တရုတ်ပြည်ကြီးကို လျှပ်စစ်ဓာတ်အားတွေ ပေးနိုင်ဖို့ မြန်မာနိုင်ငံရဲ့
မိခင် ဧရာဝတီမြစ်ကြီးကို အစကနေ ပိတ်ဆို့ပြီး မြစ်ဆုံဆည်ကြီး
တည်ဆောက်မည့်စီမံကိန်းကို ကန့်ကွက်ရေးသားခဲ့တဲ့ ဆောင်းပါး ရှစ်ပုဒ်၊
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ် ဝေဘန်ရေးသားခဲ့တဲ့ ဆောင်းပါး
ကိုးပုဒ်၊ ချစ်ခင်မြတ်နိုးရသူများအကြောင်း လွမ်းဆွတ်တဲ့ ဆောင်းပါး သုံးပုဒ်
တို့ကို စုပေါင်းပြီး ဆရာ ပြည်သွေးနိုင် (ရနံ့သစ်) ရဲ့ ခေတ်ပြတိုက်စာပေ {
အမှတ် ၁၃၈/၁၄၀၊ ပထမထပ် (ဝဲ)၊ ၄၉ လမ်း (အထက်)၊ ပုဇွန်တောင်မြို့နယ်၊
ရန်ကုန်၊ ဖုန်း (၀၉) ၇၃၀ ၃၇၇၂၇၊ (၀၉) ၅၀၇ ၉၆၇၈ } က ထုတ်ဝေမှာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာ စတင်ဖြန့်ချီပါလိမ့်မယ်၊ မျက်နှာဖုံး
ပန်းချီဒီဇိုင်းက ပန်းချီ လင်းဝဏ္ဏပါ၊ ဒီဆောင်းပါးတွေကို မိုးမခ၊
ကုမုဒြာသတင်းဂျာနယ်၊ ရနံ့သစ်မဂ္ဂဇင်း၊ ဧရာဝတီနဲ့ Weekly Eleven Journal
များမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်၊ တန်ဖိုး ကျပ် ၂၀၀၀ ပါ။