ကဗျာ ကမာပုလဲ

ဗဂျီအောင်စိုးမှ အောင်ဗဂျီကိုး … သို့

ကမာပုလဲ
မတ်လ ၁၀၊ ၂၀၁၃
တညသားမှာ
ကျနော့်ကို လက်တို့
အိပ်ယာကနေ လာလို့ နှိုးတယ် မေမေ …။
“ချစ်သား … ငါ့နောက်လိုက်ခဲ့” တဲ့ ။
ဗောဓိ ညောင်ပင်လား
သစ်ပင်ကြီးတပင်အနားဆီ ခေါ်သွား
“ချစ်သား … အသင် ဘာမြင်သလဲ” တဲ့ ။
ညောင်ရွက်ကလေးတွေက စိမ်းမြ
“ကျနော့် နှလုံးသား ကျနော်ပြန်မြင်နေရတယ် သခင်” ။
“ကောင်းပြီ ချစ်သား
သူဟာ ငါဖြစ်တယ်” ။
ရုတ်တရက်
အိပ်ယာကနေ လန့်နိုး
ဇောချွေးတွေနဲ့ စီးထန်းလာ
“သစ္စာသည်သာ အလှတရား”
ကျနော် …
ကျနော့်ဘ၀ကို ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ပြီ မေမေ။ ။
+ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ သစ္စာတရားကို ခံစားရေးဖွဲ့တယ်။
+ “သစ္စာသည်သာ အလှတရား” = ဆရာကြီး ပန်းချီအောင်စိုးပြောခဲ့သောစကား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts