2013 in Review

KIA ဗိုလ်ချုပ်ဂွန်မော် (2013 in Review)

ညွန့်ထွေး
ဇန်န၀ါရီ ၁၊ ၂၀၁၄

(ဓာတ်ပုံ – RFA)
၂၀၁၃ ထဲမှာ ကချင်အရေးမှာ ပြောစရာ အများဆုံး လူတစ်ယောက်အကြောင်း ဆိုရင်တော့ KIA/KIO ဗိုလ်ချုပ် ဂွန်မော်ကို ညွှန်းရမယ်ထင့်။ သူဟာ စကားပြောရင် တိုးတိုးညင်သာ ပြောတတ်တဲ့ သူ့ကို  ကချင်ဒေသ သေနတ်သံတွေပြန်ပြီး ဆူညံခဲ့တဲ့ ၂၀၁၁ ဇွန် ၉ ရက် မတိုင်ခင်ကတည်းက သူနဲ့ဆုံဖူးသူတစ်ယောက်ကတော့ သူ့ကို စစ်ဗိုလ်ချုပ်တစ်ယောက်လို့တောင် သိပ်မမြင်ဘဲ နိုင်ငံရေးစကားပြောရာမှာ ပိုမို ပါးနပ်သူ၊ စကားစစ်ထိုးရာမှာ လိမ္မာသူ အဖြစ်  မြင်မိတယ်လို့ ဆိုတယ်။

သို့သော်.. နှစ်ကုန်ခါနီးမှာ သူဖြေခဲ့တဲ့ စာနယ်ဇင်းအင်တာဗျုးများထဲကတစ်ခုမှာ.. တိုက်ပွဲတွေကလည်း တိုက်ပွဲတွေပဲပေါ့.. ငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း ဆက် ဆွေးနွေးသွားရမှာပဲ ဆိုတဲ့စကားကို သူ ပြောခဲ့တယ်။ သူ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောခဲ့ပါလိမ့်။
ဒီစကားက ကချင်လူထုကို ကိုယ်စားမပြုသလိုဘဲ လို့ တချို့က ယူဆကြတယ်။

ဗိုလ်ချုပ် ဂွန်မော်ရဲ့စကားဟာ KIA/KIO နဲ့ တချို့သော ကချင် ဘာသာရေး အသိုင်းအ၀ိုင်းကြားက နားလည်မှု အလွဲလို့ ယူဆသူတွေလည်း ပါတယ်။ သို့သော်.. သူ့ဘက်ကကြည့်ရင်လည်း ဒီထက် နက်နဲတဲ့ အကြောင်းပြချက်ရှိမယ် ထင်ပါတယ်။ ၂၀၁၃  နှစ်ကုန်သွားတဲ့ အထိတော့   ဘာကြောင့် ဒီလိုပြောခဲ့တယ် ဆိုတဲ့ ရှင်းလင်းချက်တော့ မကြားမိသေး။ လက်ရှိအနေအထားမှာတော့  ဗန်းမော်မြို့ တောဘက်မှာ စစ်ပြေးဒုက္ခသည်စခန်း ထပ်ဆောက်ရ၊  ရှိရင်းစွဲ စခန်းတွေမှာ ဒုက္ခသည်ဦးရေ တိုးလာတာမို့ ဒီစခန်းတွေကို အဓိက နီးပါး တာဝန်ယူနေကြရတဲ့ ဒေသခံဘာသာရေးအဖွဲ့အစည်း တွေမှာတော့ ခေါင်းခဲစရာ ဖြစ်နေပါပြီ။

ကချင်ဒေသ တိုက်ပွဲတွေ မရပ်စဲနိုင်သေးတာဟာ  ဗိုလ်ချုပ် ဂွန်မော်တို့ တစ်ဘက်တည်းမှာတာဝန်ရှိတယ်ရယ်လို့တော့မဟုတ်ပါ၊   အစိုးရ နဲ့ အစိုးရစစ်တပ်ဘက်မှာလည်း တာဝန်ရှိပါတယ်။

KIA/KIO ခေါင်းဆောင်ပိုင်းမှာ ဗိုလ်ချုပ် ဂွန်မော်တစ်ဦးတည်း လူသိများနေတာကတော့ စာနယ်ဇင်းတွေနဲ့တွေ့ဆုံမှုခပ်စိတ်စိတ်ဖြစ်ခဲ့တာကြောင့်ပါပဲ။ ဗိုလ်ချုပ် ဂွန်မော်က မြန်မာပြည်တွင်းတက္ကသိုလ်များမှာ ပညာသင်ယူခဲ့သူဖြစ်တယ်၊ KIA မှာ ၁၉ဂဂ ခုနှစ်ကစပြီး အရာရှိဖြစ်လာတယ်၊ အနှစ် ၂၀ အကြာမှာတော့  ဒုစစ်ဦးစီးချုပ် ဖြစ်လာတယ်လို့ သိရပါတယ်။

==========================================

၂၀၁၃ နဲ့ ပုဂ္ဂိုလ်တချို့၊ ဖြစ်ရပ်တချို့

 နှစ်ကုန်ချိန်မှာ ၂ဝ၁၃ အတွင်း အရေးကြီးဖြစ်ရပ်၊ အထင်ကရဖြစ်ခဲ့သူ၊ မေ့လျော့ခံနေရသူတွေထဲက တချို့အကြောင်း ပြောပြဖို့ မိုးမခမီဒီယာက ရွေးချယ်ထားပါတယ်။
 တနှစ်တာအတွင်း လှုပ်ရှားဖြတ်သန်းခဲ့တာတွေကို သုံးသပ်ခြင်း၊ ပြန်လည်သတိရခြင်း၊ မိတ်ဆက်ပေးခြင်းတွေ ပါဝင်မှာဖြစ်ပါတယ်။ http://moemaka.blogspot.com/search/label/2013%20Review မှာ တစုတဝေး ဖတ်ရှုနိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts