ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

အေးချမ်းပါစေ မြန်မာပြည်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မတ်လ ၄၊ ၂၀၁၃


လူမျိုးရေးပဋိပက္ခကြောင့် ဘေးဒုက္ခခံစားနေရသော ရခိုင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ထံသို့ ကူညီထောက်ပံ့ရေးခရီးစဉ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)သည် စတုတ္ထအကြိမ်မြောက်အဖြစ် ၁၄.၂.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏  အလုပ်အမှုဆောင်များဖြစ်ကြသော ဦးသိန်း ဦး၊ ဦးသိန်းထွန်းနှင့် ဦးကျော်ဝင်းတို့သည် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိခဲ့ကြသည်။


ထို့နောက်စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း (၅) ခုနှင့် (ABC) မိဘမဲ့ကလေးများစောင့်ရှောက် ရေးဂေဟာများသို့ လိုအပ်သည်များကို ပံ့ပိုးနိုင်ရန် သွားရောက်လေ့လာကြကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ၁၅.၂.၂ဝ၁၃ ရက်နေ့တွင် မြောက်ဦးမြို့နယ်နှင့် မောင်းတောမြို့နယ်များသို့ သွား ရောက် ကူညီမှုပေးနိုင်ရန် ၄င်းဒေသရှိ ကယ်ဆယ်ရေးစခန်းများအတွက် လိုအပ်သော ပဲ၊ ငါးခြောက်နှင့် ရေစုတ်စက်၊ လက်တွန်းထွန်စက် စသည့်ပစ္စည်းများကို ဝယ်ယူစုဆောင်းခဲ့ကြပြီး ၁၆.၂.၂ဝ၁၃ ရက်နေ့တွင် မြောက်ဦးမြို့သို့ သင်္ဘောဖြင့်သွားရောက်ကြကာ မြောက်ဦး နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူများနှင့် တွေ့ဆုံကြကာ (ယာယီ)ကယ်ဆယ်ရေးစခန်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် ဆန် (၁၆) အိတ်၊ ပဲ (၃ဝ) ပိဿာ၊ ငါးခြောက် (၃ဝ) ပိဿာတို့ကို လှူဒါန်း ထောက်ပံ့ပေးခဲ့ကြသည်။

၁၇.၂.၂ဝ၁၃ ရက်နေ့တွင် မင်းပြားမြို့သို့ ဆက်လက်သွားရောက်ကာ မင်းပြားမြို့နယ် နာရေးကူညီ မှုအသင်းမှ အဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပြီး ၄င်းတို့၏ မီးသင်္ဂြိုလ်စက်အား လေ့လာကြည့်ရှုကာ အသင်းအဖွဲ့ အချင်းချင်း အကြံဉာဏ်များကို ဖလှယ်ဆွေးနွေးခဲ့ကြသည်။ ၁၈.၂.၂ဝ၁၃ ရက်နေ့တွင် မင်းပြားမြို့မှ စစ် တွေမြို့သို့ ပြန်လည်ရောက်ရှိကာ မောင်းတောနှင့် ဘူးသီးတောင်မြို့နယ်များသို့ သွားရောက် လှူဒါန်းရန် အတွက် လိုအပ်သောပစ္စည်းများကို လှည့်လည်ဝယ်ယူခဲ့ကြပြီး ၁၉.၂.၂ဝ၁၃ ရက်နေ့တွင် မောင်းတော ခရိုင်တွင် လိုအပ်သည့်ပစ္စည်းများကို သယ်ဆောင်ကာ စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ သင်္ဘောဖြင့် (၄) နာရီခန့်ကြာ သွားရောက်ကာ ဘူးသီးတောင်မှတဆင့် မောင်းတောမြို့သို့ မော်တော်ကားဖြင့် တဆင့်သွား ရောက်ခဲ့ကြသည်။ မောင်းတောမြို့တွင် “မောင်းတောခရိုင် အမျိုးသားကာကွယ်စောင့်ရှောက်ရေး ဖောင် ဒေးရှင်း”နှင့် တွေ့ဆုံခဲ့ကြပြီး မောင်းတောဒေသရှိ ကယ်ဆယ်ရေးစခန်း (၁၃) ခုထံသို့ သွားရောက်၍ အား ပေးခဲ့ကြသည်။ ထို့နောက် ၂၁.၂.၂ဝ၁၃ နှင့် ၂၂.၂.၂ဝ၁၃ ရက်နေ့များတွင် စစ်တွေမြို့နှင့် ရန်ကုန်မြို့များမှ ရောက်ရှိလာသော ငါးခြောက်၊ ဆန်၊ ပဲ၊ ရေစုတ်စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက် စသည့်ပစ္စည်းများ အား ကယ်ဆယ်ရေးစခန်း (၁၃) ခုသို့ ဖြန့်ဝေလှူဒါန်းခဲ့ကြပြီး ၂၃.၁၂.၂ဝ၁၃ ရက်နေ့တွင် မောင်းတောမှ စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြကာ စစ်တွေမြို့နယ်၏ ကယ်ဆယ်ရေးစခန်း (၅) ခုရှိ အိမ်ထောင်စု ပေါင်း (၆၉ဝ) အတွက် ပဲ၊ ငါးခြောက်၊ ငွေသား စသည့်ပစ္စည်းများကို လှူဒါန်းခဲ့ကြပြီး ၂၄.၂.၂ဝ၁၃ ရက်နေ့ တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ လှူဒါန်းငွေများဖြင့် ယခုကဲ့သို့ နယ်မြေ မအေးချမ်းမှုနှင့် လူမျိုးရေးပဋိပက္ခတို့အကြားတွင် ဘဝနောင်ရေးအတွက် ရတက်မအေး ဖြစ်နေရရှာသော ရခိုင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဒုက္ခကိုမျှဝေခံစား ဖေးမပေးခဲ့သည်မှာ (၄) ကြိမ်ရှိခဲ့ပြီ ဖြစ် သည်။ ယခုအကြိမ်တွင် ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ လှူဒါန်းမှုတွင် ဆန်အိတ် (၅ဝဝ)၊ ပဲ၊ ငါးခြောက်၊ ရေစုတ်စက်များ၊ ထော်လာဂျီယာဉ်၊ လက်တွန်းထွန်စက် စသည့်ပစ္စည်းများနှင့် ငွေသားများ စုစုပေါင်းတန်ဖိုး သိန်း (၂၅ဝ) ကျပ်ခန့် လှူဒါန်းနိုင်ခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ လှူဒါန်းနိုင်ခြင်းမှာ အလှူရှင် များ၏ ထက်သန်သော သဒ္ဒါတရား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများ၏ အများ ပြည်သူတို့အပေါ်တွင် စာနာစိတ်ထားနှင့် ဗြဟ္မစိုရ်နှလုံးသားတို့ကြောင့် ထိုကဲ့သို့ အကြိမ်ကြိမ် လှူဒါန်းနိုင် ခဲ့ကြခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူမျိုးရေးပဋိပက္ခကြောင့် ဒုက္ခခံစားနေရသော ရခိုင်ပြည်သူ ပြည်သား အပေါင်းအနေဖြင့် စားဝတ်နေရေး ကျန်းမာရေး၊ ပညာရေးအတွက် မရှိမဖြစ် လိုအပ်နေကြသေးသည် ဖြစ်ရာ မြန်မာနိုင်ငံသားများအနေဖြင့် ဝိုင်းဝန်းစောင့်ရှောက် ကူညီမှုပေးနိုင်ရန် လိုအပ်လျှက်ရှိနေပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့်လည်း တက်နိုင်သ၍ အလှူရှင်များနှင့် လက်တွဲကာ ကူညီပေး နေဦးမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသားများအားလုံး အေးချမ်းသာယာရှိပါစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts