ကဗျာ အိုကေလင်း

စ စ်


အိုကေလင်း
ဧပြီ ၃၊ ၂၀၁၃
စစ်ကြီးကဖြစ်ခဲ့တယ် အချစ်ရယ်
အရွယ်ကောင်း ယောကျာ်း မိန်းမတွေ
ရေကြည်ရာ မြက်နုရာ…
စစ်တိုက်ထွက်ရာ…
စစ်ကြီးကဖြစ်ခဲ့တယ် အချစ်ရယ်
ပံျ့နှံ့နေတဲ့ ကမ္ဘာအရပ်ရပ်
မြို့ကြီးများနောက်ခံ ငါတို့ဓါတ်ပုံများ
တယ်လီဖုန်းထဲ ပိုက်ဆံနည်းနေပြီလား
စစ်ပန်းနေတဲ့
တနင်္ဂနွေအားလပ်ရက်တွေ
တပတ်စာ အားရပါးရ ပြုံးထားလိုက်စမ်း
စစ်ကြီးပေါ့
သံယောဇဉ် စစ်စစ်ကြီးတွေ
အိမ်ရဲ့အဝေးကို တိုးသထက် တိုးဝင်သွားကြ
အိမ်ဆိုတဲ့ အသံတွေ ပါးစပ်ဖျားက တိုးတိတ်သွားတဲ့အထိ
စစ်ကြီးပါပဲ အချစ်ရယ် ။
အဲ့ဒီမှာ…
ငါ့မှာ…ငါနဲ့
စစ်ဖြစ်နေလို့ချည်းပဲ မပြီးသေးတော့
အခု အရေးအသားတွေ
မင်းသိရဖို့က လိုသေးတာပဲ ။
စစ်သတင်းတွေ ဖလှယ်ဖို့
ဇော်ဂျီဖောင့်လေးတော့ အဆင်ပြေအောင်လုပ်ကြည့်ပါ
(အဲ့ဒါက သံရုံးသွား သက်တမ်းတိုးရသလောက်မှ မခက်ပဲ)
သတိရခြင်းတွေကိုပဲ စစ်သီချင်းလိုဆို…
ကဲ..
တစ်….နေရာယူ
နှစ်….အဆင့်သင့်ပြင်
သုံး…………………
……………
…………… ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts