ပါရီမောင်၊
ဧပြီ ၇ ၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)
Lesson 8 ( Leçon 8 )
Adjectifs နာမဝိသေသနများ
VERBE ” ETRE “ နှင့် သက်ဆိုင်သော သုံးစွဲပုံများ
ယခင်ပြီးခဲ့တဲ့ သင်ခန်းစာမှာ အလွယ်ဆုံး စာကြောင်း များကို ရှိခြင်းပြ ပုံစံဖြင့် ရေးသားရန် ရေးခဲ့ပြီးပါပြီ ။ တဆင့်တက်ပြီး စာကြောင်းကို ဖြည့်စွက်ကြည့်ရအောင်။
J’ai une voiture . ရေ အယူးန်း ဗွားကျူး ။ ကျနော့်မှာ ၊ ကျမ မှာ ကားတစီး ရှိသည်။
J’ai une belle voiture. ( ဆိုတာကတော့ နာမဝိသေသန Adjectif ဖြစ်ပြီး နာမ်ရဲ့ ရှေ့(သို့) နောက် မှာထားရပါတယ်) ကျနော့်မှာ ၊ ကျမ မှာ လှသော ကားတစီး ရှိသည်။( အမနာမ် အတွက် နာမဝိသေသန)
Je regarde le ciel bleu. ရ ရဂါဒ် လ စီးယဲလ် ဘ လားလ် ( အသံထွက်မှန်ရေးမရပါ)ပြာသော ကောင်းကင်ကို ကျနော် ကြည့်သည်။
belle ဘဲလ် ( လှပသော) grande ဂရောင်းဒ် ( ကြီးသော) rapide ရားပိဒ် (မြန်သော)
verte ဗက်ထ် ( အစိမ်းရောင်ရှိသော) noire နွား ( အနက်ရောင်ရှိသော)
(အရောင်များသည်လည်း နာမဝိသေသန ဖြစ်သည်။ နာမ်ရဲ့ အနောက်မှာထား သုံးရမည်။)
နာမဝိသေသနများ၏ အထီး၊ အမ များကို သေချာစွာ သိရမည်။
ဥပမာ — Une voiture noire. အယူးန်းဗွားကျူးနွား ၊ အနက်ရောင်ကားတစီး
Une grande maison. အယူးန်း ဂရောင်း ဒ် မေဇွန် ၊ ကြီးသောအိမ်တလုံး
Un film intéressant. အန် ဖင်းလ်မ် အန်တေရက် စွန့် ၊ စိတ်ဝင်စားစရာ ရုပ်ရှင်တကား
Un roman policier. အန် ရိုမောန် ပိုလီ စီယေး ၊ စုံထောက်ဝထ္တု တအုပ်
Un dessin coloré. အန် ဒေ စန်း ကို လို ရေး ၊ အရောင်ချယ်ထားသော ရုပ်ပုံတခု
Des grosses pommes. ဒေ ဂရိုး စ် ပေါင်းမ်း ၊ ကြီးသော ပန်းသီးများ
Les jolies roses. လေ ရိုး လီး ရို့ စ် ၊ လှပသော နှင်းဆီပန်းများ
နာမဝိသေသန များကို သက်ဆိုင်ရာ နာမ်နှင့်တွဲ သောအခါ အထီး ၊အမ မှန်ကန်အောင်ချိန်ညှိ ၊
ပြောင်းပေး ရမည့်အပြင် အနည်းကိန်း၊ အများကိန်း ကိုလည်း ချိန်ညှိပေးရပါမည်။
သာမန် အားဖြင့် နာမဝိသေသန Adjectif ရဲ့ အနောက်မှာ အမနာမ် အနည်းကိန်းဖြစ်လျင် “e”ထည့်ပေးခြင်း ၊ အမနာမ် အများကိန်းဖြစ်လျင် “ es ” ထည့်ပေး ခြင်း ကို လုပ်ပေးရပါမည်။(ပြောင်းနည်း ဝိသေသ များရှိသည်)
အသုံးများသော နာမဝိသေသန Adjectif တချို့ ကို အောက်က လင့်မှာ နားထောင်ပြီး လေ့ကျင့်ပါရန် ။
http://www.youtube.com/watch?v=adfAy8xYAPQ
ပေးထားသောလင့်သည် နာမဝိသေသန Adjectif များကို အဖိုနာမ်၊ အမနာမ် ခွဲခြားပြီး ပေးမထားပါ ။
ပြီးခဲ့သော သင်ခန်းစာများတွင် ရှင်းပြခဲ့သလို နာမဝိသေသန Adjectif များကို အဖိုနာမ် မှ အမ နာမ် သို့ ပြောင်း ရန် အများစုမှာ ” e “ ထဲ့ပေး၍ ရသည်။ သို့သော်” e “ ဖြင့်ဆုံးသော အချို့ကို ဘာမှ မပြောင်းရပါ ။ အချို့သည် လုံးဝ ကွဲ ပြားသွားသော စာလုံးများလည်း ဖြစ်သွားတတ်ကြပါသည် ။ ထို့ကြောင့် ပါရီမောင် မှ ဖြည့်စွက်၍ ပေးထားပါသည် ။ စာလုံး နောက် မှအနီရောင်ဖြင့် ဖေါ်ပြထားသော စာလုံး ကို ထပ်ထဲ့ပေး ခြင်း ဖြင့် အမနာမ် သို့ ပြောင်းလဲသုံးပါ ။ အနီရောင် စာလုံး အသစ်သည် လုံးဝ ကွဲပြားသော စာလုံး တခု ဖြစ်သွားသည်။ ဥပမာ — beau မှ belle
( အလားတူစွာပင် အများကိန်းကို ပြောင်း ရာတွင်လည်း ” s “ ပေါင်းခြင်း ၊ မတူသော စာလုံးများသို့ ပြောင်းသွားခြင်းများရှိ ပါသည် ) အခန်းတခု အနေနှင့် ဖေါ်ပြပါမည်။
နမူနာ စာကြောင်း အချို့ကို လုပ်ပြထားပါသည် ။
affamé ဆာလောင်သော
beau လှပသော (အမ နာမ်နှင့် သုံးရန် belle ) Il est beau . Elle est belle
C’est beau. လှတယ် (အရာဝထ္တု ၊ ရာသီ ဥတုကို ပြောသည်) Il fait beau.ရာသီ ဥတုသာယာတယ်
étrange ထူးဆန်းသော၊ တစိမ်းဖြစ်သော
bruyante ဆူညံသော C’est bruyant . ဆူညံတယ်၊ နားငြီးတယ် C’est …. (ဖေါ်ပြပြီး ) It is …
chaud e ပူအိုက်သော Le café est chaud. Le riz est chaud.ထမင်းပူတယ်
célèbre ထင်ရှားကြော်ကြားသော Elle est célèbre. ( connu )
dangereux အန္တရာယ်ရှိသော dangereuse ( La route est dangereuse ) လမ်းကအန္တရာယ်များတယ်
difficile ခက်ခဲသော difficille C’est difficile à dire. ပြောဖို့ခက်တယ်
douloureux နာကျင်သော douloureuse
effrayante ကြောက်ရွံ့သော
en colère စိတ်ဆိုးသော Il est en colère. သူစိတ်ဆိုးနေတယ်။ Papa est en colère.
en forme ကျမ္မာသော၊ ခွန်အားပြည့်သော Je suis en forme.
endormie ငိုက်မြည်းသော Nous sommes endormies. ကျနော်တို့ ငိုက်နေကြတယ်
forte သန်မာသော Il est fort. သူ သန်မာသည်။
frais လတ်ဆတ်သော၊ အေးသောfraîche. Les poissons sont frais.ငါးများလတ်ဆတ်သည်။
( အဘိဓါန်တွင်ကြည့်လျင် frais, fraîche : adj ဟူ၍ ၂မျိုးကပ်လျက်ပေးထား မည်)
froide အေးသော Il fait froid. ရာသီဥတုကအေးတယ်
grand et petit မြင့်သော ၊ကြီးသော ၊ petit သေးငယ်သော grande , petite ( အသံများကို dနှင့် t ထိ ထွက်ပါ)
grosse ဝသော Maman est grosse. အမေသည် ဝသည် (très grosse) အရမ်းဝသည်
ivre မူးရစ်သော Nous sommes ivres. ကျနော်တို့ အရက်မူး သည်။
lente နှေးကွေးသော Le bus est lent. ဘတ်စ် ကားသည် နှေးသည်။
lointaine ဝေးကွာ သော
lourde လေး သော La valise est trop lourde. အိတ်သည် လွန်စွာလေးသည် ( trop ) adv: လွန်စွာ
fiévreux ဖျားနာသော fiévreuse
jeune ငယ်ရွယ်သော
occupée အလုပ်များသော
pauvre ဆင်းရဲ သော Ils sont pauvres. သူတို့သည်ဆင်းရဲကြသည်
rassasiée ဗိုက်ပြည့်သော
rapide လျင်မြန်သော La ligne 5 est rapide. လိုင်းအမှတ် ၅ သည် မြန်သည်။
riche ချမ်းသာသော Vous êtes riches . ခင်ဗျား(တို့)က ချမ်းသာတယ်
vieux အိုသော ၊ ဟောင်းသော vieille Je suis vieux. La voiture est vieille.
VERBE ” ETRE “ နှင့် သက်ဆိုင်သော သုံးစွဲပုံများ
VERBE ” ETRE “ သည် ရှိသည်၊ ဖြစ်သည် ဟု အဓိပ္ပါယ် ရပြီး လောလောဆယ် အခြေအနေ တွင် ဖြစ်ခြင်းပြ စာကြောင်းများ တည်ဆောက် ရာတွင် သုံး ရပါသည်။
( အချိန်ကာလပြဆိုသော စာကြောင်းများအတွက် Auxiliaire အကူ ကြိယာအနေနှင့် လည်း သုံးရသဖြင့် အရေးကြီးပါသည်)
ပုံမှန် ပစ္စုပ္ပန် ကာလကို ပြဆိုသော စာကြောင်း များကို ပြုလုပ် ရန် အတွက် အောက်ပါ ပုံစံ အတိုင်း ရေးသားရပါမည်
ကတ္တား Subject + ကြိယာ Verb ” ETRE “ + နာမ် Noun သို့မဟုတ်Adjectif နာမဝိသေသန
|
စာကြောင်းပုံစံ ( ၂ )
အောက်ပါစာကြောင်းတချို့ကို ကြည့်ပါ ။
Je suis médecin. ( + Noun ) ရ စွီ မေ ဒ ဆန် ။ ကျနော် ဆရာဝန် ဖြစ်သည်။
Je suis patient(e). ( + Adjectif ) ရ စွီ ပါ့ စီယွန့် ကျနော် သည် စိတ်ရှည်တတ်သည်။ ဒီနေရာမှာ အရေး ကြီးပါသည်။ Adjectif ကို သုံးစွဲ ပြောဆိုတိုင်း ချိန်ညှိခြင်းAccord ပြုလုပ်ပေးရပါမည်။ ပြောသူသည် မိန်းကလေး ဖြစ်ပါက Je suis patiente. ရ စွီ ပါ့ စီယွန့် ထ်၊ ဟုပြောရပါမည်။ ” t ” သံထွက်ပါ
Elle est étudiante. ( + Noun ) အယ်လ် လေ အေတူ ဒီ ယွန့်ထ် ။ သူမကျောင်းသူ ဖြစ်သည်။ ဒီနေရာမှာတော့ ရှင်းပါသည်။ သူမ ဟုဆိုထားတာဖြစ်လို့ étudiante ဆိုပြီး ဖြစ်ရပါမယ်။ ” t ” သံထွက်ပါ
Nous sommes birmans. ( + Noun ) နူ စွမ်းမ် ဘီရက်ခ် မွန်းန် ၊ ကျနော်တို့၊ကျမတို့ ဗမာများ ဖြစ်ကြသည်။
Ils sont gentils. ( + Adjectif ) အီလ် စွန့်န် ရွန်းတီးရ်။ သူတို့ကြင်နာတတ်သည်( သဘောကောင်းသည်)။ အများကိန်းဖြစ်၍ Adjectif တွင် ” s “ လိုက်ပေးရမည်။
Tu es gentil(le) ကျူအေ ဂျောင်းန်တီးလ် ။ မင်းဟာ ကြင်နာတတ် တယ်။
(အပြောခံရသူ မိန်းကလေး ဖြစ်နေရင် gentille လို့ရေးရပြီး ရွန်းတီး ရ် အသံထွက်မည်။
” …. tille “သည် ” ရ ” သံ
Vous êtes ingénieur. ( + Noun ) ဗူဇက်ထ် အန် ဂျေနီယာ ၊ မင်း ခင်ဗျား အင်ဂျင်နီယာဖြစ်တယ်။
Elle est charmante. ( + Adjectif ) အယ်လ်လေ ရှားမော့န် ထ် ။ သူမသည် စွဲဆောင်မှုရှိသည်
Il est urgent. ( + Adjectif ) အီလေ အယူးရွန့် ။ သူ သည် အလျင်လိုနေသည်။
Elle est rapide. ( + Adjectif ) အယ်လ်လေ ရားပိဒ် ။ သူမသည် လျင်မြန်သည်။
Nous sommes pressés. ( + Adjectif ) နူ စွမ်းမ် ပရက်စေး။ ကျနော်တို့၊ကျမတို့ အလျင်လိုနေကြသည်။
Il est à la maison. သူ အိမ်မှာ ရှိသည်။
Elle est là. သူမ ဟိုမှာ ( သူမ အဲဒီမှာ)
VERBE ” ETRE “ ရဲ့ Conjugaison ကို ပြန်လည် နားထောင်၊ ရွတ်ဆို လေ့ကျင့်ရန် လင့်
http://www.youtube.com/watch?v=jlvM5lK39Qs
အထက်ပါ လင့်များကို ကြည့်ပါ။ အများကိန်းတတိယ လူ နေရာဖြစ်သော Ils/ Elles တို့တွင် ပြောသောအခါ
VERBE ” ETRE “ နှင့် VERBE ” AVOIR “ တို့၏ ကွဲပြားသော အသံတို့ကို ဂရုမစိုက်မိပါလျင် မိမိ ပြောလိုသော အဓိပ္ပါယ်သည် လုံးဝ လွဲချော်သွားပါမည်။
VERBE ” ETRE “ အတွက်
Ils sont …… အီလ် စွန့် ၊ သူတို့ သည် … ဖြစ်ကြသည် ( ” s “ ၂ လုံး ထပ်သောနေရာ၏ အသံသည် ” s “ သံ ထွက်ရမည်။)
Elles sont ….. အလ် စွန့် ၊ သူမတို့ သည် … ဖြစ်ကြသည် ( ” s “ ၂ လုံး ထပ်သောနေရာ၏ အသံသည် ” s “ သံ ထွက်ရမည်။)
VERBE ” AVOIR “ အတွက်
Ils ont …. အီလ် ဇွန့် ၊ သူတို့မှာ … ရှိကြသည် ( ” s “ ၁ လုံး ထဲရှိသောနေရာ၏ အသံသည်” Z “ သံ ထွက်ရမည်။)
Elles ont …… အလ် ဇွန့် ၊ သူမတို့မှာ … ရှိကြသည် ( ” s “ ၁ လုံး ထဲရှိသောနေရာ၏ အသံသည် ” Z “ သံ ထွက်ရမည်။)
( အထက်ပါ အတိုင်း ပြီးခဲ့သော သင်ခန်းစာများ တွင် ရှင်းလင်းပြီး သော်လည်း ထပ်ရှင်း ခြင်းဖြင့် ကြေညက်နေရန် ရည်ရွယ်ပါသည်။ လွန်စွာ အရေးကြီးပါသည်)
ယခု သိရှိပြီးဖြစ်သော VERBE ” ETRE “ နှင့် VERBE ” AVOIR “ တို့ကို သုံးပြီး လေ့ကျင့်ခန်းများများ လုပ်နိုင်လေလေ ပိုပြီး အခြေခံ ကျေညက်လေလေ ဖြစ်ပြီး အချိန်ကာလကို ပြဆိုသော ဝါကျ များ ပြုလုပ်သောအခါ
အကျိုး ရှိမည် ဖြစ်ပါသည်။ ပါရီမောင် ထံသို့ မိမိတို့ သိပြီးသမျှ စာလုံးများကို သုံး၍ လေ့ကျင့်ခန်း လုပ်ပြီး ပေးပို့ ပါလျှင် စစ်ဆေးပြီး ပြန်လည်ပေးပို့ပါမည်။ MS Word ဖြင့် ရေးသာပြီး Attached File ဖြင့် ပို့ပါရန်။ အမည် ၊ လိပ်စာ ၊ ဖုံးနံပါတ် တို့ကို ဖေါ်ပြရန် မလိုပါ ။ သို့သော် တည် နေရာသိရှိ နိုင်ရန် အတွက် မိမိရဲ့ အီးမေးလ် Profile တွင် ဖေါ်ပြရပါမည်။
parismg2013@gmail.com ဖြင့် ဆက်သွယ်နိုင်ပါသည်။
နှုတ်ဆက်ခြင်းများအတွက် ဖေါ်ပြခဲ့ပြီးပေမဲ့ ထပ်လေ့ကျင့်နိင်ရန် မတူသော လင့် ထပ်ပေးလိုက်ပါတယ်။
http://www.youtube.com/watch?v=zzpLLUrEwMM
ပြီးခဲ့သည့် လေ့ကျင့်ခန်း (၁) အဖြေမှန်များ
1( une), 2 ( un ), 3 ( des) , 4( une), 5 ( un ) ,6 ( des ) , 7 ( un ), 8 ( un ) ,
9 ( une ) , 10 ( des )
A bientôt မကြာခင် ပြန်ဆုံကြမယ်