သူတို့အာဘော် ငြိမ်းချမ်းအေး

နန်းကျ ကိစ္စ ပြန်လည် ရှင်းလင်းချက်

ငြိမ်းချမ်းအေး
ဇန္နဝါရီ ၃၀၊ ၂၀၁၄

 

သရုပ်ဖော်ပုံမအား ဤနေရာမှ ယူပါသည်။

ကိုညီထွဋ် နန်းကျ ကိစ္စ စာဖတ်ဖြစ်သူ အများ မကျေနပ်ကြဘူး။  တချို့လည်း တုံ့ပြန် ပြန်ရေးကြတယ်။

 

နန်းကျ သလား၊ နန်းတက်သလား၊ နက်ဆက်လျက် လား ကျနော့် အနေနဲ့ တကယ်တော့ အငြင်းပွား စရာ မရှိပါ။

 

ဘာကြောင့် နန်းကျ သုံးသလဲ ဆိုတာ ဆောင်းပါး မှာ အထောက်အကူ ဖြစ်စေတဲ့ အချက် (Supporting Facts) ဖော်ပြမထားကြောင်းလည်း အများ ထောက်ကြတယ်။

 

ထည့်မထားရခြင်းက Understood ကိစ္စ မလို့ပါ..။

 

ဂီတ လောက ၁၉၉၅ နောက်ပိုင်း ၁၉၉၆ က နေ ၂၀၀၆ အထိ ဈေးကွက်မှာ ဘယ်သူချုပ်ထားသလဲဆိုတာ ရှင်းနေတဲ့ ကိစ္စပါ။  အချက်အလက်၊ ကိန်းဂဏန်းတွေသာ သေချာမှတ်တမ်းတင်တတ်တဲ့ တိုင်းပြည်မျိုးဆိုရင် ဒီကိစ္စက စကားထဲ ထည့်ပြောနေစရာကိုမလို ချက်ချင်း ရှင်းရှင်း လင်းလင်း ဇယားချ သိနိုင်မှာပါ။

 

Cult Following ကို ထည့်တွက်လို့ မရပါ..။ အများဈေးကွက်သဘောကိုသာ ဆိုလိုခြင်းပါ။  အနုပညာအား (ဂီတပညာအား) ကိုလည်း မဆိုလိုပါ။  မဆိုလိုကြောင်းလည်း ဆောင်းပါးမှာ အသေအချာ ထည့်ရေးထားခဲ့တယ်။

 

နောက် နန်းကျ သုံးရခြင်းက ကျနော်က ဂုဏ်ပြုသုံးခြင်းသာ ဖြစ်တယ်။  ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မပါ၊ မလိုမုန်းတီး တဖက်သတ် စွပ်စွဲ အပုတ်ချလိုမှု လုံးဝမပါ။

 

ဒီအသုံးကြောင့် နာသူတွေထက် မပိုတောင် မလျော့တဲ့နှုန်းနဲ့ ကျနော်လည်း ကိုညီထွဋ်ကို ချစ်ခဲ့၊ အားပေးခဲ့တယ်။

 

နန်းကျ သုံးခြင်းက ဂုဏ်ပြုခြင်းဆိုတာကို နားလည်ဖို့က.. ကျရခြင်းက တက်ခဲ့လို့ ဆိုတာကို နားလည်မှ ရမှာပါ..။

 

နယူတန် ရဲ့ “What goes up must come down.” ဟာ သဘာဝ သဘော တရား ကြီးပါ..။

 

နောက် မဟာ ကြောင့် ဒီကောင်ဆိုတာပဲသဘောမျိုး ပြန်လည်ဆိုချင်ကြတယ်..။ ကျနော့် ဆောင်းပါးပါ သဘောက ယေဘုယျ ခြုံ ပြောခြင်းပါ။  အနီးကပ် လေ့လာ ဖြတ်သန်းခဲ့ဖူးသူများ မဟာ တခုတည်းကြောင့် မဟုတ်ကြောင်း သိနိုင်မှာပါ။

 

ဆရာမ မေငြိမ်း ပြန်ရေးတဲ့ အထဲမှာလည်း မဟာ အကြောင်းတွေ ရေးထားတယ်..။ နောက် သူ ပြောတဲ့ အထဲက တခြား အနုပညာသမားနဲ့ ကျနော်က နှိုင်းဆိုထားတယ်လို့ ဆိုတယ်..။  ဘိုထီးနဲ့ အသုံးချခံပုံချင်းတူတာကို ရေးထားတာကို ဆိုသလား၊ ကျနော့် ဆောင်းပါး ဆိုလိုချင်တဲ့ လေးဖြူ က နန်းသိမ်းတာ ပဲ ဆိုလိုချင်သလား။  ဘာပဲဖြစ်ဖြစ် နှစ်ခုစလုံး မှာ အနုပညာချင်း၊ ဂီတ ချင်း နှိုင်းယှဉ် တာ တခု မှ မပြုလုပ်ခဲ့ပါ.။  အဲ့သလို လုပ်ရလောက် အောင်လည်း ကျနော် မပေါ ပါ..။

 

မဟာ ကိစ္စ ဆိုရင်လည်း တကယ် က ကျနော် မဟာ ကိစ္စ မပြောရသေးပါ။ အဲ့ဒီ ဆောင်းပါး မှာ မဟုတ် အခြား ဆောင်းပါး တချို့မှာ မဟာ ကိစ္စ တချက် နှစ်ချက် ထောက်ပြပြောဖူးတယ်၊ အကျယ်တော့ မပြောရသေးပါ။

 

တကယ် က မဟာ ပြဿနာ နဲ့ အကျိုးသက်ရောက်မှု၊ ထိရောက်မှု Impact ကို ကိုညီထွဋ် မသေခင် (ကျနော်လည်း မသေခင်) ရေးမှာပါ။

 

မြသန်းစံ က အရေးမကြီးပါ..။  သူ သေပြီးမှ ရေးရေး၊ မသေခင် ရေးရေး သူ့ ကို တိုင်တည် ရေးမှာ မဟုတ်တဲ့ အတွက် အရေးမကြီးပါ။  မြသန်းစံ မဟာ က အရေးမကြီးပါ..။ ကိုညီထွဋ် မဟာ က အရေးကြီးတယ်..၊ မြသန်းစံ က လူတချို့ကိုပဲ မှိုင်းတိုက်နိုင်တာ..၊ ကိုညီထွဋ် မဟာ က လူအများကို ထိရောက် မှိုင်းဖြစ်စေခဲ့တယ်..။  ဒါကို ပဲ ရေးမှာပါ..။

 

နောက်တခု က မေငြိမ်း ဆောင်းပါး မှာ ပြန်ထောက်ပြထားတဲ့ ကိစ္စထဲမှာ ပါတဲ့ ခင်မောင်တိုး အမျိုးသားညီလာခံ လုပ်ခြင်းတို့၊ ဘိုထီး ကိစ္စတို့ က မလွှဲသာလို့ ဆိုတာ အားလုံး ရှင်းရှင်းလင်းလင်း နားလည်နိုင်တယ်။  အဲ့ဒီ ခေတ်ကတည်းက လည်း လူတွေ နားလည်ခဲ့တယ်၊ သိခဲ့တယ်။

 

ကိုညီထွဋ် ကိစ္စ က အဲ့သလို မဟုတ်ပါ..။  သူကိုယ်တိုင်လည်း အဲ့သလို သဘော တခါမှ မဆိုဖူးပါ။  သူ မှန်တယ်ထင်လို့၊ ယုံကြည်လို့ လုပ်ခြင်းသာ ဖြစ်တယ်ဆိုတဲ့ သဘောကို မျက်မှောက် ခေတ် အထိ ဆုပ်ကိုင်ထားတယ်။   ဒီအချက်ကို ကျနော် ကြိုက်တယ်၊ လေးစားတယ်..။  သူယုံကြည်တယ်ဆိုခြင်းကို ကျနော် မယုံကြည်ခြင်း၊ သူမှန်တယ် ထင်တဲ့ အရာကို ကျနော် မှားတယ် ထင်ခြင်း က တကဏ္ဍ..။

 

တကယ် က ဒါမျိုးကိစ္စက အခုလို အတို အမြန် ရေးဖို့ သိပ် မကောင်းလှပါ..။ ကျကျနန အချိန်ယူ ရေးရမှာပါ..။

 

အခု အကြမ်းဖျင်း သဘော ဆိုလိုချင်တာက နန်းကျ ဆောင်းပါး က မဟာ မယောဂ ကြောင့် မကြည်လင် မနှစ်မြို့ လို့ ရေးခြင်း မဟုတ်၊ အဲ့ဒါကြောင့် နန်းကျလို့ သုံးခြင်း မဟုတ်ဘူး..။  တကယ် နန်းကျ လို့ နန်းကျ သုံးခဲ့ခြင်းမျိုးသာ ဖြစ်တယ်။

 

ဂီတ မိတ်ဆွေ (ကိုယ်တိုင်လည်း ဂီတသမား) တယောက်က ဆို.. နန်းကျလို့ မဟာ လုပ်ရတာပါ၊ မဟာ လုပ်လို့ နန်းကျတယ်လို့ ကျနော်တော့ မယူဆဘူး လို့တောင် ကျနော် နဲ့ ပြောင်းပြန် ပိုသာဆိုး တဲ့ ကောက်ချက်ဆွဲ ကျနော့် ဆောင်းပါး အပြီးမှာ ကျနော့်ကို ဆိုခဲ့တယ်။

 

ထားပါ..။  လူဆိုတာ အမြင်အမျိုးမျိုး၊ ကောက်ချက် အမျိုးမျိုး ရှိမှာပါ..။

 

Everyone is entitled to his own opinion ပါ ပဲ..။  But… not to his own facts ပါ..။

 

နန်းကျ ကိစ္စ က အမြင် မဟုတ်ပါ..။ တကယ် က အချက် ပါ..။

 

အဲ့ဒီ အချက်ကို ကျနော် က Data အနေနဲ့ ဆွဲထုတ်မပြနိုင်လို့ အခု လူအများက ပြန်လည်ထောက်နိုင်နေတာပါ။

 

တကယ် က ကျနော် အထက်မှာ ဆိုခဲ့သလို တိုင်းပြည်က သာ စာရင်းဇယား တန်ဖိုးထားတဲ့ တိုင်းပြည်မျိုးဆို ဒီအချက် က ရှင်းရှင်းလင်းလင်း ထွက်လာမှာပါ..။

 

အဲ့ဒီ ခေတ် ဖြတ်သန်းခဲ့ဖူးသူ၊ သီချင်းလည်း ဝါသနာပါသူ ဆိုရင်လည်း ဒီအချက်က Understood အနေနဲ့ သိတဲ့၊ လက်ခံရမယ့် သဘောလည်း ဖြစ်တယ်..။  ကဲ.. ထားတော့..။  နောက်ဆုံး ပံ့ပိုးမှု အချက် ရှာမရ၊ အားနည်းမှုကြောင့် လို့ ဆိုရင် ဒီနန်းကျ စကားလုံး ကို ကျနော့် ရဲ့ ပုဂ္ဂလိက ကောက်ချက် အနေနဲ့ အထိ တောင် ကျနော် ချ ပေးနိုင်တယ်။  ထားတော့.. ဒီနန်းကျ..။

 

မဟာ ကိစ္စ အတွက် နောင်မှာ ရေးမယ်.. ဆိုတာ က မဟာကို မနှစ်မြို့မှု အန်ချင်မှု က ဒီ နန်းကျ ကိစ္စထက် ကြီးတယ်.။

 

မဟာ ကိစ္စ ရေးတဲ့ အခါမှာလည်း သီချင်းက စစ်သား က စပ်လို့..၊ မြဝတီ က လွှင့်လို့ မဟုတ်ဘူး..။ အဲ့ထက် အရေးပါတယ်..။ နန်းကျ ဆောင်းပါး မှာ ဆိုထားခြင်းက အများ ယေဘုယျ အမြင် ကို ဆိုထားတာ..။  ကျနော့် ရဲ့ ပုဂ္ဂလ မနှစ်မြို့မှုက အဲ့ထက်ပိုတယ်..။

 

စစ်သား စပ်တဲ့ ကဗျာ၊ ဂီတ အနုပညာ ပစ္စည်း ရသ ကို စားသုံးခြင်း နဲ့ တန်ဖိုးက နတ်သျှင်နောင် က နေ မြင့်သွင် အထိ ရှိတယ်..။

 

မဟာက စစ်သားကြောင့်မဟုတ်၊ မြဝတီ ကြောင့် မဟုတ်..။

 

စစ်အာဏာရှင် စနစ် ရဲ့ နိုင်ငံရေးလိုအပ်ချက် ရဲ့ ဇောင်းပေး လူထု ကို မှိုင်းတိုက်စည်းရုံး တဲ့ တမျိုးသားရေး၊ တဘာသာရေး သဘော အနှစ် ကို အနုပညာ ကြားခံထား အသုံးချလို့၊ လူထု အပေါ် သြဇာရှိတဲ့ အထူးသဖြင့် လူငယ်တွေကို သြဇာ ရှိတဲ့ လူ က လုပ်လို့၊ ပိုမိုထိရောက်တဲ့ Soft Power ကိုင်ထားသူက Hard Power ကိုင်ထားသူရဲ့ အလိုအတိုင်း၊ လမ်းကြောင်းပေးမှု အတိုင်း လူထု ကို မှိုင်းတိုက်လို့..။

 

မဟာကို မဟာ ချီးမွမ်းခန်း ဖွင့်လိုသူတွေ မိမိ အတွေးအခေါ် ရေချိန် အတိုင်း ဖွင့်နိုင်တယ်။ ဒါက တကိုယ်ရေ လွတ်လပ်ခွင့် ကိစ္စ..။  ကိုယ့် သမိုင်း ကိုယ် ရေးကြရတာချည်းပါပဲ..။

 

ဒီ မဟာ အကြောင်းကို တိုတို ပြောရရင် ဒီ လို ကိစ္စတွေဟာ မဟာ မြန်မာ လူမျိုးကြီး ဝါဒ စမ်းပေါက် ရာ၊ ဘာသာကြီးအစွဲကပ်ရာ..၊ လက်ရှိ တိုင်းပြည် မီးခိုးနံ့သင်းနေမှုတွေရဲ့ အကြောင်းရင်းခံတွေမှာပါတယ်..။

 

ဒါက ကျနော့် ရဲ့ မဟာ မနှစ်မြို့မှု အဓိက သဘောပါ..။

 

ဒါပေမယ့် ဒီကိစ္စနဲ့ ကျနော့် ရဲ့ နန်းကျ စကားလုံး အသုံး နဲ့ နန်းကျ ဆောင်းပါး လုံးဝ မဆိုင်ပါ…။

 

မဟာ ကိစ္စ က ပြောကို မပြောရသေးကြောင်းပါ..။  (တကယ် ပြောတဲ့ အချိန်ကျ အခုထက် ပိုနာကြမယ် ထင်တယ်..။)

 

ဘာပဲဖြစ်ဖြစ် ဒီ နန်းကျ ဆောင်းပါး က မထင်မှတ်ဘဲ အငြင်းပွားဖွယ် ဖြစ်သွားတာ တကယ် စိတ်မကောင်း ဖြစ်ရပါတယ်..။  ဒါပေမယ့် ဘယ်သူတွေ ဘယ်လို မြင်မြင် ကျနော့် ရဲ့ ကိုညီထွဋ် ဂီတ အပေါ် လေးစားမှု၊ ဆောင်းပါးမှာလည်း ပုဂ္ဂလိက သဘောမပါ၊ ခံစားချက်မပါ အရှိုကို အတိုင် ရေးသားခဲ့မှု၊ ရိုးသားမှုကို ကျနော့် ဘာသာ လိပ်ပြာသန့်တယ်..။  အခုပြန်လည် ရေးရခြင်းက နောက်မှာ တကယ်ပြောဖို့ စိတ်ထဲမှာ စီစဉ်ပြီး ရှိနေတဲ့ မဟာနဲ့ လှမ်းချိတ် ဝေဖန်ကြလို့ အခု ရှင်းပြခြင်းပါ..။

ငြိမ်းချမ်းအေး
ဇန္နဝါရီ ၃၀၊ ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “နန်းကျ ကိစ္စ ပြန်လည် ရှင်းလင်းချက်
  1. နန်းကျ မ နန်းကျ
    မဟာ မ မဟာ တွေထက်
    ဇော်ဝင်းထွဋ် ဘယ်လမ်း သွားခဲ့လဲ
    စိုင်းထီးဆိုင် ဘယ်လမ်း သွားခဲ့လဲ
    ကျော်ဟိန်း ဘယ်လမ်း သွားခဲ့လဲ
    တခြား တခြား သော သူ တွေ ဘယ်လမ်း သွားခဲ့လဲ၊
    သူတို့တွေ သီချင်းသီဆိုတာတွေကိုတော့ ကြိုက်ခဲ့ကြတာ တခြားပါ၊
    ကျနော်တို့ အားလုံး သိကြပါတယ်၊
    နာ ချင် သူ များ နာ နိုင် ပါ တယ်၊
    ကိုငြိမ်းချမ်းအေး ရှင်းတာ ကောင်း ပါ တယ်၊
    မ ရှင်း ဘဲ ထား လည်း ရ ပါ တယ်၊
    သူတို့ဟာ သူတို့ သမိုင်းကို ရေးခဲ့ပြီးပါပြီ၊
    သူတို့ ရေးခဲ့တဲ့ သမိုင်းက သူတို့ လက်ခံ မလက်ခံ
    သမိုင်းက သမိုင်းပါ၊
    ကိုငြိမ်းချမ်းအေး ဆက်ရေးတာ ထောက်ခံပြီး ဖတ်ချင်ပါသေးတယ်၊
    ဆက် ရေး နိုင်ပါစေ ဗျာ၊
    (မရငတ)

    1. ဇော်ဝင်းထွဋ်၊ မြသန်းစံ၊ ဘိုထီး ဘယ်လမ်းသွားတယ်ဆိုတာပြောလို့ရပါတယ်။ နန်းကျအသုံးအနှုံးကတော့ ပုဂ္ဂိုလ်ရေးဘက်လိုက်ရေးသားတယ်လို့မြင်ပါတယ်။ Liberal ဝါဒကိုကျင့်သုံးတဲ့ ဒီမိုကရေစီကိုလက်ခံသူဆိုရင် ဘယ်သူဟာဘုရင်လို့ ဂီတမှာသတ်မှတ်နေစရာအကြောင်းမရှိ။ အရောင်မျိုးစုံရှိတဲ့၊ အနံ့မျိုးစုံရှိတဲ့ဂီတပန်းခင်းမှာ ကိုယ်နှစ်သက်ရာကို ရွေးပြီးခံစားရုံပဲ။ ပြည့်တန်ဆာဥပဒေလွှတ်တော်မှာတင်သလိုမျိုး နာမည်ကြီးချင်ရင်တော့ တမျိုးပေါ့လေ။

  2. everyone is entitled to his/her own opinions and it shouldnt be censored. in the end we all reapt what we grow

Comments are closed.