ကဗျာ ကမာပုလဲ

မိ န်း မ

ကမာပုလဲ
မတ်လ ၈၊ ၂၀၁၃
ဆံထုံး အချစ်ကြောင့် သူ့နောက်ပါတယ် …
လူမုန်းခံရမှာ သိတယ် …
မိဘတွေ သဘောမတူမှာ သိတယ် …
အို … သိတယ် … သိတယ် … သိတယ် …။
တချို့က
လင်ယူ သားမွေးလို့ ပြောကြတယ် …
တချို့က
ပါရီမီ ဖြည့်ဖက်လို့ ပြောကြတယ် …
တချို့ကျတော့ ထားရာနေ စေရာသွား ဆိုပဲ …။
သူမရှိရင် … ကမ္ဘာကြီးမရှိဘူးတဲ့
နေကြာပန်းတွေလို ….
ကုမုဒြာ ကြာပန်းတွေလို ….။
စူဠသုဘဒ္ဒာ
နန်းမတော်မယ်နု
……………….
…………………..
သူတို့ … သူတို့တွေ မပါတဲ့ ခေတ် …
(ကမ္ဘာလောကကြီးကို)
အချစ်အချစ်တွေနဲ့ …
အသစ်အသစ် ဖြစ်စေခဲ့တယ် …။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts