ကဗျာ ကျော်ဟုန်း

ဟောင်းယွန်း သစ်တဖန် – နှစ်

ကျော်ဟုန်း
ဧပြီ ၄၊ ၂၀၁၃
သစ်ပြန်ပြီ ပိတောက်ရယ်
မှော်ဆရာရဲ့ ဝှက်ဖဲကို မျှော်ရင်း
တို့ များ အာရုဏ်မသစ်ချင်ဘူး
ခေါင်းပြူလာစ နေဝန်းသစ်ကို
အားအင်ရှိတဲ့လက်နဲ့ 
လက်ဆွဲနှုတ်ဆက်ချင်တာပါ၊
သစ်ပြန်ပြီ ပိတောက်ရယ်
အမှိုက်ပုံထဲ ရောက်သွားတဲ့ အဟောင်းတွေ
ပြတိုက်ထဲရောက်သွားတဲ့ အဟောင်းတွေ
မျိုးကွဲတွေ မြိုချရင်း သစ်ခဲ့ပြန်ပေါ့
အရေခွံလဲပြီးစ အပျိုမ အလှနဲ့ 
အဆိပ်တွေ ထပ်ပြင်းပါရစေလေ၊
သစ်ပြန်ပြီ ပိတောက်ရယ်
ငါတို့  အာရုဏ်ဦးက
ပါဝါမျက်မှန်ထူကြီးကို တပ်လို့ ပေါ့
က်ည္ကာအက်ႌလဲ သူဝတ္ထားပါရေစတဲ့
ဗီတာမင် အေတူဇက်ကို ဆောင်မြဲအတိုင်းဆောင်ရင်း
ရှေ့ နောက်ဝဲယာအားလုံးကို လက်ဝှေ့ ပြုံးပြရှာတယ်၊
သစ်ပြန်ပြီ ပိတောက်ရယ်
ဝတ်စုံသစ်နဲ့  တကယ်သစ်နိုင်ရင် ကောင်းပေါ့
ခုတော့ တပတ်ရစ် ဘေထုတ်ထဲက ကောင်းနိုးရာရာရွေး
တို့ ရဲ့ မိုးတိမ်သစ်ကို ဆင်ယင်ပေးခဲ့ရ
သူ့ ကိုလဲ ဒရစ် ပုလင်းကြီး ချိတ်ပေးထားတယ်၊
သစ်ပြန်ပြီ ပိတောက်ရယ်
အစဉ်လာသားတွေကို
နို့ ဖြူရည်တွေလောင်းချိုးသန့် စင်
ရာသီတွေကို အလှည့်ကျ တေးဆိုခွင့်ပြုရင်း
တသစ်ဆန်းတေးတွေ ရိုးအီနေလဲ ကခိုင်း
ပွဲထုတ်ပေးလိုက်ရတာကို နားလည်ပေးပါ၊
သစ်ပြန်ပြီ ပိတောက်ရယ်
ကျန်းမာရေးချို့ တဲ့နေတဲ့ ဧရာဝတီကို
ပြုံးပြဖို့ ခွန်အား စုမရသေးဘူး
သားဆိုးတွေ ဦးစီးနေတဲ့ အိမ်ထောင်ရေးမှာ
သံလွင် ယမ်းအဆိပ်တွေ ပြယ်ဖို့ 
ချင်းတွင်း အက်ဆစ်တွေနဲ့ သွေးမနှောဖို့ 
အသည်းနှလုံးဖောက်ခံ လက်ပံတောင်းတောင်တဝိုက်
ဖွားဘက်တော်တွေ အသည်းနှလုံးအစားထိုးကုနိုင်ဖို့ 
ရခိုင်ကမ်းရိုးမြေနုတွေ မျက်စောင်းပစ်မခံရဖို့ 
လိုင်ဇာရောက် ချိုးဖြုတွေ နေရာအနှံ့  တောင်ပံခတ်နိုင်ဖို့ 
ဒေသရဲ့ ဒေသခံတွေ ဒေဝါလီမခံရဖို့ 
ပိတောက်ခက်နဲ့ ရေပက်ကြည့်ရဦးမယ်။
သစ်ပြန်ပြီ ပိတောက်ရယ်
မိုးကုတ်စက်ဝိုင်းကို တု  လှေခါးထောင်ရင်း
မျိုးစိပ်တွေ ကူးပွားခဲ့ နက္ကတစ်များ
အပြာရောင်မှ ခြယ်ပါစ
အနီရောင်မှ ရဲပါစ
အဖြူရောင်မှ လွင်ပါစ
ပိတောက်ကတော့ ရွှေရောင်ဝင်းဝံ့မြဲလေ၊
သစ်ပြန်ပြီ ပိတောက်ရယ်
သြော့့်  သစ်ပြန်ပြီတဲ့လား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts