မျက်မှောက်ရေးရာ သတင်းပဒေသာ

နေပြည်တော်ဟိုတယ်များတွင် နိုင်ငံခြားသား တည အခမဲ့ တည်းခွင့်ပြုမည် – free hotel rooms for foreign visitors in Nay Pyi Daw

မိုးမခအထောက်တော် အမှတ် ဝဝ၎
မတ် ၂၁၊ ၂ဝ၁၃

နေပြည်တော်သို့ရောက်လာသော ခရီးသည်များ သွားရောက် လည်ပတ်နိုင်သည့် နေရာ အနည်းငယ်ထဲတွင် ဆင်ဖြူတော်များကို ထိန်းချုပ်ထားသည့်နေရာလည်း ထိပ်တန်းက ပါဝင်သည် (ဓာတ်ပုံ – မိုးမခ)

နေပြည်တော်သို့ နိုင်ငံခြားဧည့်သည်များ လာရောက်ကြရန် မက်လုံးပေးသည့်အနေဖြင့် အခမဲ့ အစီအစဉ်အများအပြားကို ၃ လ ကြာ ဆောင်ရွက်မည် ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောဆိုလိုက်ကြောင်း ဗုဒဟူးညပိုင်း ရုပ်သံသတင်းများတွင် ထုတ်လွှင့်သွားသည်။

ဧပြီ၊ မေ၊ ဇွန်လတို့တွင် နိုင်ငံခြားသား ခရီးသည်ကို လေဆိပ်မှ ဟိုတယ်အထိ အခမဲ့ ပို့ဆောင်ရေး၊ ဟိုတယ်တွင် နံနက်စာ အပါအ၀င် အခမဲ့ တစ်ညတည်းခွင့် ပြုရေး စသည့်အစီအစဉ်များ ဖြစ်သည်ဟု ဆိုသည်။

နေပြည်တော်ဟိုတယ်များမှ ပိုင်ရှင်များ၊ မန်နေဂျာများကို  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ခေါ်ယူ ဆွေးနွေးပြီး အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယခု နည်းလမ်းဖြင့် မက်လုံးပေးပါက နေပြည်တော်သို့ နိုင်ငံခြားသား ပိုမို လာရောက်မည်ဟု  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဆက်လက် ရှင်းပြသည်။

ထို မက်လုံးပေး အစီအစဉ်အတွက်  ဟိုတယ်တစ်လုံးလျှင် နေ့စဉ် အခန်း ၁၀ ခန်း သုံးရန် လျာထားကြောင်း၊ ဟိုတယ်ပေါင်း ၃၁ ခု ရှိသည့်အတွက် အခန်းပေါင်း ၃၁ဝ ပါဝင်မည်ဟု  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ရှင်းပြသည်။

တည်းခိုခ နှုန်းထား ကန့်သတ်သည့် ၃ လ အစီအစဉ်ကိုလည်း  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ရှင်းပြသည်။

ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများတွင် ဟိုတယ်အခန်းခကို တစ်ရက် ဒေါ်လာ ၃ဝ သတ်မှတ်သည်ဟု  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောသည်။

နေပြည်တော်လေဆိပ်ကို ပြည်ပဧည့်သည်တင်ဆောင်သည့် လေယာဉ်များ ပုံမှန် ဆင်းနိုင်ရေးအတွက် နိုင်ငံခြားဧည့်ရရှိရန် ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်ဟု  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က  ရှင်းလင်း ပြောကြားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts