ဘာလိုလိုနဲ့  နှစ်တနှစ် ၂၀၁၃ ဆိုတဲ့ အချိန်အတိုင်းအတာတခု ဖြတ်သန်းကျော်လွှားနိုင်ခဲ့ ပါပြီ ၊
ကမ္ဘာမြေပြင်ကြီးဘယ်လိုကျယ်ကျယ် ၊လူတွေဘယ်လိုဘဲ လွတ်လပ် လွတ်လပ် ၊
လူတွေရဲ့ စီတ်တွေဟာလဲ အတိုင်းအဆမရှိ လွင့် ပျံ့ ထွကိနိုင်သလို လွင့် ပျံ့ ထွက်သွားပါစေ…
အချိန်ဆိုတဲ့  အကန့် အသတ်ဘောင်းအတွင်းကသာ ရပ်တည်လှုပ်ရှားရစမြဲ….၊၊
သတ်မှတ် ကန့် သတ်ဘောင်ကလဲ ကျဉ်းသထက် ကျဉ်းလာသလို..
အချိန်ကာလ တနှစ်တာကလဲ တခဏချင်း ဖျပ်ကနဲ ကုန်ဆုံးသွားခဲ့ သလိုပင် ၊၊
ကုန်ဆုံးခဲ့တဲ့နှစ် အတွက် အရှုံးအမြတ် ၊ အောင်မြင် ကျဆုံးတာတွေလဲ မသုံးသပ်ချင်တော့ ….
လာမဲ့ နှစ်အတွက် လဲ မျှော်မှန်း ရည်ရွှယ်တာတွေလဲ မထားချင်တော့ ….
အလိုက်သင့်  လေမှာ လွင့် မျှောနေတဲ့  သစ်ရွှက်တွေလို
အတားအဆီးမဲ့  အချုပ်အနှောင်မဲ့  လွတ်လပ်နေချင် လွင့် မျှောနေချင်မိ….၊၊
ကန့် သတ်ထားတဲ့ အချိန်အတိုင်းအတာဘောင်တခု ၊ချမှတ်ကျင့် သုံးနေတဲ့ လူမှုကျင့် ဝတ် ဓလေ့ ထုံးတမ်းများ ၊
တားမြစ်ချုပ်နှောင်ထားတဲ့ ဥပဒေအရပ်ရပ်တွေ ၊ကာရံထားတဲ့ ဘာသာရေးအဆုံးအမတွေကြားမှ..
ထွက်ပြေး လွတ်မြောက်ချင်သလိုလို….၊၊
ဂုဏ်ပကာသန ၊ရာထူးရာခံအဆောင်အယောင် ၊ငွေကြေးပမာဏ တွေ နဲ့ ဖွဲ့ တည်..စုပေါင်းထားတဲ့ 
ဟန်ဆောင်လောကထဲကနေ လွတ်ရာကျွတ်ရာအဝေးကို ပြေးထွက်ချင်သလိုလို……
အရာရာ ဆောက်တည်မရ ၊တွေးမရ ၊ကြံရာမရ …..ကစဉ့် ကလျား အတွေးတွေနဲ့  ယောင်ချာချာ…..၊၊
ဒီဇင်ဘာ နှင်းတွေကြား လာမဲ့ နှစ် အနာဂတ်အတွက်လဲ မရေရာ မသေချာ ၊
လက်ရှိ ပစ္စုပ္ပန်ကာလ ကလဲမတည်မငြိမ် ၊ တဖွဲဖွဲကျနေတဲ့  နှင်းတွေအောက်က စိတ်အလျှင်တွေလဲ
အတိတ်ကာ လတခုဆီကို မရပ် မနား အပြေးခရီးပြင်းနှင်လျှက်……၊၊
ခေတ်မှီအတိုးတက်ဆုံးနိုင်ငံ ၊နောက်ဆုံးပေါ်ရုပ်ဝတ္တုပစ္စည်းအလျှံပယ်နဲ့ ခံစားစံစားနိုင်တဲ့ နိုင်ငံ ၊
အားလုံးရဲ့ စံနမူနာယူချင်စရာ ဥပဒေရဲ့ အရိပ်ဝါသအောက်ညီတူ ညီမျှခံစားရနိုင်သောနိုင်ငံကနေ…..
ဟိုးအဝေး ..မိုင်ထောင်ချီကွာဝေးသော အမိရွှေမြန်မာနိုင်ငံတော်ဆီသို့ ….
အမိရွှေနိုင်ငံရဲ့ အရှေ့ ဖက် ကမ္မောဇတိုင်းရယ်လို့ ခေါ်ထွင်ဖူးတဲ့ တောင်တန်းဒေသ ကြီးရဲ့ မြို့ တော် တောင်ကြီးမြို့  ၊
မြို့ တော်တောင်ကြီးရဲ့  အထင်ကရ သင်္ကေတ တောင်ချွန်းတောင်…..
တောင်ချွန်းတောင်အောက်ခြေက …
စက်မှု လက်မှု အ ထ က ကျောင်းရယ်လို့ ခေါ်ဝေါ်သမုတ်ခဲ့ တဲ့ ကျောင်းတကျောင်းဆီ
အတားအဆီးမဲ့  လွတ်လပ်ရင်ခုန်စွာ ပြန်ရောက်သွားခဲ့ တာလဲ အဆန်းတကြယ်မဟုတ်….၊၊
နုပျို လန်းဆန်းတက်ကြွနေသောလူငယ်တယောက်…
အရာရာရင်ဆိုင်ဖြတ်ကျော်မဲ့  လူငယ်တယောက်…
ကမ္ဘာကြီးကို အုပ်စိုးတော့ မယောင်ယောင်အတွေး နဲ့  အားမာန်ပြည့် နေတဲ့ လူငယ်တယောက်….
အရပ်ရပ်ဒေသ အသီးသီးကလာတဲ့ တိုင်းရင်းသားတွေနဲ့ အတူတကွ..
ခေတ်မှီ လှပသော ဥရောပ ဆန်ဆန် ကျောင်းပုံစံ ၊စာသင်ခန်းတွေအကြား
ပြည့် ဝ ပညာရည်ဂုဏ်မြင့် မားသော ကျောင်းအုပ်ဆရာကြီး ၊ဆရာ ဆရာမတွေရဲ့ အောက်
၂နှစ်တာ ပညာသင်ခွင့် ရတဲ့ ကာလဟာ
ဘဝအတွက် တခုတ်တရ ၊အမှတ်တရ ၊ တမ်းတမ်းတတ……..၊၊
ဒု -ကမ္ဘာစစ်အပြီး တိုးတက်ပြီးသော စက်မှု နိုင်ငံကြီးများမှ ဖွံဖြိုးဆဲ လွတ်လပ်ခါစ တိုင်းပြည်မှ
လူငယ်များအတွက် စက်မှု အတတ်ပညာ တိုးတက်လာအောင်ရည်ရွယ်ပြီး..
သီရီလင်္ကာနိုင်ငံ ကိုလံဘိုမြို့ တော်မှာ စုဝေးတိုင်ပင်ပြီးချမှတ်ခဲ့ သော စီမံကိန်းအရ
ထွက်ပေါ်လာသောကျောင်းကို ကိုလံဘို စက်မှုကျောင်းရယ်လို့ ခပ်လွယ်လွယ်ခေါ်ဝေါ်သမုတ်ကြ…၊၊
ယခု ညွှန်းဆိုနေသောကျောင်းကား…နယူးဇီလန်မှ ဒီဇိုင်းပုံစံရေးဆွဲ အကုန်ကျခံတည်ဆောက်ပေးပြီး
အဆောက်အအုံတွင်းတပ်ဆင်ထားသမျှ စက်ပစ္စည်းအားလုံးအင်္ဂလန်နိုင်ငံမှတာဝန်ယူတပ်ဆင်ပေးသလို
ဆရာ ၊ဆရာမအားလုံး( စာပေဘာသာရပ်မှလွဲ၍ )ကိုလံဘိုစီမံကိန်းဝင် စက်မှု နိုင်ငံကြီး၌ ထပ်ဆင့် 
ဆင့် ပွားပညာသင်ခဲ့ သော ဆရာများသာ သင်ကြားပေးသောကျောင်းတကျောင်းပင်…၊၊
သင်ကြားမှုစံနစ် ခွဲခြား ကွဲပြားမှု မရှိ ၊ကိုလံဘိုစီမံကိန်းဝင်နိုင်ငံအားလုံးရဲ့ 
စက်မှု အ ထ ကကျောင်းများ တပုံစံထည်း ၊ စည်းမျဉ်းတခုထည်း ၊
စာပေဘာသာရပ်နှင့်  စက်မှုဘာသာရပ်နှစ်ခုတွင် စာပေဘာသာရပ်က အထက်တန်းဆင့် 
အင်္ဂလိပ်စာ ၊မြန်မာစာ ၊ သင်္ချာ ၊ ဓါတုဗေဒ ၊ ရုပဗေဒတွေကို သင်ကြားရပြီး..
စက်မှုဘာသာရပ်အတွက် လျှပ်စစ် ၊ မော်တော်ယာဉ် ၊ တွင်ခုံ ၊ဂဟေ ၊အဆောက်အဦး ပိုက်ပြင်ပိုက်ဆက် ..
သူ့ ဘာသာရပ်နှင့် သူ ဘာသာရပ်ဆိုင်ရာ လက်တွေ့ ခန်းမအပြင် ဓါတုဗေဒ ရုပဗေဒ လက်တွေ့ စမ်းသပ်ခန်းကြီးက
အထက်တန်းဆင့်  ကျောင်းသားလူငယ်တယောက်အတွက် တခန်းတနား….၊၊
တက်ရောက်နေသောကျောင်းပုံစံကဆန်းပြားလှပ ၊သင်ကြားရေးစံနစ်ကလဲ နိုင်ငံတကာ စံချိန်စံညွှန်းအညီ ၊
သင်ကြားပြသအုပ်ချုပ်တဲ့ ဆရာ ဆရာမတွေက ဒေါင်ဒေါင်မြည် ၊
လေ့ လာသင်ယူနေတဲ့ ကျောင်းသားတွေကလဲ လန်းလန်းဆန်းဆန်း တက်တက် ကြွကြွ …..
အနယ်နယ်အရပ်ရပ် ဒေသပေါင်းစုံ လူမျိုးပေါင်းစုံအပေါ် ကျောင်းအုပ်ဆရာကြီး ဆရာ ဆရာမတွေက နွေးနွေးထွေးထွေး
ရင်ဝယ်သားသကဲ့ သို့ သွန်သင် ဆုံးမခဲ့ တာတွေ တွေးမိတိုင်း …ရင်ထဲ တသီမ့် သီမ့် … …၊၊
တနင်္လာနေ့မနက်တိုင်း ကျောင်းစုပေါင်းခန်းမကြီးထဲ အလံတော် အလေးပြုပြီးတိုင်း…
ကျောင်းအုပ်ဆရာကြီးမှ…ကမ္ဘာအရပ်ရပ် လှည့် လည်ပညာသင်ခဲ့  သင်တန်းတက်ခဲ့  စည်းဝေးပွဲတက်ခဲ့ တဲ့ 
တိုင်းပြည်အသီးသီးရဲ့ အတွေ့ အကြုံ ဗဟုသုတတွေ ကို တခန်းရပ် လျှပ်တပြိုက်အမြင်တွေ ပြောပြ ဆုံးမခဲ့ တာ
ဘယ်အရာနဲ့ မှ တန်ဖိုးမဖြတ်နိုင်….၊၊
ကိုယ့်လူမျိုး ..ကိုယ့် နိုင်ငံအတွက် တီထွင်မှုတခုခု ၊အောင်မြင်မှု့ တခုခုရလာသူတယောက်ကို
အားလုံးမှ ဝမ်းပမ်းတသာ ငါတို့  ဂျာမန်ကွ ၊ငါတို့ ဂျပန်ကွ ရယ်လို့ လက်သီးလက်မောင်းတန်းပြီး
အော်ဟစ် လက်ခုပ်တီးအားပေးတာကို ကြားခါစ လူငယ်တယောက်အနေနဲ့  ရိုးစင်းလှသလိုလို……၊၊
နယူးယောက်မြို့  ကုလသမဂ္ဂဌာနချုပ်မှာ အဆင့် မြင့် အင်၈ျင်နီယာရာထူးယူထားတဲ့ …
ဂျပန်အင်ဂျင်နီယာကြီးတယောက် စစ်ပြီးစ ပြာပုံဘဝကနေ အလူးအလှဲရုန်းကန်နေတဲ့ ဂျပန်ပြည်အတွက်
လက်ရှိရာထူးကိုစွန့်  .အမေရိကန်နိုင်ငံရဲ့ အကောင်းဆုံးကျောင်းမှာပညာသင်နေတဲ့ သူ့ သားသမီးတွေကို
ကျောင်းက နှုတ်ထွက် ဂျပန်ပြည် ပြန်လည်ထူထောင်ဖို့  အပြီးအပိုင်ပြန်လာတာကို စပြောပြတော့ 
ကျောင်းသားတွေအားလုံးခေါင်းထောင်မတ်လာခဲ့  မျက်လုံးတွေလဲ ပြူးကျယ်လာခဲ့ …….၊
နယူးယောက်မြို့  လူကုံတန်ရပ်ကွက်တခု မှာ ကုလသမ၈္ဂကဌားရမ်းပေးထားသောအိပ်ခန်းလေးခန်းပါ
သီးသန့် ခြံဝင်းတွင်းက အိမ်တလုံး ၊ရုံးသုံး အိမ်သုံးဖို့ ကားကနှစ်စီးအပြင် ကိုယ့် အတွက် ကိုယ်မိသားစုအတွက်
ရှေ့ ဆက်သာယာဖြောင့် ဖြူးနေမဲ့ အနာဂတ်ကိုစွန့် ပြီးအပြန်….စစ်ပြီးစ ဂျပန်အစိုးရက သူ့ အား..
တိုကျိုမြို့ လယ်ခေါင် ဗုံးဒဏ်ခံ တဝက်တပျက်တိုက်အိုကြီးအတွင်းက အခန်းကျဉ်းလေးတခန်းသာပေးနိုင်ခဲ့ 
နေ့စဉ် အလုပ်သွားအလုပ်ပြန်အတွက် အတင်းတိုးတက် ဆင်းတက်ရသော ဘတ်စကားကြပ်ကြ့ပ်ကိုစီးပြီး
ကိုယ့် နိုင်ငံအတွက် ကိုယ်ကျိုးစွန့်အလုပ်လုပ်ခဲ့ သောဂျပန်အင်ဂျင်နီယာတယောက်အကြောင်း ..
အဆုံးသပ်လိုက်ချိန် အားလုံးသောကျောင်းသားတွေ ခေါင်းငိုက်စိုက်……၊
မင်းတို့ တတွေကော တိုင်းပြည်အတွက် အဲဒီလို ကိုယ်ကျိုးစွန့် နိုင်မလာ;..? အမေးအတွက်
တုပ်တုပ်မလှုပ် ပကတိငြိမ်သက်……..၊၊
ပြန်တွေးမိတိုင်း တယောက်ထဲကြိတ်မှိတ် ခံစားနောင်တရခဲ့ တဲ့ အဖြစ်တွေအများကြီးထဲက
ဆ၇ာတယောက်က ထူးထူးခြားခြား နိုင်ငံခြားတိုင်ပြည်ရဲ့ စံနစ်တကျ တန်းစီတဲ့ ဓလေ့ ကို
တကူးတက ပြောပြနေတာကိုပေါ့ ပျက်ပျက်အလေးမထားခဲ့ တဲ့ အဖြစ်…
ကြုံတိုင်း သတိရတိုင်း ယူကြုံးမရ…အကြိမ်ကြိမ်ရှိခိုးဦးချတောင်းပန်လျှက်…….၊၊
ဆိုခဲ့ ပြီးတဲ့ အတိုင်း ခေတ်မှီလှပတဲ့ ဥရောပဆန်ဆန် ကျောင်းပုံစံ စာသင်ခန်း လက်တွေ့ ခန်းတွေမှာ
ဆရာသမားဂုဏ် ပညာရည်ဂုဏ်မြင့်မား ပြည့် ဝ တဲ့ ဆရာ ဆရာမတွေရဲ့ သွန်သင်ဆုံးမတာတွေခံယူရင်း
ဂရုတစိုက်သင်ကြားပြသတာတွေခံယူရင်း…နုပျိုလန်းဆန်းတက်ကြွ အားမာန်အပြည့် ကျိုးစားခဲ့သူတယောက်
စက်မှု့  အ ထ ကမှဝေးကွာအပြီး…လူ့ဘဝဇာတ်ခုံပေါ်ခြေအချ…….
ဖြစ်ချင်တာက အင်ဂျင်နီယာ..
ဖြစ်လာတာက ရှေ့ နေ………..အရာရာကိုနားမလည်နိုင်တော့ ……၊၊
မတူညီနိုင်သောကဏ္ဍနှစ်ခုအကြား လူးလိမ့် ကျော်ဖြတ်ရင်း ကျဆုံးမှုအကြိမ်ကြိမ် ၊လမ်းလွှဲမှုအခါခါ နှင့် 
ယုံကြည်ချက်အတွက် အဝေးတကာ အဝေးဆုံးရောက်လာတာဟာ ရေ မြောကမ်းတင်ပမာ ၊
ဘာဆိုဘာမှမရှိ ဗလာနိထ္ထိ…..၊၊
နှစ်ပေါင်း၄၀ နီးပါး ကြာလာတော့ လဲ ဖြတ်ကျော်ခဲ့ တဲ့ ခရီးအတွက်ရဲရဲဝံ့ဝံ့သုံးသပ်နိုင်ပါပြီ…..
အထင်ကရ နာမည်ကျော် ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ စကားတခွန်းကို ဆွဲယူသုံးစွဲလိုပါတယ်….၊၊
၁၉၇၀ခုနှစ်ဝန်းကျင် မန္တလေးတက္ကသိုလ် သမိုင်းအဓိက နောက်ဆုံးနှစ်ကျောင်းသူကျောင်းသားအားလုံး
အတန်းတင်စာမေးပွဲ အောင်မြင်ကြပါတယ် ….
နောက်ဆုံးနှစ် စာမေးပွဲကို အားလုံးအောင်မြင်ခဲ့ တာကို အထက်တန်းပညာဦးစီးဌာနမှ အမြင်မကြည်လင် ၊
ဘာအတွက်ကြောင့် အအောင်ပေးခဲ့ ရသလဲ ထုချေပါရန် ဆရာကြီးဒေါက်တာသန်းထွန်းအပေါ်
အမိန့် ချမှတ်ခဲ့ ပါတယ်…..
အထက်ဗမာပြည် မန္တလေးတက္ကသိုလ်သာမက ဗမာပြည်ပညာရေးလောကအသိုင်းအဝန်းတခုလုံး
တုန်လှုပ် ပြောစမှတ်တွင်ကျန်စေခဲ့တဲ့  ဆရာကြီးရဲ့  ထုချေလွှာက ဒီလိုပါ…..
ေါးက်တာသန်းထွန်း တော်သည်၊
ထို့ ကြောင့် …
သူ၏တပည့် လည်း တော်သည်….ဟု၍…..၊၊
ထိုစကားရပ်ကို အနည်းငယ်လွှဲ ပြီးအသုံးပြုချင်ပါတယ်….
စက်မှုလက်မှု အ ထ ကကျောင်းအုပ်ဆရာကြီး ဦးစောဒေးဗစ်ဝင်းနှင့် တကွ
ဆရာ ၊ဆရာမ အားလုံး တော်သည် ၊
သို့ သော်
သူတို့ ၏တပည့်  ကျနော် ညံ့သည်……….၊၊
အလွမ်းလက်တို့ခေါ်လိုက်သလို တောင်ကြီးကိုသတိရလျက် ဆက်ပြီးတော့ စက်မှု အ.ထ. က အကြောင်းဖတ်ချင်သေးတယ်။
ဟုတ်ကဲ့  အကို ..ကျွန်တော်က ၁၉၇၉ကျောင်းဆင်း (BC) ကပါ ခင်ဗျား..၊လွိုင်လင်မြို့ ဇာတိပါ ၊အလျဉ်းသင့်ရင် ဆက်ရေးပါ့ မယ်..၊အကိုအတွက် ဆက်ပြီးလွမ်းရအောင် +++တောင်ပိုင်းမီး ..တောင်ပိုင်းမီး …….ခေါင်းစဉ်နဲ့  နိုဝင်ဘာလ ပထမပတ်ထဲ မိုးမခမှာပါလာတဲ့  တောင်ကြီးမီးပုံးပျံပွဲ အကြောင်း ဆောင်းပါးကိုလည်း မြီးစမ်းပေးပါအုံး ကျေးဇူးတင်လျှက်……..(မောင်မောင်လတ်) 1979-BC ၊တောင်ကြီးစက်မှု အ ထ က ၊၊