ကဗျာ ကမာပုလဲ

ညွှတ်ကွင်း

ကမာပုလဲ
မတ်လ ၇၊ ၂၀၁၃
စိတ်သွားတိုင်း အလွမ်းကပါတယ် မေမေ
ခုဆို အမေ့အိမ် ကတက်ရွက်ကလေးတွေ နုနေမှာ
ဥသြတွန်သံကြားသလားမေမေ …
ချိုးငှက်ကလေးကလည်း အမေ့ကို လွမ်းအောင် ကူချွဲနေမှာပဲ …။
စိတ်သွားတိုင်း အလွမ်းတွေက တနင့်တပိုးနဲ့ပါ မေမေ
တမာပင်ကလေး ပွင့်ပြီလား
လမ်းထိပ်က ဘုံပိုင် ပိတောက်ပင်ကြီးကရော …
ရွှေရင် တထိတ်ထိတ် ခုန်လို့
ဖူးလို့ ငုံလို့ ကျနော့်ကို စောင့်မျှော်နေဆဲလား …
ငုတွေတော့ ဒီမှာလည်း ပွင့်တယ်မေမေ …။
စိတ်သွားတိုင်း အလွမ်းက ကပ်ပါနေ
ကျနော့် ဘ၀ မတည်မြဲဘူးမေမေ
မေမေ ပြောသလို …
မေမေ ကိုးကွယ်ခဲ့သလို …
မမြဲတဲ့ ကျနော့်ဘ၀မှာ …
အလွမ်းတွေက … မေမေရယ်
စိတ်သွားတိုင်းလေ …
ထပ်ချပ်မကွာ မြဲခဲ့တယ် … ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts