မျက်မှောက်ရေးရာ သတင်းပဒေသာ

နော်ခမ်းတို့ ၄ ဦး ကွပ်မျက်ရာသို့ ခေါ်ဆောင်ပုံကို တရုတ်အစိုးရ CCTV တိုက်ရိုက် ထုတ်လွှင့်

မိုးမခအထောက်တော် အမှတ် ဝဝ၇
မတ် ၁၊ ၂၀၁၃

ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသားများ သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသော နော်ခမ်း အပါအ၀င် ၄ ဦးကို ကွပ်မျက်ရန် အချုပ်ခန်းမှ ထုတ်သွားပုံကို တရုတ်အစိုးရရုပ်သံက တိုက်ရိုက် ပြသသွားကြောင်း AFP သတင်း တစ်ပုဒ်တွင် ရေးသား ဖော်ပြထားသည်။

ကွပ်မျက်ခံရမည့်သူတို့၏ လှုပ်ရှားပုံကို တိုက်ရိုက် ထုတ်လွှင့်ရန် တရုတ်အစိုးရ ရုပ်မြင်သံကြားက ကြိုတင်စီစဉ်ခဲ့ခြင်း ရှိမရှိ မသိရကြောင်း သတင်းတွင် ဆက်လက် ရေးသား ဖော်ပြထားသည်။

နော်ခမ်းတို့ ၄ ဦးကို ဆေးထိုးပြီး ကွပ်မျက်ရန် အမိန့်ချထားကြောင်း သိရသည်။

ထောင်ဗူးဝသို့ ခေါ်ထုတ်လာစဉ် နော်ခမ်းက မဆိုစလောက် ပြုံးနေကြောင်း၊ လက်ထိပ်ခတ်ထားကြောင်း၊ ဆွယ်တာအကျီ င်္ နှင့် မီးခိုးရောင် ဘောင်းဘီ ၀တ်ဆင်ထားကြောင်း သတင်းတွင် ရေးသားထားသည်။

သို့သော်လည်း လက်မောင်း၊ ခန္ဒာကိုယ် အထက်ပိုင်းတို့ကို တုပ်နှောင်ချိန်တွင် တုန်လှုပ်စွာဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ကြောင်း၊ ယင်းနောက် ခြေကျင်းခတ်ခံရကြောင်း၊ သူ့ကို ကွပ်မျက်မည့်နေရာသို့ ဗင်ကားတစ်စီးဖြင့် ခေါ်ဆောင်သွားကြောင်း ရေးထားသည်။

မိနစ်အနည်းငယ် အကြာတွင် ၎င်း၏ အမှုတွဲတို့ကို ရုပ်သံတွင် ပြသကြောင်း ရေးထားသည်။

၎င်းတို့ ၄ ဦးကို လုံခြုံရေး အစောင့်အရှောက်ဖြင့် အကျဉ်းခန်းမှ ထုတ်သွားပုံကို တရုတ်အစိုးရ ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ကြောင်း http://asiancorrespondent.com သတင်းတစ်ပုဒ်တွင်လည်း ရေးထားသည်။

(တစ်ချိန်က တရားခွင်တွင် တွေ့ခဲ့ရသော နော်ခမ်း / ဓာတ်ပုံ – ဆင်ဟွာသတင်းဌာန)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “နော်ခမ်းတို့ ၄ ဦး ကွပ်မျက်ရာသို့ ခေါ်ဆောင်ပုံကို တရုတ်အစိုးရ CCTV တိုက်ရိုက် ထုတ်လွှင့်
  1. Any way, Myanmar people not happy that problem,But i don’t know Naw Kham , i know he is our citizen,,,
    Naw Kham is myanmar citizen,,,,,He’s Not chinese , why chinese killed myanmar citizen,??

    { Myanmar Also Have The Law }

    Mostly , Chineses people also doing very bad business on every country,

Comments are closed.