ဓာတ်ပုံသတင်း

AI ၏ ဧပြီ ၅၊ လူ့အခွင့်အရေးဘတ်စ်ကား လှုပ်ရှားမှု မြန်မာပြည်အတွက်လည်း ပါဝင်

 

 AI ၏ ဧပြီ ၅၊ လူ့အခွင့်အရေးဘတ်စ်ကား လှုပ်ရှားမှု မြန်မာပြည်အတွက်လည်း ပါဝင်

မိုးမခဓာတ်ပုံသတင်း၊ ဧပြီ ၇၊ ၂၀၁၃

Get on the Bus for Human Right (GOTB) အမည်နဲ့ လူ့အခွင့်အရေးလှုပ်ရှားမှု နှစ်စဉ် ပညာပေးအစီအစဉ်ကို အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အမေရိကန်ဌာနခွဲတခုဖြစ်တဲ့ http://www.amnesty133.org/ (Amnesty International Group 133) က ဧပြီ ၅ က လှုံဆော်ဆောင်ရွက်ခဲ့ပါတယ်။ ကျောင်းသား လူငယ်ပေါင်း ၁၂၀၀ ကျော် ပါဝင်ပြီး သည်နှစ်အတွက် ဦးတည်ချက်ကတော့ လူ့အခွင့်အရေးလွတ်လပ်မှုအတွက် အရေးပေါ်လိုအပ်နေတဲ့ နို်င်ငံ ၅ နိုင်ငံအကြောင်းကို လှုံဆော် ဆန္ဒပြလှုပ်ရှားမှု ပြုကြတာဖြစ်ပါတယ်။

အာဖရိကတိုက်က တောင်အာဖရိက၊ ဆူဒန်၊ အာရှက တိဗက်၊ သီရိလင်္ကာနဲ့ မြန်မာပြည်တို့အရေးကို လှုံဆော်ခဲ့ကြတာ ဖြစ်ပါတယ်။ နယူးယောက်မြို့တော်၊ ၇ လမ်းက The Cooper Union မှာ စုဝေးကြပြီးနောက် နယူးယောက်မြို့တော်ရှိ ကုလရုံးချုပ်နှင့် ဆိုင်ရာသံရုံးများရှေ့သို့ ဘတ်စ်ကားများဖြင့် စုဝေးသွားရောက်၍ ဆန္ဒပြလှုံ့ဆော်မှုများ ပြုခဲ့တာကို တွေ့ရပါတယ်။

မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ speaker (ကိုယ်စားပြုစကားပြောသူ) အဖြစ် မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားဟောင်း၊ အင်န်အယ်ဒီလူငယ်ခေါင်းဆောင်ဟောင်း၊ ကိုနေတင်မြင့်ကို ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာပြည်တွင်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားများ နှိပ်စက်ညှင်းပန်းခံခဲ့ရပုံများကို ကိုယ်တွေ့အဖြစ်များနဲ့ ဟောပြောခဲ့ပါတယ်။ လက်ရှိ မြန်မာပြည်တွင်းက နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၀၀ ကျော် ကျန်ရှိနေသေးတာအတွက် လွတ်မြောက်ရေး တောင်းဆိုမှုများ တိုးမြှင့်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts