မိုးမခရုပ်သံ ရသဆောင်းပါးစုံ

ရေမျောသီး

ဂျူး
(အသံထွက် ဝတ္ထု)
မိုးမခ
(ပြန်လည်ဆန်းသစ်ခြင်း)
ဇန္နဝါရီ ၂၃၊ ၂၀၁၄

 

စာရေးဆရာမ ဂျူး (ခေါ်) ဒေါက်တာ တင်တင်ဝင်း (၁၉၅၈-)

“… ကျွန်မ အကြောင်းကို သူတပါးအား ပြန်လည် ပြောပြလိုသူ တယောက်သည် ‘’အရပ် အလွန် နိမ့်သော’’၊ ‘’စကား အလွန် ရှားပါးသော’’၊ ‘’အားမနာ တတ်သော’’ ဟူသည့် နာမဝိသေသနများကို အသုံးပြုလိမ့်မည် ထင်သည်။  ထိုစကားများထက် ပြည့်စုံဖို့ လိုအပ်သေး၏။

 

ဂစ်တာတွင် အောက်ဆုံးက သေးမျှင်သော၊ တင်းမာသော၊ စူးရှသော ‘’တစ်’’ ကြိုးသည် ကျွန်မ ဖြစ်၏။  ဖဲကြိုးတပ် ဆံပင်နှင့် ဘယ်တော့မှ ဦးမညွတ်သော ကော်ပတ်ရုပ်ကလေးသည် ကျွန်မ ဖြစ်၏။…”

(ဂျူး၊ ရေမျောသီး)

 

“…ရေမျောသီး ဆိုတာ Drifted Fruit ပေါ့။  ခိုတွယ်ရာ နေရာမရှိ၊ အချိန် အကန့်အသတ် မရှိ ရေထဲမှာ တလိမ့်လိမ့် မျောပါသွားတဲ့ ဘယ် အသီးခြောက် မဆို ရေမျောသီးပါပဲ။  အဲဒီ ၀တ္ထုကို ရေးစဉ်က ကျွန်မရဲ့ စိတ်တွေ မှီတွယ်ရာမဲ့ လွင့်မျော နေခဲ့သလားတော့ မမှတ်မိဘူး။  ၀တ္ထုထဲက အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ၊ ခံစားမှုတွေကိုတော့ ဆောက်တည်ရာမရ ခပ်ကျဲကျဲ ပက်ဖျန်းပြီး ရေးလိုက်မိတာပဲ။  ကျွန်မရဲ့ ဆိုလိုရင်းကို ပရိသတ်က ခံစားလို့ မရကြဘူးဆိုတာကတော့ ကျွန်မရဲ့ Presentation ညံ့လို့ပဲ ဖြစ်မှာပါ။…”

(ဦးဝင်းငြိမ်း နှင့် စာရေးဆရာမ ဂျူး စကားဝိုင်းမှ)

 

စာရေးဆရာမ ဂျူး ၏ ပေဖူးလွှာ မဂ္ဂဇင်း ပါ ရေမျောသီး ဝတ္ထုတို ကို အဆိုတော် ဟေမာနေဝင်း က ပြန်လည် ဖတ်ကြားသည့် အသံထွက် ဝထ္ထုတို ဖြစ်သည်။  မိုးမခ က ပြန်လည် တင်ဆက်သည်။  မူပိုင်ခွင့် ချိုးဖောက်လိုခြင်း လုံးဝ မရှိပါ။  အခကြေးငွေ အလို့ငှာ လုံးဝ မဟုတ်ဘဲ လူငယ်များ ဗဟုသုတ တိုးပွားရာ၊ တိုးပွားကြောင်း ပညာရေး ရည်ရွယ်ချက် သက်သက်ဖြင့် တက်ဆက်ခြင်း ဖြစ်သည်။  ဆရာမ ဂျုး၊ နောက် ခံဖတ်ကြားသူ အဆိုတော် ဟေမာနေဝင်းနှင့် မူပိုင်ခွင့်ရှိသူ (များ) အားလုံး ကို မိုးမခက ဤနေရာမှ လေးစားစွာ ခွင့်ပန်ကြားရင်း ကျေးဇူး အထူးတင်ရှိကြောင်း မှတ်တမ်း တင်အပ်ပါသည်။

စာရေးဆရာမ ဂျူး ၏ ရေမျောသီး
(ပေဖူးလွှာ မဂ္ဂဇင်း)
ပြန်လည် ဖတ်ကြားသူ – ဟေမာနေဝင်း
အသံထွက် ဝတ္ထုတို
ကြာချိန် – ၂၃ မိနစ်၊ ၃၄ စက္ကန့်
  

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts