ကဗျာ

ကြိုး က ဗျာ

ဆောင်းလူ
မတ်လ ၂၆၊ ၂၀၁၃

ဟိုကြိုး တပ်ရ …

ဒီကြိုး တပ်ရ …

ဆွဲဆန့်လိုက်ရမလား …

ခွေခေါက်လိုက်ရမလား …

ပြန့်ကျဲကျနေတဲ့ ကြိုးတွေ

စိတ်နဲ့အတူ ဒရောသောပါး ….။

လူတွေပြောတဲ့

ဟိုကြိုး ..ဒီကြိုး …

သူတို့အပေါ်မှာ

က,ချင်သူတွေရှိသလို …

လမ်းလျှောက်သူတွေရှိတယ် …။

…. ….. …

ကြိုးဆွဲချင်သူတွေရှိသလို

တချို့ .. တချို့ကြ

ကြိုးလေးကို ခို …

အို … ယီးလေးယို .. ယီးလေးယိုတဲ့ ….။

ခေါင်းကစောင်း …

လည်ကစောင်း ….

အ၀င်လား .. အထွက်လား …

စမ်းတ၀ါးဝါးမှာမှ

တလိမ်ပူး ..

နှစ်လိမ်ပူး ..

ဘ၀မကူးမချင်း

ပူးချင်းတိုင်း ပူးနေကြလို့

ဖြည်ရသူ ..ဘ၀ ….

ဟိုကြိုးဆွဲချ .. ဒီကြိုးဆွဲချနဲ့

အစွန်းနှစ်ဘက်

မြဲမြဲဆုပ်ကိုင်မိခဏ

……

ကိုယ့်ကိုယ်ပိုင်ကြိုး

ငေးကြည့်မိမှ

မုဆိုးဒူးထောက်ထိုင် …

ဘ၀ကိုမှ အပီအပြင် ချိန်ရွယ်လို့ပါလား …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts