နိုင်ငံတကာရေးရာ

မေလ ၂၅ နယူးယောက်မြို့တော်မှာ ၈၈ မျိုးဆက် ကိုမင်းကိုနိုင်၊ (ကို) ကိုကိုကြီး တို့နှင့် တွေ့ဆုံပွဲ ပြင်ဆင်ကြရန်

မေလ ၂၅ နယူးယောက်မြို့တော်မှာ ၈၈ မျိုးဆက် ကိုမင်းကိုနိုင်၊ (ကို) ကိုကိုကြီး တို့နှင့် တွေ့ဆုံပွဲ ပြင်ဆင်ကြရန်

မိုးမခအထောက်တော် ၀၀၂၊ ဧပြီ ၁၉ ၊ ၂၀၁၃

မေလလယ်မှာ အမေရိကန်ပြည်ထောင်စုသို့ လာရောက်မယ့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ကိုမင်းကိုနိုင် နဲ့(ကို) ကိုကိုကြီးတို့နဲ့ မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံကြရန် ဒေသအသီးသီးတို့က မိတ်ဆွေများ အဖွဲ့အစည်းများက ပြင်ဆင်ဆွေးနွေးလျုက်ရှိပါတယ်။

မေလ ၂၅ ရက်နေ့ (စနေနေ့) မှာ နယူးယောက်မြို့တော်မှာ မြန်မာတိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံပွဲကျင်းပရန် ပြင်ဆင်တိုင်ပင်ကြဖို့ လာမယ့် စနေနေ့ ဧပြီ ၂၀ ရက်နေ့မှာ စိတ်ဝင်စားသူများ၊ စေတနာရှင်များ၊ လုပ်အားပေးများ အစည်းအဝေးဖိတ်ကြားထားပါတယ်။ 39 Eldridge St. 4th Fl. Manhattan မှာ ညနေ ၄ နာရီ ခွဲကနေ ၆ နာရီခွဲမှာ တိုင်ပင်ပြောဆိုကြမယ်လို့ သိရပါတယ်။

စီစဉ် လှုံဆော်နေသူတဦးဖြစ်တဲ့ မြန်မာ့အရေးနိုးကြားသူ အင်န်အယ်ဒီလူငယ် ခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ကိုနေတင်မြင့်က ပြောကြားရာမှာ မြန်မာတိုင်းရင်းသား မိသားစု အားလုံးပါဝင်နိုင်အောင် ဖိတ်ခေါ်နေကြောင်း၊ မိမိမိတ်ဆွေတွေဖြစ်တဲ့ ကိုဖိုးခွားတို့ ကိုအောင်တို့ကလည်း ၀ိုင်းဝန်းကြမည် ဖြစ်ကြောင်း၊ စာပေအနုပညာရှင်တွေအနက် ဆရာမောင်စွမ်းရည်ကိုလည်း အကြောင်းကြားထားကြောင်း၊ ၀ိုင်းဝန်းကူညီကြမည့် အစီအစဉ်အသေးစိတ်ကို လာမည့် စနေအစည်းအဝေးအပြီး ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ အချိန်က နည်းလို့ ရပ်နီး ရပ်ဝေးက မြန်မာတိုင်းရင်းသားများကိုလည်း ဖိတ်ခေါ်ပါကြောင်း ပြောကြားပါတယ်။

မေလလယ်မှာ ၀ါရှင်တန်ဒီစီကို ရောက်ရှိပြီး NED အစရှိတဲ့ အမေရိကန်အဖွဲ့အစည်းများနဲ့ တွေ့ဆုံပြီးနောက် နယူးယောက်မြို့တော်မှာ မြန်မာတိုင်းရင်းသားကွန်မြူနီတီများနဲ့ ပထမဦးဆုံးတွေ့ဆုံမယ့် ပွဲအစီင်္အစဉ်လည်း ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts