယ်။ ကြံ့ဖွတ်ကောင် မိုက်ရိုင်းလှကြည်လား နင်လူမိုက်လားဆိုပြီး သူနောက်ကိုလိုက်တဲ့အခါ ခရိုင်မှူးနဲ့ ရဲမှူးဇော်အောင်က ဆွဲတွန်းတွန်းချတယ်။ ကျွန်မ အမြင့်ပေါ်ကကျတဲ့အခါ ကျောက်ခဲကြီးနဲ့ ပြေးဆောင့်တယ်ဟု သပိတ်စခန်းဖြိုခွဲရာတွင် အကြမ်းဖက်ခံရတဲ့ ဆေးရုံရောက်သွားသူ ဒေါ်ညိုကပြောတယ်။


သပိတ်စခန်းကိုဝင်ဖြိုအချိန်မှာ ဒေါ်မြင့်ကြည်စားနေတဲ့ခွက်ကို ရဲကခြေထောက်နဲ့ ကန်တယ်။ ဒေါ်မ၀င်းကို ရဲကအပေါ်ကနေ တွန်းချလိုက်ပါတယ်။ လဲသွားတဲ့ ဒေါ်မ၀င်းကိုယ်လုံးကြီးကိုပိုက်ပြီး ကားပေါ်တင်ပြီးဆေးရုံသွားခဲ့တယ်။ လုံခြုံမှုမရှိတဲ့အတွက် ဆေးရုံက ညနေပဲဆင်းခဲ့တယ်ဟု တောင်သူအမျိုးသမီးတစ်ဦးက ပြောတယ်။

ကျွန်တော်တို့ တရားရုံးရောက်တော့ တရားရုံးထဲမှာ လိုအပ်တာထက်ပိုပြီး ရဲတွေတန်းစီးပြီး အများကြီးချထားတယ်။ တရားရုံးထဲကို ကျွန်တော်တို့ကို မ၀င်ရဘူးလို့ တရားသူကြီးက တားခိုင်းလို့တားတာဟု ဒုရဲအုပ်တစ်ဦးကပြောပြီးတားတယ်။ တောင်သူတွေရော၊ သတင်းထောက်တွေရောရှိတယ်။ ကျွန်တော်က  အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာ စာတမ်း အပိုဒ်(၁၀) လူတိုင်းမျှတတဲ့ တရားစီရင်မှု ခံယူပိုင်ခွင့်ရှိတယ်။ လူအများကြားနာနိုင်သော တရားရုံးဖြစ်ရမယ်လို့ ပြောတော့ ရဲကဘေးဖယ်ပေးတယ်။ ဥပဒေ၀န်းထမ်းတွေက လူ့အခွင့်အရေးတွေကိုချိုးဖောက်နေတာ။ နိုင်ငံတာကာမှ လယ်ယာမြေ သိမ်းတယ်ဆိုတာ ရာဇ၀တ်မှုဖြစ်မှာသိမ်းတာ။ ဒီမှာက ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားသောက်နေတာကို ဥပဒေမဲ့ အတင်းအဓမ္မသိမ်းတာ၊ ကလေးသူငယ်အခွင့်အရေးသဘောတူစာချုပ်ကိုလည်း အစိုးရကလက်မှတ်ထိုးထားတာ။ ကလေး သူငယ်ဥပဒေလည်း ပြည်တွင်းမှာပြဌာန်းတာ။ ကလေးအခွင့်အရေးအပိုဒ် ၁၈၊ ၂၃၊ ၂၄၊ ၂၆၊ ၂၇၊ တွေမှာ တောရွာ မှာနေတဲ့ ကလေးတွေရဲ့ အနာဂတ်အတွက် ကာကွယ်မှုတွေ၊ ဖွံ့ဖြိုးမှုတွေ၊ ကျန်းမာရေး၊ ပညာရေးတွေ၊ ဂုဏ်သိက္ခာရှိရှိ လုံလောက်တဲ့လူနေမှုအဆင့်အတန်းတွေအတွက် အစိုးရကဆောင်ရွက်ပေးရမှာ။ နောက်ပြီး အမျိုးသမီးများအား နည်းမျိုး စုံဖြင့် ခွဲခြားထားမှု လုံးဝပပျောက်ရေးသဘောတူစာချုပ်(CEDAW)ကို လက်မှတ်ထိုးထားတာ။ (CEDAW)စာချုပ် အပိုဒ်(၁၄)အပိုဒ်ခွဲ(ဆ)မှာ ကျေးလက်တောရွာမှာနေတဲ့ အမျိုးသမီးတွေရဲ့ စီးပွါးရေး၊ ဖွံ့ဖြိုးရေးတွေမှာ တိုးတက်ရှင်သန်ဖို့ လယ်ယာမြေပေါ်မှာ ပြန်လည်ချထားခွင့်၊ စိုက်ပျိုးခွင့်ကို အစိုးရကသေသေချာချာအာမခံ ဆောင်ရွက်ရမှာ။ အမြန်ဆုံး မဆောင်ရွက်ပေးတဲ့အပြင် အမျိုးသမီးတွေကို အကြမ်းဖက်ပြီး ပုဒ်မ(၁၈)နဲ့တရားစွဲတယ်။ အစိုးရက လယ်ယာမြေ ပြဿနာကို ဖြေရှင်းအခါမှာ အင်မတန်ကြန့်ကြာနှောင့်နှေးနေပါတယ်။ လယ်သမားတွေရဲ့ဘ၀က တစ်နေ့ထက်တစ်နေ့ ပိုမိုးဆိုးနေတယ်ဟု လူ့အခွင့်အရေးကာကွယ်မြှင်တင်သူများအဖွဲ့(HRDP)ဘုတ်အဖွဲ့ဝင်  ကိုဇော်ထွန်းကပြောပါတယ်။

သဲကုန်းမြို့နယ် အုတ်ဖို ကျေးရွာအုပ်စုအတွင်းရှိ အောင်ကုန်း၊ သင်တော၊ ကစွန်း အင်း၊ ရင်းတိုက်တန်း၊ နှောကုန်း၊ ဆောက်ခြုံကြီးကျေးရွာ ၆ ရွာမှ လယ်သိမ်းခံရသည့် တောင်သူများက ၎င်းတို့လယ်ယာမြေများ ပြန်လည် ရရှိရန် ဥပဒေအရ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ထူးခြားမှု မရှိသည့်အတွက် သဲကုန်းမြို့၏ မြို့တော် ခန်းမအနီးမှာ  သပိတ်စခန်းကို (၁၁-၂-၂၀၁၄)ရက်နေ့မှာဖွင့်ပြီး ငြိမ်းချမ်းစွာတောင်းဆိုခြင်း ဖြစ်တယ်။ ညနေ(၆)နာရီမှာ သပိတ် စခန်းကို ဦးဆောင်သူ ၄ ဦးအား သဲကုန်း မြို့နယ် ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် အရေးယူထားပြီး (၁၄-၂-၂၀၁၄)ရက်နေ့၊ မနက်(၇)တွင်  သပိတ် စခန်းကို အကြမ်းဖက်ဖြိုခွဲခဲ့တယ်။

လယ်မြေဧက ငါးထောင်ကျော်ကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ က ၂၀၀၀ ခုနှစ်အတွင်း သိမ်းဆည်းခဲပြီး တစ်ထောင်ကျော်ကို ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို ငါးမွေးမြူရေးလုပ်ငန်းအတွက် စစ်တပ်က ငှားရမ်းထားတယ်လို့လည်း သိရတယ်။ ၁၉၉၉ ခုနှစ် ဧပြီလ ၇ ရက်က ပြည်ခရိုင် ဦးစီးမှူး ဦးခင်မောင်ဝင်းက  လယ်မြေ ဧက ၁၁၅၉.၅၅ ဧကကို ရေနက်ကွင်း ဖော်ထုတ်ရန် သိမ်းယူ ခဲ့ခြင်း ဖြစ်တယ်။ ၂၀၀၁ ခုနှစ်တွင် လယ်ယာလက်ကား သမဝါယမ အသင်း အမှတ်(၃) လီမီတက် ပိုင်ရှင် ဦးထိုင်ထိုင်က လွှဲပြောင်း ရယူခဲ့ကြောင်း လယ်ယာမြေနှင့် အခြား မြေယာများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပေးပို့သည့် တိုင်ကြားစာတွင် ရေးသား ဖော်ပြ ထားသည်ကို တွေ့ရတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts