ကဗျာ

အသက်ရှုရှိုက်လို့ ကောင်းတဲ့လူ့ဘဝ

မောင်စိုးချိန်
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄

 

 

မဟုတ်မှန်း သိလည်း
သည်းခံဆဲ သည်းခံမြဲ
ဖိနှိပ်မှုများ
မတရားမှန်းသိ၊
သိသိနဲ့ သည်းခံ
သည်းခံလွန်းတော့
တိရိစ္ဆာန်ကျေးကျွန်ဘဝ
လူစင်စစ်က ရသွားကြ။

 

အနိုင်ကျင့်ဖန်များ
သည်းခံရတဲ့ အလေ့အထ ရသွား
ရောင့်ရဲခြင်း လက်ကိုင်ထားရ
အဲဒီကစ
ကျိုးနွံတဲ့ ခိုင်းနွားဘဝကို ရရှိသွားကြ
လူစင်စစ် လူ့ဘဝ အဖျက်အစီးခံရ
ယုန်တွေ သိုးတွေ သားကောင်တွေဘဝ
မြေကျွန် စစ်ကျွန်ဘဝ
လူဟာ ရှင်လျှက်နဲ့ သေနေရ
တန်ဘိုးမဲ့ဘဝ။

 

လူယဉ်ကျေးဆိုတာ
ပေဖြစ်တုန်းခံထား ၊စုထား
တိရိစ္ဆာန်ဘဝ ခဏကျရောက်သွား
ခံထားရသူခြင်း
ပေပေခြင်း စုစည်းထားကြ
ခိုင်ကျည်မြဲမြဲ လက်တွဲထားမှ
လူ့ဘဝ ဖြစ်တည်ခြင်းအစ
စတင်ရရှိကြ
ကိုယ်ကျိုးစွန့်စား ပေးဆပ်ရ
သားသမီးမျိုးနွယ် မြေးမြစ်
အဲဒီအချစ်အတွက် ပေးဆပ်ကြ
ပေဖြစ်ခဲ့တဲ့ သမိုင်းကြွေးဆပ်ကြ
ကိုယ်လိုချင်
ဖြစ်ချင်တဲ့ လွတ်လပ်လူသားဘဝ
ကိုယ့်ဘာသာပဲ စုစည်းတည်ဆောက်
လွတ်မြောက်ရေး တိုက်ပွဲကိုစ
အဲဒီတော့မှ လူယဉ်ကျေးဘဝ
လူယဉ်ကျေး အလှနဲ့ တကွ
လူပီပီ သသဖြစ်လာရ။
 မောင်စိုးချိန်
ဧပြီ ၊၂၀၁၀

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts