ဓာတ်ပုံသတင်း

၈၈မျိုးဆက် ကိုဌေးကြွယ် အမေရိကန်ရောက်ပြီ

၈၈မျိုးဆက် ကိုဌေးကြွယ် အမေရိကန်ရောက်ပြီ

မိုးမခဓာတ်ပုံသတင်း၊ မတ် ၁၅၊ ၂၀၁၃

ယမန်နေ့ မတ်လ ၁၄ (အမေရိကန်အချိန် မတ် ၁၃) က ဥရောပခရီးစဉ်မှ ထွက်ခွာလာသူ ၈၈ မျိုးဆက် ကိုဌေးကြွယ် အမေရိကန်ခရီးစဉ်စတင်ရန် နယူးယောက် JFK လေဆိပ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ၎င်း၏ မိတ်ဆွေဟောင်းများက သွားရောက်ကြိုဆိုပြီး ၀ါရှင်တန်ဒီစီသို့ ပို့ဆောင်ပေးခဲ့ကြသည်ဟု သိရသည်။

မတ်လ ၁၆ ရက်နေ့တွင် မေရီလင်းမြို့နယ်၊ မင်္ဂလာရာမကျောင်းတိုက်တွင် ၂၅ နှစ်မြောက် တံတားနီနေ့ အထိမ်းအမှတ် စုပေါင်းဆွမ်းကျွေးပွဲဖြင့် ကုသိုလ်ပြု တွေ့ဆုံကြမည်ဟု ဆိုသည်။ ၎င်းနောက် ညနေခင်းတွင် မြန်မာကွန်မြူနီတီနှင့် တွေ့ဆုံကြမည်ဖြစ်သည်။ မတ် ၂၂၊ ၂၃ တွင် နယူးယောက်ပြည်နယ် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲများ ရှိပြီး မတ်လ ၂၉  တွင် ဆန်ဖရန်ဘေးဧရိယာ မြန်မာများနှင့် မိတ်ဆုံ ဆွေးနွေးပွဲ စီစဉ်ထားသည်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts