ဓာတ်ပုံသတင်း

ဆန်ဖရန် စီးတီးကောလိပ် မြန်မာကျောင်းသားများ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျင်းပ

ဆန်ဖရန် စီးတီးကောလိပ် မြန်မာကျောင်းသားများ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျင်းပ

မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄

၂၀၁၄ခု ဖေဖော်ဝါရီလ ၁၃ရက် နေ့က အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဘေးဧရိယာ၊ ဆန်ဖရန်ဆစ္စကိုမြို့ စီးတီးကောလိပ် မြန်မာကျောင်းသားများက ၉၉နှစ်မြောက်  ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်နဲ့ သူတို့ရဲ့  အောင်ဆန်းစာကြည့်တိုက် နှစ်နှစ်ပြည့်အခမ်းအနားကို ကျောင်းမှာ ကျင်းပခဲ့ပါတယ်။


ဒေသခံ မြန်မာပြည်ဖွား ပြည်သူများနှင့် ကျောင်းသူကျောင်းသားများ အယောက် ၂၀မျှ တက်ရောက်ကြပြီးတော့ စာအုပ်လှုဒါန်းပွဲ၊ နံရံကဒ်စာစောင်ပြပွဲနှင့် စာတမ်းကပ်ပညာပေးပွဲပြုလုပ်ခဲ့ကြပါတယ်။ ကျောင်းတွင်းစာကြည့်တိုက်ငယ်များကိုပါ ပံ့ပိုးကူညီခဲ့ကြပါတယ်။

(ဓာတ်ပုံများ – အခမ်းအနားတွင် မြင်တွေ့ရသည့် ကျောင်းသူကျောင်းသားများနှင့် ဒေသခံပြည်သူများ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts