ဓာတ်ပုံသတင်း

ဓမ္မအေးရိပ်ကျောင်းရဲ့ ထမင်းနဲပွဲ စည်ကား

ဓမ္မအေးရိပ်ကျောင်းရဲ့ ထမင်းနဲပွဲ စည်ကား

ကျော်နိုင်၊ မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄

မြန်မာသက္ကရာဇ် ၁၃၅၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်။ ခရစ်နှစ် ၂၀၁၄ ခု၊ ဖေဖေါ်ဝါရီလ ၂၂ ရက်၊ စနေနေ့  တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကောက်သစ်ဦးအလှူဒါနခေါ် မြန်မာ့ရိုးရာ ထမနဲပွဲတော်ကို ဆန်ဖရန်စစ္စကို ဗေးဧရိယာ၊ ဥက္ကလံမြို့ ရှိ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်းတွင်
ကျင်းပခဲ့ပါသည်။
 ဗေးဧရိယာရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းများမှ ကြွရောက်လာကြသော သံဃာတော် အရှင်မြတ်များကို ဆွမ်း၊ န၀ကမ္မစသော လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခြင်း၊ ကြွရောက်လာသော ဧည့်ပရိတ်သတ်မှ သီလခံယူ ဆောက်တည်ကြခြင်း၊ ပရိတ်တရားတော်များကို နာယူခြင်းများပြုလုပ်ခဲ့ပါသည်။ ကြွရောက်လာသော တိုင်းရင်းသားပေါင်းစုံ ဧည့်ပရိတ်သတ်များကိုလည်း ထမနဲနှင့် မြန်မာအစားအစာအစုံအလင်ကို တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts