မိုးမခကို ပေးတဲ့စာ

ဖဲသမားများကို တိုင်းဝန်ကြီးချုပ်က လက်ရှောင်နေသလား

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဖဲသမားများကို တိုင်းဝန်ကြီးချုပ်က လက်ရှောင်နေသလား

ဟင်္သာတကပေးတဲ့စာ၊ မတ် ၁၊ ၂၀၁၃

သို့

ဦးသိန်းအောင် (ဝန်ကြီးချုပ်)

ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့-ပုသိမ်မြို့

အကြောင်းအရာ။ ။ အဂတိ လိုက်စားပြီး အပြစ်ပေးအရေးယူခြင်း မရှိသော ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ မှ အကြီးမားဆုံးဖြစ်သော ဖဲဝိုင်းအမှုအား ထိရောက်စွာ အရေးယူပေးပါရန်

                   ဝန်ကြီးချုပ်ကြီး ခင်ဗျာ..  လွန်ခဲ့သော ၁နှစ်ဝန်းကျင် ၂၀၁၂ ခုနှစ်ခန့် နှစ်ဆန်းပိုင်းက ဟင်္သာတမြို့ ဓမ္ဘီပွဲရုံဂိုဒေါင်တွင် ဟင်္သာတခရိုင် ဒုစရိုက်နှိမ်နှင်းရေးခေါင်းဆောင် ရဲအုပ်မြင့်ခိုင် နှင့် အဖွဲ့ ဖမ်းဆီးထားသော ဓမ္ဘီပွဲရုံပိုင်ရှင် ကိုအောင်ပိုင်ဖြိုး အပါအဝင် ဖဲသမား (၅) ဦးအား ယခုအချိန် ၂၀၁၃ ခုနှစ်တိုင်အောင် ဟင်္သာတ တရားရုံးနှင့် ဥပဒေဌာန တို့မှ ဖဲဝိုင်းတရားခံများထံမှ ငွေကျပ် သိန်း ၅၀ ရယူထားပြီး ယခုအချိန်ထိ အပြစ်ပေးအရေးယူခြင်း မရှိဘဲ ဒဏ်ငွေဖြင့် ဖဲဝိုင်းအမှုကို လွှတ်မည်ဟု ကြားသိရပါသည်။

ကျွန်တော်သည် ထို ဓမ္ဘီပွဲရုံ ဖဲဝိုင်းအမှုကိုဖမ်းဆီးပြီး မကြာခင်မှာပင် ဖဲဝိုင်းအမှုဖြင့် ထောင်ကျပြီး ယခုအခါထောင်မှပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပါသည်။ သူတို့အဖမ်းခံပြီးမှ အဖမ်းခံရတဲ့ ကျွန်တော်တို့တောင် ထောင်ကျလို့ပြန်လွတ်လာပါပြီ။ အခုကျွန်တော်  တိုင်ကြားချင်တာကတော့ ငွေများတရားနိုင် ဆိုတဲ့ ဥပဒေကြီး ဆက်လက်တည်ရှိနေမယ်ဆိုရင် ကျွန်တော်တို့ အခြေခံလူတန်းစားများဘဝကတော့ ပိုက်ဆံမရှိလို့ အမှုဖြစ်ရင် ထောင်ထဲပဲသွားရပြီး ပိုက်ဆံရှိတဲ့ သူတို့လိုလူတွေက အမှုကိုပိုက်ဆံပေးပြီး အပြတ်ဖြတ်မယ် ဆိုရင်တော့ မတရားခံနေရပါတယ် ခင်ဗျား။ ဟင်္သာတမြို့ ပြည်သူလူထုကလဲ ဒီအမှုကိစ္စကို ပြောချင်နေကြပေမယ့် ပိုက်ဆံရှိတဲ့ ပွဲရုံပိုင်ရှင် ကိုအောင်ပိုင်ဖြိုးတို့ လူစုကိုမတွန်းလှန်နိုင်တာကြောင့် ဒီအမှုကြီးမတရားသဖြင့် ပြီးဆုံးသွားတာကို ကြည့်နေရတော့မလို ဖြစ်နေပါတယ်။

သမ္မတကြီး မိန့်ခွန်းပြောတဲ့အထဲမှာ ကျွန်တော်တို့ ကြားသိနားထောင်လိုက်ရတာက ဝန်ထမ်းတွေထဲမှာ မပြောင်းလဲဘဲ အရင်အတိုင်းဆက်သွားနေမယ့် သူကတော့ ကျန်ခဲ့မှာပဲ ဆိုတဲ့ မိန့်ခွန်းလေးတော့ ကျွန်တော်တို့ မှတ်မိနေပါတယ်။ ယခုအမှုကို အဘဝန်ကြီးချုပ်ကိုယ်တိုင် သေချာကိုင်တွယ်ဖြေရှင်းစေချင်ပါတယ်။ ယခုဖဲဝိုင်းအမှုကြီးကို ဒဏ်ငွေဖြင့်လွှတ်ပေးမည်ဆိုပါက ကျွန်တော်တို့ ဟင်္သာတမှပြည်သူများ ဟင်္သာတမြို့မှ ပုသိမ်မြို့ထိ ချီတက် ဆန္ဒပြမှာဖြစ်ပါတယ်။ အဘဦးသိန်းအောင် ခင်ဗျား၊ ယခုအမှုကို မတရားသဖြင့်တော့ ကြည့်မနေစေချင်ပါဘူး၊ ထိရောက်စွာအရေးယူပေးစေချင်ပါကြောင်း တိုင်ကြားအပ်ပါသည်။

ဟင်္သာတမြို့မှ ပြည်သူတစ်ဦး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts