ကဗျာ ငြိမ်းချမ်းအေး

ရှိသူများ’ နဲ့ ‘မရှိသူများ’ (‘Haves’ Vs. ‘Have-nots)

ငြိမ်းချမ်းအေး

ဧပြီ ၈၊ ၂၀၁၃

တကယ်တော့..

တိုင်းပြည်မှာ

လူမျိုး/ဘာသာ/အသားအရောင်/လိင်

ခွဲခြားပြီး ပြောနေဖို့ မလိုဘူး။

တကယ်တမ်း..

တိုင်းပြည်မှာ

ခွဲခြားမြင်တတ်ပြီး ပြောရမှာက

‘ရှိသူများ’ နဲ့ ‘မရှိသူများ’ အရေး ဖြစ်တယ်။

‘Haves’ Vs. ‘Have-nots’

ကွာခြားချက်ကိုပဲ

အသံထွက်ရမယ်..။

‘ရှိသူများ’ နဲ့ ‘မရှိသူများ’..။

အာဏာရှိသူများ နဲ့ အာဏာမဲ့နေသူများ..။

လုပ်ပိုင်ခွင့် ရှိသူများ နဲ့ လုပ်ပိုင်ခွင့် မဲ့နေသူများ..။

‘စံစား’ နေရသူများ နဲ့ ‘ခံစား’ နေရသူများ..။

ဖိနှိပ်နေသူများ နဲ့ အဖိနှိပ်ခံများ..။

အခွင့်အရေး ရနေသူများ နဲ့ အခွင့်အရေး ဆုံးနေသူများ..။

ထိုင်ရာမထ လိုတ ရနေသူများ နဲ့ ဖောင်စီးရင်း ရေငတ်နေသူများ..။

မိုက်ရိုင်းရင်း ထွားကြိုင်းနေသူများ နဲ့ ရိုးသားရင်း ကျုံလှီးနေသူများ..။

အလျှံပယ် ဖြစ်နေတဲ့ ဘဝများ နဲ့ ကုန်းကောက်စရာ မရှိတဲ့ ဘဝများ.။

ဓနအင်အားကို အလွဲသုံးစား လုပ်နေသူများ နဲ့ ဓနအင်အား မဲ့နေသူများ..။

ထားစရာ မရှိလောက်အောင် ‘ဟန်’ နေသူများ နဲ့ စားစရာကို မရှိ ဖြစ်နေတဲ့ ‘ခံ’ နေရသူများ..။

အာဏာကို အလွဲသုံးစား လုပ်နေသူများ နဲ့ အာဏာ အလွဲသုံးစား လုပ်ခြင်းကို ခံနေရသူများ..။

‘ရှိသူများ’ အတွက်

‘ဓမ္မ’ နဲ့ ‘အဓမ္မ’ ဆိုတာ သိဖို့ မလိုဘူး..။

တရားမှု နဲ့ ‘မတရားမှု’ ဆိုတာ ရှိဖို့ မလိုဘူး..။

လုပ်သမျှ ‘ဖြစ်’ နေတဲ့ ’ရှိသူများ’ အတွက်

အရာရာဟာ ‘ဓမ္မ’

အရာရာဟာ ‘တရား’..။

လုပ်သမျှ ‘ခံ’ နေရတဲ့ ‘မရှိသူများ’ အတွက်

‘ဓမ္မ’ သာ အရာအရာ

‘တရား’ သာ အရာအရာ..။

‘တရားမျှတမှု’ နဲ့ ‘ဓမ္မတရား’ သာ

အရာရာ ဖြစ်တဲ့နေ့

လောကပါလတရား

ထွန်းကားတဲ့နေ့

‘ရှိသူများ’ နဲ့ ‘မရှိသူများ’ အရေး ငြိမ်းမယ်..။

‘ရှိသူများ’ နဲ့ ‘မရှိသူများ’ အရေး ငြိမ်းတဲ့နေ့

တိုင်းပြည်ဟာ

‘လူတစု ဒီမိုကရေစီ’ ကနေ

‘လူထု ဒီမိုကရေစီ’ ကို ပြောင်းမယ်..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

2 thoughts on “ရှိသူများ’ နဲ့ ‘မရှိသူများ’ (‘Haves’ Vs. ‘Have-nots)
  1. အရမ်းကောင်းတဲ့ကဗျာပါဘဲ၊Have not တွေအတွက် ၁၅၀၀ တန် ဖုန်းကဒ်ရောင်းတာတောင်လွှတ်တော်မှာအရေးကြီးအဆိုတင်၊ညွှန်ကြားချက်စောင့်၊မှတ်တမ်းတင်၊ပြန်ဆွေးနွေး။အင်း…
    ဘန်ကောက်၊စင်ကာပူ၊မလေးကလမ်းဘေးဆိုင်တွေကိုဘယ်လိုမျက်နှာပြရမလဲတောင်မသိတော့ပါဘူါ်။

Comments are closed.