သတင်းပဒေသာ ကျော်ဟုန်း

ကနေဒါ ဗုဒ္ဓရံသီကျောင်းမှ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲပွဲ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကျော်ဟုန်း 
ဖေဖော်ဝါရီ၊ ၁၆၊ ၂၀၁၄

 

 

မြန်မာများဟာ တပိုတွဲလရောက်ချိန်မှာ ကောက်သစ်ပေါ်ချိန်လဲဖြစ်လို့  ဦးဦးဖြားဖြား ကောက်ညင်းကို စုပေါင်းပြီး ထမနဲထိုးကာ ဒါနပြု လေ့ရှိတာ ရိုးရာဓလေ့ဖြစ်ပါတယ်။ ဒီဓလေ့ဟာ တဦးနဲ့ တဦး ချစ်ခင်ရင်းနှီးမှု၊ စုပေါင်းလုပ်ဆောင်တတ်မှုကို အခြေခံတာမို့  အလွန်ချစ်စရာ ကောင်းတဲ့ ဓလေ့ပဲဖြစ်ပါတယ်။

 

(ဖေဖော်ဝါရီ ၁၅-၁၆၊ ၂၀၁၄) နေ့ များမှာ Richmond, Grater Vancouver BC, 6700, No 4th Road ,Canada မှာ တည်ရှိတဲ့ ဗုဒ္ဓရံ သီဘုန်းကြီးကျောင်းဝန်းမှာ ကနေဒါ၊ ဗန်ကူးဗား ဘီစီ ၀န်းကျင်မှာနေထိုင်ကြတဲ့ မြန်မာမိသားစုများက မြန်မာ့ရိုးရာထမနဲပွဲကို စုပေါင်းဆင်နွှဲ ဒါနပြုခဲ့ကြောင်း သိရပါတယ်။

 

 

ဖေဖော်ဝါရီ ၁၅ ရက်မှာ ထမနဲကိုစုပေါင်းထိုးကြပြီး (၁၆) ရက်နေ့မှာတော့ ကြွရောက်လာသူ ပိရိသတ်များကို ထမနဲများ ကိုယ်စီ ဝေငှ လှူဒါန်းကြပါတယ်။ ဒါ့အပြင် မြန်မာဗုဒ္ဓဘာသာအသင်း (ကနေဒါ) မှလဲ ပိရိသတ်များကို မုံ့ ဟင်းခါးနဲ့ ဧည်ခံကျွေးမွေးကြပါတယ်။

 

ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ အရှင်ဂေါသကမှ ပိရိသတ်များကို (၅)ပါးသီလခံယူ ဆောက်တည်စေခြင်း၊ သြ၀ါဒ  ပါတိမောက္ခအခါတော်နေ့ နဲ့ ပတ်သက်တဲ့ သုတဓမ္မတရားတော်ကို ဟောပြောပါတယ်။ တရားနာအပြီး ကောင်းမှုအတွက် ရေစက်ချ အမျှဝေကာ ရိုးရာထမနဲပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။

 

 

အဝေးရောက်မြန်မာများဟာ မိခင်မွေးရပ်ဒေသနဲ့ ဝေးကွာနေကြပေမယ့်    ဘုရားမမေ့၊ တရားမမေ့၊ ရိုးရာစဉ်လာမမေ့ကြတာဒီလို ထမနဲပွဲ တော်မှာ မြင်တွေ့ ရတာကဖြင့် မင်္ဂလာပါ။ ဒါ့အပြင် ဘာပဲလုပ်လုပ် ညီညီညွတ်ညွတ် စုပေါင်းလုပ်ကိုင် ဆောင်ရွက်ကြတဲ့ ကနေဒါ ဗန်ကူးဗား က မြန်မာများကိုတွေ့ ရတာလဲ ၀မ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ပါတော့တယ်။  ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ကနေဒါ ဗုဒ္ဓရံသီကျောင်းမှ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲပွဲ
  1. ကိုကျော်ဟုန်း ရေ စာရေးမှားတာလို့ ခေါ်မလား သတ်ပုံမှားတာခေါ်မလားမသိဘူးဗျာ- အမှန် ဖြစ်တာက ဒီလိုပါ- ဦးဃောသက လို့  ရေးမှ အမှန်ပါခင်ဗျ- နောက်တခု ပရိဿတ် လို့  ရေးရပါမယ်။ တချို့ ကတော့ သ အကြီး( ဿ) နဲ့  မရေးတော့ဘဲ ပရိသတ် လို့  လွယ်လွယ်ကူကူရေးနေကြတယ်- ဒါပါဘဲ – ထမနဲ မြင်တော့ လွမ်းရပါပြီကော မွေးဌာနီ–

Comments are closed.