ကဗျာ အောင်ဒင်

အိမ်ဝေး – Aung Din

အိမ်ဝေး

အောင်ဒင်၊ ဧပြီ ၆၊ ၂၀၁၃

ပြန်လာမယ် အမေ…
ဥဩညို တေးဆိုဖွဲ့
လွမ်းတဲ့ ဒီနွေ… ၊

အိပ်မက်မှာလေ
ညနေချို ပန်းတွေပွင့်…

မလွမ်းကောင်းပေမည့်
ပန်းကျောင်းမှာ စာတွေသင်ဖို့
အမေအိုရင်ခွင်နန်းကို
မြန်းဖို့မျှော်လင့်…။        ။

 

(၁၉၈၉ခုနှစ် မေလအတွင်းက အင်းစိန်ထောင်၊ အထူးတိုက်၊ အခန်း အမှတ် ၁ ရဲ့ နံရံမှာ ရေးခြစ်ခဲ့တဲ့ကဗျာ၊ ၂၀၁၃ခုနှစ် ဧပြီလ ၅ရက်နေ့မှာ မင်းကိုနိုင် ကျေးဇူးနဲ့ ပြန်လည်ရရှိပါတယ် – အောင်ဒင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts