မိန့်ခွန်း

၈၈ မျိုးဆက် ကိုဌေးကြွယ်၊ ဆွစ်ဇာလန်သံတမန်ပွဲမှာ ပြောကြားတဲ့မိန့်ခွန်း ကောက်နုတ်ချက် ။ မတ် ၄၊ ၂၀၁၃

၈၈ မျိုးဆက် ကိုဌေးကြွယ်၊ ဆွစ်ဇာလန်သံတမန်ပွဲမှာ ပြောကြားတဲ့မိန့်ခွန်း ကောက်နုတ်ချက် ။ မတ် ၄၊ ၂၀၁၃

(ကို) မျိုးသန့်၏ ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြပါတယ်။

မှတ်ချက်။ ။ တရားဝင် ဘာသာပြန်ချက် မဟုတ်ပါ။ ထို့ကြောင့် ၎င်း၏ မိန့်ခွန်း အင်္ဂလိပ်လိုမူရင်းကိုပါ ဖတ်နိုင်ရန် ပူးတွဲ တင်ပြထားတယ်။ ဘာသာပြန်သူ- မျိုးသန့်- ဖတ်သည့်အတွက် ကျေးဇူးတင်ပါတယ်။

March 1, 2013

မတ်လ(၁) ရက် ၂၀၁၃

Firstly, I would like to thank you all for supporting changes and improvement of human rights in our country. My name is Htay Kywe. I am a former political prisoner and one of the members of 88 Generation, comprised of student leaders who led the pro-democracy movement in Myanmar in 1988.

ပထမဦးစွာ- နိုင်ငံအတွင်း လူ့အခွင့်အရေး တိုးတက်ကောင်မွန်စေရေးနှင့် အပြောင်းအလဲတွေကိုပါ ထောက်ခံနေခြင်းတို့အတွက် ကျွန်တော်အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်နာမည် ဌေးကြွယ်လို့ခေါ်ပါတယ်။ ကျွန်တော်ဟာ နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်ခဲ့ပြီး၊ (၁၉၈၈) ခုနှစ် ဒီမိုကရေစီရေးထောက်ခံ လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သော ကျောင်းသားခေါင်းတွေဖြစ်သည့် (၈၈) မျိုးဆက်၏ အဖွဲ့ဝင် တယောက်လည်းဖြစ်ပါတယ်။

I served in prison for over 18 years because of my conscious and belief for human rights, human dignity and democracy. I was a victim of militarism that long time violated human rights of citizens of our country. I was one among thousands of political prisoners who served many years of our life in prison for the same belief for democracy and human rights. I would also like to take this opportunity to thank you – your country, your government and your citizens – for fervently supporting and calling for many years for our release from prison, including through the human rights council resolutions.

ကျွန်တော်ဟာ (၁၈) နှစ်ကျော် အကျဉ်းကျခံခဲ့ရသူဖြစ်ပါတယ်။ အကြောင်းက ကျွန်တော်၏ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် ဒီမိုကရေစီရေးတို့အတွက် ယုံကြည်သော အသိဖြင့် ဆောင်ရွက်ခဲ့သောကြောင့်ဖြစ်တယ်။ ကျွန်တော်ဟာ နှစ်ပေါင်းမြောက်များ အကျဉ်းထောင်ထဲမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် တူညီသော ယုံကြည်ချက်ရှိခဲ့သည့် ထောင်နှင့် ချီသော နိုင်ငံရေးအကျဉ်းသားတွေ အထဲက တယောက်ဖြစ်ခဲ့ပါတယ်။ လူ့အခွင့်ရေးကောင်စီ၏ ဆုံးဖြတ်ချက်များ ချမှတ်လာရေးအပါအ၀င် အကျဉ်းထောင်ကနေ ကျွန်တော်တို့ လွတ်မြောက်ရေးအတွက် နှစ်ပေါင်းများစွာ စိတ်ရောကိုယ်ပါ ထောက်ခံဆောင်ရွက်ပေးခဲ့မှုအတွက် ကျွန်တော်အနေဖြင့် အခွင့်ရသည့်အခုလိုအချိန်မှာ ခင်ဗျာတို့၏ တိုင်းပြည်၊ ခင်ဗျာတို့၏ အစိုးရနှင့် ခင်ဗျာတို့ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။

With repeated calls from Myanmar people and the international community, we were finally released from prison in January 2012. Since our release, we have been traveling across the country to meet with people and communities, including ethnic communities, ethnic political parties and ethnic armed groups. We listened to their hopes, aspirations, concerns and needs. While we try to empower them to exercise their rights, we also communicate with the international community and advocate for their rights.

နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် မြန်မာပြည်သူတွေ၏ ကြိမ်ဖန်များစွာ တောင်းဆိုမှုတွေကြောင့် နောက်ဆုံးမှတော့ (၂၀၁၂) ခုနှစ် ဇန်န၀ါရီလတွင် ကျွန်တော်တို့တတွေ လွှတ်မြောက်လာခဲ့ပါတယ်။ လွှတ်မြောက်လာကတည်းက ကျွန်တော်တို့တတွေ နိုင်ငံအနှံ့ ခရီးထွက်ပြီး တိုင်းရင်းသားများ၊ တိုင်းသားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအ၀င် ပြည်သူတွေနှင့် အမျိုးမျိုးသော အဖွဲ့အစည်းတွေကို တွေ့ဆုံနေပါတယ်။ သူတို့၏ မျှော်လင့်ချက်တွေ၊ အာသီတတွေ၊ စိုးရိမ်မှုတွေနှင့် လိုအပ်ချက်တွေကို ကျွန်တော်တို့ နားထောင်ခဲ့ကြပါတယ်။ ကျွန်တော်တို့က သူတို့၏ ကိုယ်ပိုင်အခွင့်အရေးများကို သူတို့ ကိုယ်တိုင် လုပ်ဆောင်လာရန်အတွက် ကြိုးစား လုပ်ဆောင်နေစဉ်မှာ- ကျွန်တော်တို့သည် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် အဆက်အသွယ်ပြုပြီး သူတို့၏ အခွင့်အရေးများအတွက် ထောက်ခံပြောဆိုပေးပါတယ်။

Most recently we met with the Special Rapporteur Mr. Quintana. We discussed and shared with him on the current human rights situation in Myanmar. And I am very pleased to have read the statement of Mr. Quintana as his statement reflects our concerns with regards to human rights situation in our country. And I want to thank him for that.

များမကြာမှီက လူ့အခွင့်အရေးကိုယ်စားလှယ်  မစ္စတာကာတားနားနှင့် ကျွန်တော်တို့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ သူနှင့်အတူ မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေး ဖလှယ်ခဲ့တယ်။ မစ္စတာကာတားနား၏ ကြေညာချက်ထဲတွင် ကျွန်တော်တို့၏ လူ့အခွင့်အရေးအပေါ် စိုးရိမ်မှုများနှင့် ရောင်ပြန်ဟတ်နေဒါတွေကို ဖတ်ရသောကြောင့် ကျွန်တော်အနေဖြင့် သိပ်ကို အားရကျေနပ်မိပါတယ်။ အဲဒီအတွက် ကျွန်တော်အနေဖြင့် သူကို ကျေးဇူးတင်ချင်ပါတယ်။

We can say that Myanmar political landscape has changed after the 2010 elections. Along with elections, now we have parliament, executive and judiciary organs in place. There is a separation of power; however, it is still imbalanced. There is also a gap between policy and implementation for the changes. In addition, the role and participation of military in politics guaranteed in the 2008 constitution are key challenges for improvement of human rights in Myanmar.

(၂၀၁၀) ရွေးကောက်ပွဲတွေအပြီးတွင် မြန်မာ့နိုင်ငံရေးအခင်အကျင်ဟာ ပြောင်းလဲသွားခဲ့ပြီဆိုဒါကို ကျွန်တော်တို့ပြောနိုင် ပါတယ်။ ရွေးကောက်ပွဲတွေနှင့်အတူ အခုဆိုလျင် ကျွန်တော်တို့ဆီမှာ လွှတ်တော်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဌာနများ ရှိနေပြီဖြစ်တယ်။ အာဏာ ချိန်ခွင်လျှာ မမျှသေးသော်လည်း အာဏာကို ခွဲခြားထားပါတယ်။ အပြောင်းအလဲတွေအတွက် မူဝါဒနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုတို့အကြား ကွာဟချက် တခုကတော့ရှိနေသေးတယ်။ သည့်အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့အတွက် သော့ချက်ကျသော စိန့်ခေါ်မှုများရှိနေဒါက (၂၀၀၈) အခြေခံဥပဒေမှာ နိုင်ငံရေးအတွင်း စစ်တပ်၏ ပူးပေါင်းပါဝင်ရေးနှင့် အခန်းကဏ္ဏတို့ ရှိနေမှုများ ဖြစ်တယ်။

Nevertheless, since after the by-elections in 2012, we have seen some positive progresses – even though they are incomplete and still a long way to go. These progresses include such as increased media freedom, opening space for the civil society and ongoing peace process between the government and ethnic armed groups, as well as the government’s increased cooperation with the international family.

သို့ပင်ဖြစ်သော်ငြားလည်း- (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲတွေပြီးကတည်းက- မပြီးပြတ်သေးမှုဖြင့် လုပ်စရာတွေများစွာ ရှိနေသော်လည်း- အပြုသဘောဆောင်သော တိုးတက်မှု တချို့ကိုတော့ ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ၎င်းတိုးတက်မှုတွေက မီဒီယာလွတ်လပ်မှုများ တိုးပွားလာမှု၊ အရပ်သား လူ့အဖွဲ့အစည်းတွေအတွက် လုပ်ကိုင်နိုင်သော နေရာများရှိလာမှု၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖြစ်ပေါ်လာမှုနှင့် အစိုးရအနေဖြင့် နိုင်ငံတကာမိသားစုနှင့် တိုးပြီး ပူးပေါင်းဆောင်ရွက်လာမှုတွေ ပါဝင်ပါတယ်။

However, there are serious human rights problems that need to be addressed, including widespread land confiscation, malpractice and abuses of various levels of authorities, lack of rule of law, malfunction of judiciary, and deep rooted corruption. There have been series of protests and demonstrations by farmers, workers and citizen rights activists, which were not responded positively by authorities, and in some cases were even violent.

သို့သော်လည်း- အာဏာဖြင့် မြေတွေကို သိမ်းယူထားမှု၊ အဆင့်ဆင့်ရှိ များပြားသော အာဏာပိုင်တွေ၏ တာဝန်မဲ့မှုနှင့် မတရားပြုမူမှု၊ တရားဥပဒစိုးမိုးမှု မရှိမှု၊ တရားစီရင်မှုတို့ကို စွမ်းဆောင်နိုင်မှုများ ပျက်ပြားနေမှုနှင့် အမြစ်တွယ်သော အကျင့်ပျက်ခြစားမှုတွေအပါအ၀င် လေးနက်သော လူ့အခွင့်အရေးပြဿနာတွေ ရှိနေပြီး၊ ၎င်းတို့ကို ဖြေရှင်းပြီးဖြစ်ဖို့ လိုအပ်နေတယ်။ တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် နိုင်ငံသားများ၏ ဆန့်ကျင် ကန့်ကွက်မှုများနှင့် ဆန္ဒပြမှုများဟာ အစဉ်မပြတ်ဖြစ်ပေါ်နေလျက်ရှိတယ်။

More importantly, we need a sustainable solution for genuine peace and national reconciliation, which is vital need for a successful transition to democracy and promotion and protection of human rights. In order for our country to become truly democratic, it is essential that people in Myanmar can fully and safely exercise their freedom of expression, assembly and association. We need the Human Rights Council and the Special Rapporteur to continue to encourage the government to carry out systemic reforms to establish the rule of law.

ပိုပြီးအရေးကြီးစွာဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် ခိုင်မာသည့် ဖြေရှင်းမှုမျိုး ကျွန်တော်တို့လိုအပ်တယ်။ အဲဒီဟာတွေက အောင်မြင်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးတို့ကို ထောက်ခံအားပေးရေးတို့အတွက် အရေးကြီးသော လိုအပ်ချက်ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်တွင် စစ်မှန်သော ဒီမိုကရေစီဖြစ်လာဖို့ရာမှာ မြန်မာနိုင်ငံရှိ ပြည်သူတွေအနေဖြင့် ပြည့်စုံပြီး၊ စိတ်ချစွာ ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော်မှု၊ စုဝေးမှုနှင့် ဖွဲ့စည်းမှုတို့ကို ပြုလုပ်နိုင်ဖို့ရာ မရှိမဖြစ်လိုအပ်တယ်။ ကျွန်တော်တို့အနေဖြင့် လူ့အခွင့်ရေးကောင်စီနှင့် လူ့အခွင့်ရေးကိုယ်စားလှယ်တို့ကနေ အစိုးရကို ဆက်လက်၍ တရားဥပဒေစိုးမိုးမှုများ တည်ရှိလာရန် စနစ်တကျ ပြုပြင်ပြောင်းလဲရေးတို့ကို လုပ်ဆောင်နေအောင် အားပေးပေးဖို့လိုအပ်တယ်။

The government must develop an independent and impartial judicial system. They need to implement good governance practices and guarantee inclusive and safe participation of all in the reform process. Also, they must release all remaining political prisoners.

အစိုးရက လွတ်လပ်ပြီး ဘက်မလိုက်သော တရားရေးစနစ်ရှိလာအောင် လုပ်ရမှာဖြစ်တယ်။ သူတို့တတွေ လုပ်ကိုင်ရမှာက ကောင်းမွန်သော အစိုးရဖြစ်ပေါ်လာစေရေးကို အကောင်အထည်ဖော်ပေးရန်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်းမှာ အားလုံးက စိတ်ချစွာ ပူးပေါင်းပါဝင်လာဖို့ အာမခံပေးရန် စသည်တို့ လိုအပ်တယ်။ သူတို့အနေဖြင့် ကျန်ရှိသော နိုင်ငံရေးအကျဉ်းသားများကိုပါ လွှတ်ပေးရေးလည်း လုပ်ရမှာ ဖြစ်တယ်။

And I would like to call on your support for the ongoing mandate of Special Rapporteur and the Council’s resolution on Myanmar human rights situation as well as the opening of the office of Human Rights Commission in Myanmar to ensure a peaceful and successful democratic transition and improvement of human rights situation in our country.

ကျွန်တော်တို့ နိုင်ငံအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် လူ့အခွင့်ရေးများ တိုးတက်ကောင်းမွန်လာရေးတို့ကို အာမခံမှုတွေ သေချာစွာရှိနေစေရန်၊ မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးဆိုင်ရာ ဆုံးဖြတ်ချက်၏ ဆက်လက်ပြီး လူ့အခွင့်ရေး ကိုယ်စားလှယ်ကို ထားရှိထားသကဲ့သို့- မြန်မာနိုင်ငံအတွင်းမှာလည်း လူ့အခွင့်ရေးကော်မရှင်မှ လာရောက်၍ ရုံး ဖွင့်ပြီး၊ ထောက်ခံပေးရန် ကျွန်တော်အနေဖြင့် ပြောကြားပါတယ်။

Thank you for your attention!

အာရုံစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။

END.

-ပြီးပါပြီ-

Speech by Ko Htay Kywe, leader of 88 Generation Group, at the Diplomatic Briefing in Geneva, Switzerland, hosted by Czech Ambassador

ချက်နိုင်ငံ သံအမတ်ကြီး၏ အိမ်ရှင်အဖြစ် ကျင်းပသော သံတမန်ရေးရာ အစည်းအဝေးတွင် ပြောကြားသော (၈၈) မျိုးဆက် ခေါင်းဆောင် ကိုဌေးကြွယ်မှ ပြောကြားသော မိန့်ခွန်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts