ကဗျာ

သူတို့ ပြောခဲ့ကြပါသည် (Zay Hmine)

သူတို့ ပြောခဲ့ကြပါသည်

ဇေမှိုင်း ။ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

 

ငိုရတာလည်း

အတော်ခက်ပါတယ်

ဟို မင်းကြီးက

တဘ၀လုံး လှူသတဲ့၊

သမီးရော သားပါ….။

ကိစ္စမရှိပါဘူးကွယ်

တခါတရံ မှားတာပါတဲ့

ထပ်ပြောသေးတယ်

အချိန်ယူဦးမှာတဲ့

ကိုင်းဗျာ …

သမီးကလေးမျက်နှာကို

ကျနော်တို့  မမြင်ရက်တော့ပါဘူး

ကိစ္စတွေက

ဝိစိကိစ္စတွေများနေတော့

အဲဒီမှာ

ပလိဗေါဒတွေ များကုန်ကြပြီကိုး

အင်ကြင်းပင် အတုတွေနဲ့ …..။

ခဏ ခဏ

အော်ပြောနေရတာ

မောလှပါပြီဗျာ

သတ္တ၀ါစိမ်းစိမ်းတွေရဲ့ 

လူအချင်းချင်း

သတ်ချင်းကိစ္စအပေါ်မှာ

တွေးကြပါဦးကွယ်ရို့ 

အဆုံးအမတွေကို

ပြန်လိုက်နာကြပါဦးကွယ်ရို့ 

သူ ဆိုတဲ့ ဘုရား

ပြောပြခဲ့တာ

 

ခွင့်လွတ်ပါ တဲ့…။

(Photo credit – http://artid.com/members/arnuda/art/37974-empty-promises/ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts