၂၀၁၄ ခုနှစ် ၊ဖေဖော်ဝါရီလ (၃) ၇က်နေ့တွင်ကျရောက်သော၊ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၉၉) နှစ်မြောက် မွေးနေ့အား၊ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အမှတ် (၁၈) ရပ်ကွက် ၊သမာဓိလမ်းသွယ်ရှိ စေတနာပရဟိတကျောင်းတိုက်တွင်၊ ကျောင်းသားကျောင်းသူ (၃၀) ကျော်ခန့်ဖြင့် ဖေဖော်ဝါရီလ (၁၃) ၇က်နေ့ ၊ ညနေ ( ၅း၀၀) ခန့်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားအစီအစဉ်တွင် အခမ်းအနားမှူးအဖြစ် “စေတနာ“ ကျောင်းတိုက်မှ့ ဆရာမ ဒေါ်နေခြည်မှ ဆောင်ရွက်ပြီး ၊ ဦးကုသလမှ ကျောင်းသားများအား ၊ ကိုယ့်အမျိုးဘာသာ သာသနာအတွက် မိမိတိုတတ်နိင်သည့်ဖက်မှ တာဝန်ထမ်းဆောင်ကြရန်နှင့် လူသားအချင်းချင်း ကူညီရိုင်းပင်းမှုရှိသည့် ပရဟိတစိတ်ဓါတ်များမွေးမြူကြရန်၊ ကိုယ့်နိင်ငံ ကိုယ့်လူမျိုးအပေါ်သစ္စာရှိကြရန် စသဖြင့် အမှာစကားပြောကြား ခဲ့ပြီး၊ ကျောင်းသား/သူများနှင့် ဧည့်ပရိတ်သတ်တို့အား အချိုရည် စားဖွယ်သောက်ဖွယ်များဖြင့် ဧည့်ခံကျွေမွေးကြကာ၊ ဗိုလ်ချုပ်အောင် ဆန်းကဗျာနှင့် အာရုဏ်ဦးကကြယ်နီ ကဗျာတို့အား အခြေခံပညာမူလတန်းအဆင့်မှ ကျောင်းသားကလေးများမှ့ သံပြိုင်ရွတ်ဆိုခြင်းနှင့် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူ များမှ့ အာရှသူရဲကောင်းသီချင်းတို့အား ညီညာစွာဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပါသည်။
ယင်းနောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အစီအစဉ်တွင် ပါဝင်ခဲ့ကြသော ကျောင်းသား/သူများအား၊ ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်၊ ခဲတံများကို ဆုချီးမြှင့်ပေးအပ်ခဲ့ကြကာ ညနေ (၆း၀၀) ကျော်ခန့်တွင် အခမ်းအနားအစီအစဉ်ပြီးဆုံးခဲ့ပါသည်။