မိုးမခကို ပေးတဲ့စာ

မထသ ကပြည်သူတွေကို လိမ်နေပြီ

မထသ ကပြည်သူတွေကို လိမ်နေပြီ

မထသခရီးသည်တဦး၊ မိုးမခပေးစာ၊ ဧပြီ ၁၃၊ ၂၀၁၃

ဂျာနယ်တော်တော်များများမှာ သင်္ကြန် ကိုယ်မြို့ကိုယ်နယ် အပြန်တွေကို ခရီးသွားပြည်သူများ အတွက် ကားလက်မှတ်ခကို သတ်မှတ်ထားသော အဖိုးထက် ပိုကောက်ရင် ပြင်းထန်စွာ အရေးယူမယ်။ ကားဂိတ်ကို ပိတ်မယ်ဆိုပြီး စည်းကမ်းတင်းကြပ်မယ်လို့ ပါပြီးမှ သူတို့ကိုယ်တိုင် ပြည်သူကို ဒုက္ခရောက်အောင် လုပ်ဆောင်နေပါတယ်။

ရန်ကုန်-ဟင်္သာတ  လမ်းကြောင်း ပုံမှန်ပြေးဆွဲနေသော ကားဂိတ်များမှာ ရိုးရိုးကား၊ AIR COM  ကားများသည် ကားစီးခကို ရိုးရိုးကားပုံမှန် ၂၀၀၀ ။ AIR COM  ကား ၃၀၀၀ ပဲကောက်ပြီး အဝေးပြေးဂိတ်ကြေး ၃၀၀၀ ပေးရပြီးရန်ကုန် မှ ဟင်္သာတသို့ ပြေးဆွဲနေပါတယ်။ဒါပေမယ့် ရန်ကုန် မထသ နှင့် ဒဂုံဧရာ အဝေးပြေးတာဝန်ရှိသူများ ပူပေါင်းပြီး အခြားလိုင်းမှကားများကို စတေကာများ ဖြုတ်ပြီး လူတစ်ယောက်ကို ၃၀၀၀၊  ၄၀၀၀ (ရိုးရိုးကား) များဖြင့် သတ်မှတ်ထားသော လူဦးရေထက် လည်းပိုတင်တယ်။ ပိုတင်တော့ခရီးသည်က ပိုက်ဆံလည်း ပိုပေးရသေး အသက်ရှူကြပ်လို့ ပြောတော့လည်း မကျေနပ်ရင် ဆင်းကျန်ခဲ့ တဲ့။  ကိုယ်မြို့ကိုယ်နယ်က ကားတွေမဟုတ်တော့ ကားကို မမှတ်မိဘူး။ ကားက မှတ်ပုံတင်တွေလည်း ခွာထားတယ်။ မှတ်မိတာဆိုလို့ ကားမှာ အအေးကြော်ငြာတွေပဲ ကပ်ထားတယ်။

ဒဂုံ ဧရာ အဝေးပြေးထဲက တစ်နေ့ကို အစီးရေ (၆၀) ခန့် ထွက်ပြီး တခါ ထွက်လျင် ပုံမှန်က ၃၀၀၀ ဆိုပေမယ့်၊ သူတို့က ဒဂုံဧရာအဝေးပြေးက တာဝန်ရှိသူတွေကို ၃သောင်း ပေး ထွက်ရတယ်။  ၁၀ ဆ တောင် ပေးနိုင်နေတာ ခရီးသည်တွေဆီက ခရီးကားလက်မှတ်ကို ဘယ်လောက် ပိုယူထားလဲတွေးကြည့်ပါ။

အဲဒီကားတွေ ဟင်္သာတကို ၀င်လာတော့ ဟင်္သာတ မထသ ဥက္ကဌ ဦးစံဌေးကလည်း မြိုခံ ကားဂိတ်များ၏နစ်နာတာတွေကိုသိရက်သားနဲ့ ကားမှာလိုအပ်တာတွေကို မစစ်ဆေးသည့်အပြင် ကားတစ်စီဝင်တိုင်း ၂၀၀၀ ကျပ် ဖြတ် ကောက်တယ်။ ရန်ကုန်မှာလည်း ပေးရ။ဟင်္သာတမှာလည်း ပေးရ။ လမ်းခရီးဂိတ်များတွင်လည်း ပေးရတာတောင် ပြေးဆွဲနေသော လိုင်းမ၀င်ထားသော ကားများကြောင့် ပြည်သူတွေ အရမ်းနစ်နာနေလို့ တားဆီးအရေးယူပေးပါရန် တင်ပြအပ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts