ကဗျာ

နပန်းပွဲထဲက ကဗျာဆရာ

မောင်စိုးချိန်
ဖေဖော်ဝါရီ ၆၊ ၂၀၁၄

 

 

ကဗျာတွေဟာ
နပန်းပွဲထဲက စီးဆင်းလာခဲ့တယ်။

 

ကဗျာဆရာဟာ
သူ့ပဋိပက္ခနဲ့သူ နပန်းလုံးနေရ
စကားလုံးတွေနဲ့ နပန်းလုံးရ
စိတ်ကူးရုပ်ပုံလွှာတွေနဲ့ နပန်းလုံးရ
ကလိန်ကကျစ် လူယုတ်မာတွေနဲ့
နပန်းလုံးရ
အနာဂါတ်နဲ့ နပန်းလုံးရ။

 

ကဗျာဆရာဆိုတာ
လူ့အဖွဲ့အစည်းထဲကူ့ပဋိပက္ခအတွင်းမှာ
စီးချင်းထိုး နပန်းလုံးနေရသူ
အသစ္စာနဲ့ သစ္စာတိုက်ပွဲမှာ
သစ္စာဘက်သားအဖြစ် ရပ်တည်သူ
ဖိနှိပ်ဖောက်ပြန်သူ လူတန်းစားကို ချေပ
အဖိနှိပ်ခံ ဘဝတွေကို ကူထောက်
ဘဝသစ် ထူဆောက်ပေးသူ။
ဆွေးမြေ့  အဟောင်းအမြင်း
အမှောင်ထုကြီးထဲ
စူးရဲ ထိုးခွဲ အလင်းပေးသူ
ဗီတာမင် အားဆေး အလင်း တိုက်ကျွေးသူ။

 

အလှတရားကို တက်မက်လွန်းစွာ ချစ်ရင်း
လွတ်လပ်မှုကို ရိုးကျိုး မြတ်နိုးရင်း
ငြိမ်းချမ်းရေးကို စွဲမြဲတွယ်တာရင်း
သင်းတို့ သုံးခုနဲ့ လက်ထပ်ထားသူ
အိမ်က မိန်းမ ဇနီးသည်……သို့မဟုတ်
ချစ်သူ ရည်းစား ဆိုတဲ့ တစ်ယောက်
ဒုတိယမြောက် လက်ထပ်ထားသူ။

 

မောင်စိုးချိန်
အောက်တိုဘာ ၁၅၊ ၂၀၁၁

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts