ကဗျာ အောင်ဝေး

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို ့ ( ၅ ) – Aung Way

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

BURMA: FROM BAD TO WORSE

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို  ့ ( ၅ )

အောင်ဝေး၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃

ရဲဘော်တို့  –

အော်စလိုမှာ

မွန်းအောင် သီချင်းဆိုနေတယ်။

ငါတို့  ဒီမှာ

သီချင်းဆိုကြ။

ရဲဘော်တို့ 

မအူပင်မှာ

မစုစုနွေး ငိုနေတယ်။

ငါတို့  ဒီမှာ

ငိုကြ။

ရဲဘော်တို့  –

လက်ပံတောင်းတောင်ခြေ မီးလောင်မြေ

နွေဦး ကြိုနေတယ်။

ငါတို့  ဒီမှာ

နွေဦးကိုကြိုကြ။

တိုင်းပြည်က

ဘာတစ်ခုမှ မကောင်းတော့ဘူး။

ထီးချက်စောင့်နတ်သမီး

မုဒိမ်းအကျင့်ခံနေရတယ်။

ငါတို့ ခေါင်းဆောင်က

ငါတို့ ကို “ခေါင်း“ ရောင်းသွားပြီ။

လယ်သမားတွေ သေကြ။

အလုပ်သမားတွေ သေကြ။

ကျောင်းသားတွေ သေကြ။

သံဃာတော်တွေ ပျံလွန်တော်မူကြ။

ရဲဘော်တို့ 

အရုဏ်တက်ခါနီးလေ

ညဟာ မှောင်လေ။

ညက မှောင်လေ

ခရိုနီတစ္ဆေက ချောက်လေ။

ရဲဘော်တို့  ဆန့် ကျင်ကြ။

ခရိုနီဆိုတာ

န အ ဖ အဆက်

ရှဲဒိုးအစိုးရ။

“ပူတိန်းရှိန်“ ဆိုတာ

န အ ဖ အပျက်

ရုပ်သေးအစိုးရ။

ရဲဘော်တို့  ရှုတ်ချကြ။

ခရိုနီဖျက်လို့ 

တို့ အိပ်မက် မပျက်နဲ့ ။

ခရိုနီနှောက်လို့ 

တို့ လမ်း မပျောက်နဲ့ ။

ရဲဘော်တို့  ဆက်လျှောက်။

ပန်းတိုင် ရောက်ခါနီးလေ

စေတန်တွေက များလေ။

လိုင်ဇာ ရောက်ခါနီးလေ

မာရ်နတ်တွေက များလေ။

ရဲဘော်အားလုံး သတိ။

တောအတိကြမ်းတဲ့

ဟောသည့်လမ်းမှာ

လူဆိုးဗိုလ်ကြီးရွှေရွှေ စောင့်နေတယ်။      ။

အောင်ဝေး

(ဗမာနိုင်ငံကဗျာဆရာ)

ဖေဖော်ဝါရီ ၂၇-၂၀၁၃။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts