ဓာတ်ပုံသတင်း

နယူးယောက်မြို့တော်တွင် ဗိုလ်ချုပ်အောင်ဆန်း ၉၉ နှစ်ပြည့်နှင့် အကြိုရာပြည့် အခမ်းအနားကျင်းပ

 

 
နယူးယောက်မြို့တော်တွင် ဗိုလ်ချုပ်အောင်ဆန်း ၉၉ နှစ်ပြည့်နှင့် အကြိုရာပြည့် အခမ်းအနားကျင်းပ 
ဂရပ်ဖစ်ကိုမျိုး၊ ဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
ဗိုလ်ချုပ်အောင်ဆန်း ၉၉ – နှစ် ၁၀၀ အကြိုရာပြည့် အခမ်းအနား ကို ဖေဖေါ်ဝါရီလ (၈) ရက်၊ စနေနေ့ ၂၀၁၄ ခုနှစ်၊ P.S. 12 James B Colgate,  42-00 72nd Street, Woodside, N.Y. 11377. တွင်
နံနက် ၁၀း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိအောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါသည်။ လာမည့်နှစ် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ နှစ်(၁၀၀) ရာပြည့်မွေးနေ့မင်္ဂလာတွင် ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပနိုင်စေရန် ယခု ၉၉နှစ်ပြည့်မွေးနေ့ မှ စတင်၍ ပိုမိုစုစည်းကျစ်လစ်မှုရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

 

 

 

၁။ ပထမဦးစွာ နံနက် ၁၁း၀၀ နာရီ တွင် သံဃာတော် (၆) ပါးကို နယူးယောက် နှင့် မေရီလန်းပြည်နယ် မြန်မာမိသားစုများ မှ စုပေါင်းဆွမ်းကပ်လှူဒါန်း ရေစက်ချတရားနာခဲ့ကြပါသည်။
၂။ ထို့ နောက် စုစုပေါင်း ပရိတ်သတ် ၁၅၀-၂၀၀ ခန့် ကြွရောက်အားပေးလာသူမိဘပြည်သူများကို နယူးယောက်မြို့ နေ မြန်မာပြည်သူ၊ ပြည်သားများ မှ လှူဒါန်းဧည့်ခံသော စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။
၃။ မေရီလန်း နှင့် နယူးယောက် မှ မြန်မာပြည်ဖွား ပန်းချီပညာရှင် ပန်းချီ သန်းဋ္ဌေးမောင်၊ မေရီလန်းမှ ပန်းချီမျိုးဆက်သစ်ကလေး လင်းပွင့်နဒီ၊ပန်းချီ ချောအိသိမ်း၊ ပန်းချီ အောင်ဇော်ထွန်း တို့ မှ ရေးဆွဲသော ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီကားများကိုလည်း ပြသထားပါသည်။
၎။ နေ့ လည် တစ်နာရီခွဲ မှ ညနေ ၅နာရီ ၁၅မိနစ် ထိ ဖျော်ဖြေမှုအခန်းကဏ္ဍများဖြင့် အောင်အောင်မြင်မြင် တင်ဆက်ကျင်းပနိုင်ခဲ့ကြပါသည်။
 

 

 အခမ်းအနားကို မေရီလန်းပြည်နယ် နှင့် နယူးယောက်ပြည်နယ် မှ မြန်မာမိသားစုများမှ ကမ္ဘာမကြေနိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ကြပါသည်။
 ထို့ နောက် ကဗျာဆရာမောင်စွမ်းရည် မှ အမှာစကားပြောကြားခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏အကို အာဇာနည်ခေါင်းဆောင် ဦးဘ၀င်း၏သား ဒေါက်တာစိန်ဝင်း မှ စကားပြောကြားပေးခြင်း၊
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NLD နာယက ဦးတင်ဦး မှ ပေးပို့ သော သ၀ဏ်လွှာဖတ်ကြားခြင်း၊  ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ပေးပို့ သော သ၀ဏ်လွှာဖတ်ကြားခြင်း၊
 အာဇာနည်ခေါင်းဆောင် ဦးရာဇတ်၏မြေး ဒေါက်တာမြတ်ထူးရာဇတ် မှ ပေးပို့ သော “ဗိုလ်ချုပ်အောင်ဆန်းသာရှိခဲ့ရင်” ဆောင်ပါးသ၀ဏ်လွှာဖတ်ကြားခြင်း တို့ ကို နယူးယောက်ပြည်နယ်မှ မြန်မာမိသားစုများ၊ မေရီလန်းပြည်နယ် သပြေညို မြန်မာစာသင်ကျောင်း မှ ဆရာ၊ ဆရာမ များနှင့် မေရီလန်း မှ ကိုယဉ်ထွေး၊ တို့ ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့် တွဲဖက်၍အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါသည်။
 Atlanta (Georgia) တွင် နေထိုင်နေသော အဆိုတော် ပန်းအိစံ (ခ) မယုဇနခင် မှ နယူးယောက်မြို့ တွင် နေထိုင်သောစန္ဒယား(ကို)အောင်ဝင်း နှင့် တွဲဖက်၍လည်း ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ဂုဏ်ပြုတေးသီချင်းများ နှင့်လည်းဖြည့်စွက်ဂုဏ်ပြုတင်ဆက်နိုင်ခဲ့ကြပါသည်။

 

 

 

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts