ချမ်းမြ (မိုးမခအထောက်တော်) သတင်းပဒေသာ

ရွှေတွံတေး ဆရာတော်ထံ ဂျပန်လုပ်ငန်းရှင်များလာရောက်

ချမ်းမြ (မိုးမခအထောက်တော်)
ဇန်န၀ါရီ ၂၇၊ ၂၀၁၄

 

ထိုင်းနိုင်ငံ အခြေစိုက် ဂျပန်လုပ်ငန်းရှင်များ ၁၁.၁.၂၀၁၄နေ့ က မဟာချိုင်သို့ လာရောက်ပြီး ရွှေတွံတေး ဆရာတော်ထံ ဆွေးနွေးလျှောက်ထားခဲ့ကြသည်။

 

ဂျပန်လုပ်ငန်းအမျိုးအစားများ- အလုပ်သမားလိုအပ်ချက်များ- လုပ်ငန်းနည်းစနစ်များ အကြောင်းရှင်းလင်းကာ ရွှေတွံတေး ဆရာတော်၏ အမြင်နှင့် သဘောထားများ မေးမြန်းခဲ့ကြသည်။

 

ရွှေတွံတေး ဆရာတော်က……….ဂျပန်လုပ်ငန်း နည်းစနစ်က ဒေသခံနိုင်ငံသားတွေအကျိုးကိုပါ ထည့်သွင်းဆောင်ရွက်ကြတာ စဉ်းစား ပေးကြတာတွေ့ ရတော့ ဝမ်းသာပါတယ် အချို့ နိုင်ငံက လုပ်ငန်းရှင်တွေက တဘို့ ပဲတွက်ကြတာ- လတ်တလော ထိုင်းနိုင်ငံမှာ စီးပွါးရေးသိပ် မကောင်းကြတော့ဘူး ကိုယ့်နိုင်ငံသား တိုင်းရင်းသားတွေလည်း ဖိအားပေးခံရ- အလုပ်ထွက်ကြရ – အလုပ်ထုတ်ခံကြရနဲ့ အဆင်မပြေကြဘူး – ဒါကြောင့်ဂျပန်လုပ်ငန်းတွေမှာ ခန့် ထားပေဖို့ မေတ္တာရပ်ခံလိုက်တယ် ဘန်ကောက်ကနေ-ရန်ကုန်မှာ ဂျပန်တွေလုပ်ငန်းအခြေစိုက်ကြရင်လည်း ကိုယ့်နိုင်ငံသားတွေ ပိုအဆင်ပြေသွားမယ်-ဂျပန်တွေလည်း အဆင်ပြေမယ်-စသဖြင့်ပြောကြားခဲ့သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts