သတင်းပဒေသာ

ကာတွန်း ဖေသိန်း … နှစ် (၉၀) အမှတ်တရပြပွဲ

မိုးမခ

ဇန်န၀ါရီ ၂၀၊ ၂၀၁၄

ကာတွန်း ဆရာကြီး ဦးဖေသိန်းရဲ့ နှစ် (၉၀) ပြည့် အထိမ်းအမှတ်အဖြစ် သတင်းစာပေါင်းများစွာမှာ ရေးသားခဲ့တဲ့ ကာတွန်းတွေအပြင် … တခြားသူဖန်တီးခဲ့တဲ့ သူ့ မူရင်းလက်ရာတွေ ခင်းကျင်းပြသ ရောင်းချပေးမယ့် အမှတ်တရပွဲကို ရန်ကုန်မြို့မှာရှိတဲ့ ဂယ်လာရီ ၆၅ မှာ ၂၀၁၄ ဖေဖော်ဝါရီ (၁) ရက်နေ့ကနေ (၃) ရက်နေ့ထိ ကျင်းပမှဖြစ်ပါတယ်။ ထို့ပြင် သူ့ဘ၀သမိုင်းမှတ်တမ်း ရုပ်ပုံတွေကိုလည်း ခင်းကျင်းပြသပေးထားမှာ ဖြစ်ပါတယ်။

မြန်မာ့အလင်း၊ ဟံသာဝတီ၊ ဗမာ့ခေတ်၊ ကြေးမုံ၊ လုပ်သား စသည့်သတင်းစားများတွင် ရေးဆွဲထားခဲ့သည့် သူ့ကာတွန်း မူရင်းလက်ရာတွေကို  ကြည့်ရှုလိုသူတွေ၊ ၀ယ်ယူသိမ်းဆည်းထားလိုသူတွေကို လာရောက်ကြဖို့ကိုလည်း ဖိတ်ကြားထားပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းမှာတည်ရှိတဲ့ ဂယ်လာရီ ၆၅ မှာ နံနက် ၁၀ နာရီကနေ၊ ညနေ ၅ နာရီအထိ ခင်းကျင်းပြသမှာလည်း ဖြစ်ပါတယ်။

ကာတွန်းလက်ရာတွေ ရောင်းရှိရာကနေ ရလာတဲ့ ငွေကြေးများကိုတော့ ကာတွန်းဦးဖေသိန်းဖောင်းဒေးရှင်းတည်ထောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ကာတွန်းဆရာ ၀င်းအောင်ရဲ့ ဖေ့ဘုတ်ခ်မှတ်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ခေတ်အဆက်ဆက်ကို မှီခဲ့တဲ့ ဆရာကြီး ဦးဖေသိန်းရဲ့ လက်ရာတွေကို စိတ်ဝင်စားသူ အများပြည်သူများနှင့်အတူ ကာတွန်းပညာရှင် မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် ကာတွန်းဆရာအများအပြားလည်း အဆိုပါ အမှတ်တရပြပွဲကို တက်ရောက်ဖွယ်ရှိလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။

မိုးမခ၀န်ခံချက်။  ။မှတ်တမ်းဓာတ်ပုံများကို ကာတွန်း ဦးဖေသိန်း ဖေ့ဘုတ်ခ်၊ ကာတွန်း ၀င်းအောင်နှင့် ကာတွန်း အော်ပီကျယ် ဖေ့ဘုတ်ခ်တို့မှ ပြန်လည်ကူး ယူပါသည်။

 

 ဆရာကြီးရဲ့ ခေတ်မှီလှတဲ့ ကာတွန်းများထဲမှ တချို့

ဖိတ်စာနောက်ကျောဖုံး (ယာယီ)

အခမ်းအနားအတွက် ပြင်ဆင်နေတဲ့ ကာတွန်းဆရာကြီး ရွှေမင်းသားနှင့် ကာတွန်းဆရာများ

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts