ကဗျာ

ကြိမ်မီးတွေလောင်တော့မယ် (Thihathu)

ကြိမ်မီးတွေလောင်တော့မယ်

သီဟသူရ် ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃


လူမထင်သူတွေကြောင့်

မအူပင်နယ်မှာတောင်သူသွေးမြေခပြီ။

လယ်သိမ်းမြေသိမ်းတွေကို

မထိမ်းကြတော့ဘူးဆိုရင်တော့

ကြိမ်မီးတွေလောင်တော့မယ်။

အဓမ္မစီမံကိန်းတွေ

မထိမ်းကြတော့ဘူးဆိုရင်တော့

ဖွဲမီးတွေလောင်တော့မယ်။

တောက်မည့်မီးခဲတွေ

တရဲရဲနဲ့တိုင်းပြည်။

ယမ်းပုံတွေပြည့်နှက်နေတဲ့တိုင်းပြည်

ဘယ်မီးပွားကျလိုက်မလဲ

ဝုန်းကနဲလောင်တော့မယ့်တိုင်းပြည်။

ကာတွန်းဆရာကပြောတယ်။

ခရိုနီတွေသာဖယ်လိုက်ပါ။

ဆင်းရဲသားပျောက်သွားပါလိမ့်မယ်တဲ့။

ဒါပွားများဆင်ခြင်ရမဲ့တရား။

(ကဗျာသရုပ်ဖော် – ကာတွန်း စောငို)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကြိမ်မီးတွေလောင်တော့မယ် (Thihathu)

Comments are closed.