မိုးမခကို ပေးတဲ့စာ သတင်းပဒေသာ

နိုင်ငံတော်သမ္မတကြီးကို ကြိုဆိုသော ပုသိမ်မြို့နယ်မှ လယ်သမားများကို ရဲကဖမ်းဆီး

 

နိုင်ငံတော်သမ္မတကြီးကို ကြိုဆိုသော ပုသိမ်မြို့နယ်မှ လယ်သမားများကို ရဲကဖမ်းဆီး
ဟင်္သာတမီဒီယာ ပေးစာ။ ပုသိမ်၊ ဒီဇင်ဘာ ၂၄၊ ၂၀၁၃
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ စကားဝါလမ်းထိပ်တွင် ယနေ့ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခန့်က ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာမှ လယ်သမား (၁၀)ဦးခန့်သည် “ နိုင်ငံတော်သမ္မတကြီးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ၏ ” စာသားပါ ဆိုင်းပုဒ်ကို ကိုင်ဆောင်ကာ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်မည့် အခမ်းအနားသို့လာသော နိုင်ငံတော်သမ္မတကြီး၏ ယာဉ်တန်းကိုကြိုဆိုစဉ် ရဲတပ်ဖွဲ့မှ တားဆီးကာ ဆယ်ဦးထဲမှ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 
အဆိုပါလယ်သမားများသည် န.တ.ခ တိုင်းမှူး သူရရွှေမန်းလက်ထက်တွင် ဧရာရွှေဝါကုမ္မဏီမှ အဓမ္မသိမ်းယူခြင်းခံထားရသော ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာမှ လယ်သမားများဖြစ်ကြပြီး၊ ဖမ်းဆီးထားသောသူနှစ်ဦးကို ယနေ့ နေ့လည်ပိုင်းတွင် ခံဝန်ထိုးခိုင်းပြီး ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts