စာအုပ်စင် အောင်ဒင် အောင်ဒင်

ဧရာဝတီ၊ ငြိမ်းချမ်းရေးနှင့် အမှတ်တရများ (အောင်ဒင်)

 ဧရာဝတီ၊ ငြိမ်းချမ်းရေးနှင့် အမှတ်တရများ (အောင်ဒင်)

မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၄

တရုတ်ပြည်ကြီးကို လျှပ်စစ်ဓာတ်အားတွေ ပေးနိုင်ဖို့ မြန်မာနိုင်ငံရဲ့ မိခင် ဧရာဝတီမြစ်ကြီးကို အစကနေ ပိတ်ဆို့ပြီး မြစ်ဆုံဆည်ကြီး တည်ဆောက်မည့်စီမံကိန်းကို ကန့်ကွက်ရေးသားခဲ့တဲ့ ဆောင်းပါး ရှစ်ပုဒ်၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ် ဝေဘန်ရေးသားခဲ့တဲ့ ဆောင်းပါး ကိုးပုဒ်၊ ချစ်ခင်မြတ်နိုးရသူများအကြောင်း လွမ်းဆွတ်တဲ့ ဆောင်းပါး သုံးပုဒ် တို့ကို စုပေါင်းပြီး ဆရာ ပြည်သွေးနိုင် (ရနံ့သစ်) ရဲ့ ခေတ်ပြတိုက်စာပေ { အမှတ် ၁၃၈/၁၄၀၊ ပထမထပ် (ဝဲ)၊ ၄၉ လမ်း (အထက်)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်၊ ဖုန်း (၀၉) ၇၃၀ ၃၇၇၂၇၊ (၀၉) ၅၀၇ ၉၆၇၈ } က ထုတ်ဝေမှာ ဖြစ်ပါတယ်၊

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာ စတင်ဖြန့်ချီပါလိမ့်မယ်၊ မျက်နှာဖုံး ပန်းချီဒီဇိုင်းက ပန်းချီ လင်းဝဏ္ဏပါ၊ ဒီဆောင်းပါးတွေကို မိုးမခ၊ ကုမုဒြာသတင်းဂျာနယ်၊ ရနံ့သစ်မဂ္ဂဇင်း၊ ဧရာဝတီနဲ့ Weekly Eleven Journal များမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်၊ တန်ဖိုး ကျပ် ၂၀၀၀ ပါ၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဧရာဝတီ၊ ငြိမ်းချမ်းရေးနှင့် အမှတ်တရများ (အောင်ဒင်)
  1. စာအုပ်ကို ကြိုဆိုပါတယ်။
    မြန်မာနိုင်ငံကြီးကို လျှပ်စစ်ဓါတ်အားပေးဖို့ ဆည်တာတမံကြီးတွေဆောက်တာ ရေရှည်စီမံကိန်းပါ။ စီစစ်လုပ်ဆောင်တာ လျှပ်စစ်ရောင်းစားဖို့ဆိုရင် အပြင်းထန်ကန့်ကွက်ရမှာပါ။ တာပိန်ဓါတ်အားစက်ရုံလို ရောင်းစားနေဆဲတွေက ၂၅% လောက် မြန်မာပြည်အတွက်၊ ဓါတ်ငွေလိုင်းတွေက ၂၅% လောက် ပြည်တွင်းလျှပ်စစ်အတွက် ဖောက်ယူ ပြန်ရဖို့ ပြည်သူလူထုက ကြိုးစားရမှာပါ။

    ရေရှည်အတွက် နိုင်ငံခြားကုမ္ပဏီတွေကို ၁၀၀% ပေးပြီး (ဥပမာ သီလဝါလျှပ်စစ်ဓါတ်အား Korea/Japan လို စမ်းသပ်နေတာ ကောင်းပါတယ်။ ရေတိုအတွက်တော့ ပုဂ္ဂလိက ဒေသခံကုမ္ပဏီလေးတွေကို UN, WorldBank, ADB, UNIDO, JICA Japan တို့လို အဖွဲ့အစည်း အကူညီနဲ့ပဲ စီမံကိန်းတွေကို ချမှတ်အကောင်ထည်ဖေါ်ရမှာပါ။

    Myanmar Report ကို 2013 Yangon မှာထုတ်ပြန်ခဲ့ပါတယ်။ မြန်မာ့ စွမ်းအင် ကဏ္ဍ အတွက် အကြံပြုချက် ၁၇ ခုကို ရှိပြီး စွမ်းအင် ဝန်ကြီးဌာန နှင့် အာရှ ဖွံဖြိုးရေး ဘဏ် ၊ Acceရntor’s Energy (UK) ၃ခုပေါင်း နည်းလမ်းများဖြစ်ပါတယ်။ ဆက်လက်ပြီး မြန်မာတတ်ကြွမ်းသူ ပညာရှင်၊ လုပ်ငန်းရှင်များကို ဖိတ်ခေါ် အကောင်ထည်ဖေါ်ဖို့ ရှိပါတယ်။

    အစိုးရဆိုတာ ကုမ္ပဏီ အကြီး၊ အလတ် တွေကို အခွန်ကောက်ဖို့ပဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ရင် Corruption ဖြစ်တာပါပဲ။ ဒါပေမဲ့ အခုချိန်မှာ နိုင်ငံအတွက် အရေးကြီးတဲ့ ဆက်သွယ်ရေး Communication နဲ့ လျှပ်စစ် Electricity တွေကိုတော့ အစိုးရက မလုပ်သင့်တော့ပါ။ ဆက်သွယ်ရေး လိုပဲ၊ ပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ရပါမယ်။

    ဧရာဝတီ၊ သံလွင်တွေမှာ ဆည်ဆောက်၊ အိမ်နီးချင်းနိုင်ငံကို ဓါတ်အားရောင်းတာတော့ အပြင်းထန်ကန့်ကွက်ပါတယ်။

Comments are closed.