ကဗျာ သစ်ကောင်းအိမ်

ပြက်လုံး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

သစ်ကောင်းအိမ်

ဇန်န၀ါရီ ၁၅၊ ၂၀၁၄

 

အဖြစ်တွေထုံးထားတဲ့ ဖြစ်ထုံးကြီးတသီသီ
အပျက်တွေလုံးထားတဲ့ ပျက်လုံးကြီးတလိမ့်လိမ့်
ပျော်မလားဆိုပြီး
ရဟတ်လုပ်စီးမိတဲ့ဝင်္ကပါကြီး တဝှီးဝှီး တဟားဟား

 

အိပ်မက်ထဲ တက်မောင်းမိတဲ့ကားပဲ
ချောက်ကမ်းပါးအကွေ့မှာ
စတီယာရင် မရှိဘူး..
တောင်နံရံနဲ့ အတိုးမှာ
ဘရိတ်မမိဘူး …

 

သစ်ကောင်းအိမ်
(၁၄။ ဇန္နဝါရီ။ ၂၀၁၄)
(မခက်မာအတွက် မွေးနေ့လက်ဆောင်..)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts