အရှင်ဝီရသူ အတွေးအမြင်

“မင်္ဂလာပါ ၁၃၇၅- ကြိုဆိုပါတယ်- ၁၃၇၅- လာခြင်းကောင်းပါစေ- ၁၃၇၅” (Ashin Wirathu)

“မင်္ဂလာပါ ၁၃၇၅- ကြိုဆိုပါတယ်- ၁၃၇၅- လာခြင်းကောင်းပါစေ- ၁၃၇၅” 
(အရှင်ဝီရသူ (မစိုးရိမ်))၊ ဧပြီ ၁၇၊ ၂၀၁၃
by Wira Thu (Notes) on Tuesday, April 16, 2013 at 12:47pm

မနက်ဖြန်မနက် အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် မြန်မာသက္ကရာဇ် ၁၃၇၅-ခုနှစ်သည် စတင်သစ်ဆန်းတော့မည်ဖြစ်ပါသည်။

မြန်မာနှစ်သစ်ကိုဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။

မြန်မာနှစ်သစ်မှာမြန်မာပြည်သူ ပြည်သားများနှင့်အတူ ကမ္ဘာသူ ကမ္ဘာသား အားလုံး ကောင်းခြင်းမင်္ဂလာ အပေါင်းနှင့်ပြည့်စုံပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

၁၃၇၄-ခုနှစ်ဟောင်းတစ်ခုတည်းမှာ ဦးပဉ္စင်း ဝီရသူသည် ၁/၇၄ မှ ၁၄/၇၄ ထိ ကြေညာချက် (၁၄)ချက် ထုတ်ပြန်ဖြစ်ခဲ့ပါသည်။နိုင်ငံရေး၊ သာသနာရေး၊ အမျိုးသားရေး စသည့် ပြဿနာများအပေါ် ဦးပဉ္စင်း ဝီရသူ၏ သဘောထားအမှန်ကို ပြည်သူများ သိစေချင်၍ ဖြစ်ပါသည်။

ကြေညာချက်ထုတ်ရာတွင် ပြဿနာတစ်စုံတရာ ကြီးမားမှုကို အခြေခံ၍ ထုတ်ပြန်ခြင်း ဖြစ်သောကြောင့် ကြေညာချက်များခြင်းသည် တိုင်းပြည်အတွက် ကောင်းသော လက္ခဏာမဟုတ် ပါ။ ထို့ကြောင့် ၁၃၇၅-ခုနှစ်တွင်တိုင်းပြည်၏ အနာဂတ်ခရီး ပန်းခင်းသော လမ်းကဲ့သို့ သာယာဖြောင့်ဖြူး ချော့မွေ့မှု အပြည့်အဝမဟုတ်သည့်တိုင် အလုံးစုံ စိန်ခေါ်မှု အနည်းငယ်မျှလောက်သော ပြဿနာလေးများကိုသာ တွေ့ကြုံခံစားရပါစေဟုထပ်မံ ဆုမွန်ကောင်း တောင်းလိုက်မိပါသည်။

၁၃၇၄-ခုနှစ်သည်ဦးပဉ္စင်း ဝီရသူအတွက် စိန်ခေါ်မှု အကြီးမားဆုံး၊ စိန်ခေါ်မှု အများပြားဆုံး၊ အမျိုးသားပြဿနာများနှင့်ကြုံတွေ့ခဲ့ရသည့် နှစ်တစ်ခု ဖြစ်ခဲ့ပါသည်။ ကိုယ်အား၊ဥာဏ်အား ရှိသမျှဖြင့် ရင်ဆိုင်ဖြေရှင်းခဲ့ရ၍အကျိုးရလဒ်များ ခံစားခဲ့ရသော်လည်း ထိုသို့သော အခက်အခဲမျိုး နောင်မကြုံစေလိုတော့ပါ။

သို့ဖြစ်၍ဦးပဉ္စင်းနှင့် ပတ်သက်သည့် အထင်အမြင်လွဲမှားမှုလေးများကို အကျဉ်းမျှ ဖော်ပြခြင်း အားဖြင့်တည့်မတ် မှန်ကန်စေလိုပါသည်။ မရှင်းလျှင် ဘာမျှမဖြစ်သော်လည်း ရှင်းလျှင် အကုသိုလ် တိုးပွားမှုမဖြစ်နိုင်တော့သောကြောင့် ထိုသို့သော အထင်အမြင်လွဲသူတို့ အကျိုးငှာ ရှင်းလင်း တင်ပြရခြင်း ဖြစ်ပါသည်။

၁။       ဦးပဉ္စင်းသည်ဦးခင်ညွန့်နှင့် ပတ်သက်မှု လုံးဝ မရှိပါ။ တွံတေးအရှင်ဣန္ဒက မွေးနေ့မှာတွေ့ဖူး ပြောဖူးသည်မှ လွဲ၍ ယခုထိ အဆက်အသွယ်မရှိပါ။

2001၊2002၊ 2003- ခုနှစ်များတွင် ထောက်လှမ်းရေးတို့၏ နည်းမျိုးစုံ နှောက်ယှက်မှုကို ခံခဲ့ရပြီး၊ထောက်လှမ်းရေး တပ်မှူးများ၏ “ခေါင်းရိုက်ခွဲပစ်မယ်” “ထောင်ချပစ်မယ်”-ဟူသော ခြိမ်းခြောက်မှုများကိုလည်းခံခဲ့ရကာ၊ ဦးပဉ္စင်း ကိုယ်တိုင်လည်း တရားထဲ ထည့်ဟောပြီး စိန်ခေါ်ခဲ့ ဖူးပါသည်။

ထို့အပြင်ဦးပဉ္စင်း၏ ဆရာရင်းဖြစ်သူ ကျောက်ဆည်မြို့၊ မင်းကုန်းကျောင်းတိုက် ဆရာတော်ကြီးကို အစာရေသုံးရက် အငတ်ထားပြီး၊ ထိုးကြိတ်၊ ကန်ကျောက်၊ နှိပ်စက်ကြသည့် မြင်ကွင်းကြောင့် ထောက်လှမ်းရေးတို့ကိုလုံးဝ မကျေနပ်နိုင်ခဲ့ပါ။

ထောင်ထဲထိလိုက်၍ထောက်လှမ်းရေးများ ဒုက္ခပေးခဲ့ကြသော်လည်း ဦးခင်ညွန့်အပေါ် အရေးတယူ ဆက်ဆံခဲ့ရခြင်းမှာအကျနာခဲ့သူအပေါ် ကိုယ်ချင်းစာမိသောကြောင့် ဖြစ်ပါသည်။

ထောက်လှမ်းရေးနှင့်မပတ်သက်၍ ထောက်လှမ်းရေးထံမှ ဖုန်း၊ ကား၊ TV-မည်သည့်ပစ္စည်း ဝတ္ထုမျှ မရရှိခဲ့ဖူးသောကြောင့်ထောင်ကျသည်အထိ ဦးပဉ္စင်းမှာ ကားလည်းမရှိ၊ TV-လည်း မရှိ၊ ကြိုးဖုန်း၊ ဟန်းဖုန်းလည်းမရှိခဲ့ခြင်း ဖြစ်ပါသည်။

ဦးပဉ္စင်းတို့ ကျောင်းတိုက်တွင် ထောက်လှမ်းရေးနှင့် ပတ်သက်မှုရှိ၍ဖုန်း၊ ကား အခွင့်အရေးများစွာ ရရှိခဲ့ကြသော ဆရာတော်များ ယခုထိ ရှိနေပါသည်။

၂။       ဦးအောင်သောင်းကိုလက်ခံစကားပြောခြင်းသည်လည်း တစ်ကြိမ်တစ်ခါမျှသာ ဖြစ်ပါသည်။ သူလာသည့် ရည်ရွယ်ချက်ကိုမသိရသော်လည်း ဦးပဉ္စင်းနှင့် အဆင်မပြေ ဖြစ်ခဲ့ရပါသည်။ ဧည့်သည်ကို ရန်တွေ့လိုက်သလိုမျိုးဖြစ်၍ ဧည့်ဝတ်မကျေပွန်သူ-ဟုပင် ခံစားခဲ့ရပါသည်။ အကျဉ်းသား လွတ်မြောက်ရေးကိစ္စမှာ အပြင်းအထန်ဆုံးဆွေးနွေးချက် ဖြစ်ခဲ့ပါသည်။ ယခုအချိန်ထိလည်း အဆက်အသွယ်မရှိကြတော့ပါ။

ဦးခင်ညွန့်နှင့်ဖြစ်စေ၊ဦးအောင်သောင်းနှင့်ဖြစ်စေ ဦးပဉ္စင်းတွေ့ဆုံရာ၌ တံခါးပိတ် ဆွေးနွေးခြင်းမျိုးလုံးဝမရှိပါ။ မီဒီယာများ ရှေ့နှင့်၊ အများပြည်သူ ရှေ့မှာ ထင်သာမြင်သာ တွေ့ဆုံကြခြင်းဖြစ်ပါသည်။ ရုပ်သံ ဗွီဒီယိုများမှတ်တမ်း တင်ထားပါသည်။ လိုအပ်လျှင် မူရင်းအတိုင်း တစ်လုံးမကျန်ဖွင့်ချပြမည် ဖြစ်ပါ၏။

၃။       သမ္မတဦးသိန်းစိန်ကိုထောက်ခံခြင်းသည် အမျိုးသားရေးအတွက် အမှန်တကယ် လိုအပ်သောကြောင့် ဖြစ်ပါသည်။ ထိုသို့ထောက်ခံခြင်းကြောင့် နိုင်ငံရေးလောကသားတို့၏ ငြိုငြင်မှုကို ခံယူရမည် ဆိုသည်ကိုလည်းကြိုတွက်ထားပြီး ဖြစ်ပါသည်။

သမ္မတကြီးကိုထောက်ခံသောအားဖြင့် ဘာအခွင့်အရေးမျှ မရပါ။ မွတ်စလင်မ်တို့၏ ဆဲရေးတိုင်းထွာ ခြိမ်းခြောက်မှုကိုသာခံခဲ့ရသည့်အပြင် နိုင်ငံရေးနယ်ပယ်မှ ကြဉ်ဖယ်မှုကိုလည်း ခံခဲ့ရပါသည်။ သမ္မတကိုထောက်ခံသောကြောင့်သမ္မတလူ(သမ္မတဘုန်းကြီး)ဟု သမုတ်ခံရသော် လည်း ဦးပဉ္စင်းဝီရသူ ယခုထိ passport-မကျသေး၊မရသေးပါ။

တစ်ထောင်တည်းအတူနေ ကိုဇာဂနာကြီး ရခဲ့ပါသည်။ အတူတူ တစ်ရက်တည်း လွတ်လာသည့် “88”အဖွဲ့ ရခဲ့ပါသည်။ ရဟန်းချင်းအတူတူ ရွှေညဝါဆရာတော်၊ ဒယ်အိုး ဆရာတော်တို့ နိုင်ငံခြားသို့ ခေါက်တုန့်ခေါက်ပြန် သွားလာနေကြပါသည်။

ဦးပဉ္စင်းဝီရသူသည် ယခုချိန်ထိ passport-ကို လုံးဝ မမြင်ဖူးသေးသူ ဖြစ်ပါ၏။

၎။       လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံခဲ့ပါသည်။ ထိုသို့ ထောက်ခံရုံဖြင့်ဦးပဉ္စင်းသည် ဒေါ်စုလူ ဒေါ်စုဘုန်းကြီးမဟုတ်ပါ။ ယခုချိန်ထိလည်း ဒေါ်စုနှင့် တစ်ကြိမ်မျှမတွေ့ဆုံဖူးသေးသလို ဖုန်းဖြင့်လည်း မပြောဆိုဖူးပါ။

ဦးပဉ္စင်းသည်တိုင်းပြည်မျက်နှာနှင့် အမျိုးသား အကျိုးစီးပွားကို ရှေ့ရှူ၍ မည်သည့် လုပ်ရပ်မဆို ထောက်ခံသင့်ကထောက်ခံသွားမည်ဖြစ်ပြီး၊ ရှုတ်ချသင့်က ရှုတ်ချသွားမည် ဖြစ်ပါသည်။

ဤသည်မှာမြတ်စွာဘုရား၏ မူဝါဒဖြစ်ပါသည်။ မှန်ပါသည်။ ဝဏ္ဏာ ဝဏ္ဏေသု အဂ္ဂပုဂ္ဂလော မြတ်စွာဘုရားသည်ချီးကျူးထိုက်သူကို ချီးကျူးခြင်း၊ ရှုတ်ချထိုက်သူကို ရှုတ်ချခြင်းတို့၌ နှစ်ယောက်မရှိသူ ဖြစ်ပါသည်။

၅။       ဦးပဉ္စင်းဝီရသူသည်အမျိုးသားရေးတရားဟောကြား၍ ထောင်ချခံခဲ့ရသူ ဖြစ်ပါသည်။ 2012-ခုနှစ် ရခိုင်အရေးအခင်းနောက်ပိုင်းမှစ၍ အမျိုးသားရေးတရားများ ပြန်လည် ဟောကြားခဲ့ သည်မှာလည်း မှန်ပါသည်။ သို့သော်အကြမ်းဖက်ဝါဒကို အားမပေးသူ ဖြစ်ပါသည်။

သို့ပါသောကြောင့်အမျိုးဘာသာ သာသနာကို စော်ကားသူများ ရှိလာပါက ဥပဒေဘောင် အတွင်းမှ ထိရောက်သည့် အပြစ်ပေးဒဏ်ခတ်မှုမျိုးဖြင့်သာ တုန့်ပြန်စေလိုပါသည်။

          အွန်လိုင်းပရိသတ်ကြီးနှစ်သစ်နှင့်အတူ ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ…………

မေတ္တာဖြင့်
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
(17.4.2013 AM 00:45)
(Facebook link  ကနေ ကူးယူဖော်ပြပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on ““မင်္ဂလာပါ ၁၃၇၅- ကြိုဆိုပါတယ်- ၁၃၇၅- လာခြင်းကောင်းပါစေ- ၁၃၇၅” (Ashin Wirathu)
  1. သာဓုသုံးကြိမ်ခေါ်ပါတယ်ဦးဇင်း၊ လောကနီတိကျမ်းမှာပါသလို “ယုတ်မာသည့်သူ အမိုက်လူကား သူတော်သူကောင်း တွေ့လတ်ရှောင်းသော် အကောက်ပြုလွယ် လွန်ချုပ်ချယ်၏” ဆိုတဲ့အတိုင်းပါဘုရား။ ဒီယုတ်မာသည့်သူ အမိုက်လူတွေကို ဥပေက္ခာပြုထားပြီး လုပ်စရာရှိတာဆက်လုပ်ပါဘုရား။

  2. နေမျိုးမင်းထင်ကျော်ခေါင်ရဲ့ လောကနီတိလင်္ကာမှာ ” ကြိမ်းမောင်းဟိန်းဟောက် ” ဆိုတဲ့အပိုဒ်ကျန်ခဲ့လို့ထပ်ဖြည့်ပါရစေဘုရား။ “ယုတ်မာသည့်သူ အမိုက်လူကား သူတော်သူကောင်း တွေ့လတ်ရှောင်းသော် ကြိမ်းမောင်းဟိန်းဟောက် အကောက်ပြုလွယ် လွန်ချုပ်ချယ်၏” ဆိုတဲ့အတိုင်းပါဘုရား။

    1. ဆ၇ာတော်ဘု၇ားတပည့်တော်သာဓုခေါ်ပါတယ်၉၆၉နဲ့အမိုးဘာသာသာသနာကာကွယ်တာဟာအကြမ်းဖတ်မဟုက်ပါဘု၇ားလုပ်စ၇ာ၇ှိတာဆက်လုပ်ပါ။အ၇ှင်ဘု၇ားသက်တော်၇ာကျော်၇ှည်ပါစေ။

Comments are closed.