နိုင်ငံတကာရေးရာ

ဒေါ်စု ဂျပန်ရောက်၊ မြန်မာတို့ လှိုက်လှဲစွာ ကြိုဆို

ဒေါ်စု ဂျပန်ရောက်၊ မြန်မာတို့ လှိုက်လှဲစွာ ကြိုဆို
ထွန်းဝေ (ဂျပန်) ဧပြီ ၁၂၊ ၂၀၁၃

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ခုနစ်ရက်တာ ကြာမြင့်မည့် ဂျပန်ခရီးစဉ်အတွက် ဧပြီလ ၁၃ရက် င်္နနက်ဂျပန်စံတော်ချိန် (၈နာရီ ၁၅ )မိနစ်က ထိုင်းနိုင်ငံမှတဆင့် ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ အောင်မြင်စွာရာက်ရှိခဲ့ပါသည်။

 
နာရီတာလေဆိပ်တွင် ဂျပန်ရောက်မြန်မာမိသားစုများ က ရင်ထိုးတံဆိပ်များ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး လှိုက်လှဲစွာကြိုဆို ခဲ့ပါတယ်။ လာကြိုကြသူများထဲမှ သူကမိန်ကလေးတစ်ဦးက ဒေါ်စုကိုလာကြိုတာ တခြားထွက်ပေါက်ကခေါ်သွားတာက မတရားဘူး ဂျပန်ကနိုင်ငံခြားရေးဝန်ကြီးဌာန လုပ်ပုံတွေက လာကြိုတဲ့မြန်မာများကိုစော်ကားရာရောက်ကြောင်း ကိုထွန်းဝေအားပြောပြခဲ့ပါတယ်။ဂျပန်နိုင်ငံတိုကျိုမြို့ တွင် လာရောက်ကြိုဆိုသူများမှာ ၂၀၀ကျော်ရှိလှပါတယ်။ဂျပန်မှ မြန်မာသံရုံး ဌာနမှ သံအမတ်ကြီး နှင့်တာဝန်ရှိသူများအခြားထွက်ပေါက်မှလာကြိုဆိုကြောင်း သိရပါတယ်။

ဂျပန်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ကိုမိုးဇော်ဦးနှင့် ကိုဘန်နီတို့ လိုက်ပါလာခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင် ဧည့်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ်ဖိတ်ကြားခဲ့သဖြင့်သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။



ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ဂျပန်တက္ကသိုလ်သုံးခုတွင် မိန့်ခွန်း ပြောသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ၁၅ ရက်တွင် သူမ ဧည့်ပညာရှင်အဖြစ် တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ကျိုတိုတက္ကသိုလ်နှင့် Ryukoku တက္ကသိုလ်တို့တွင် မိန့်ခွန်းပြောသွားမည်ဖြစ်ကာ ဧပြီလ၁၇ ရက်တွင် တိုကျိုတက္ကသိုလ်၌ မိန့်ခွန်းပြောသွားမည် ဖြစ်သည်။


ဧပြီလ ၁၆ ရက်တွင် ဂျပန် အထက်လွှတ်တော် ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဧပြီလ၁၈ ရက်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။
ဧပြီလ၁၃ ရက်နှင့် ၁၅ ရက်နေ့များတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသွားရန်ရှိပြီး ဧပြီလ ၁၄ ရက်တွင် ကျိုတိုမြို့ရှိ အသေးစား ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကိုလည်း သွားရောက်လေ့လာမည်ဖြစ်သည်။ ဧပြီလ၁၉ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

သတင်း ကိုထွန်းဝေ ဂျပန် နာရီတာလေဆိပ်မှသတင်းပေးပို့ ထားပါတယ်https://www.facebook.com/tun.wai.10?ref=tn_tnmn(20 photos)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts