ဓာတ်ပုံသတင်း

ရွှေတွံတေးဆရာတော် ချင်းအမျိုးသားနေ့  ကြွရောက်အားပေး

မိုးမခအထောက်တော်
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃
 ၂၀. ၂. ၂၀၁၃ နေ့ တွင် ချင်းပြည်နယ် ဟားခါးမြို့ မှာကျင်းပသော ချင်းအမျိုးသားနေ့ ပွဲသို့ ရွှေတွံတေးဆရာတော် နှင့်ညီနောင်ဆရာတော်များကြွရောက်ခဲ့သည်။
ချင်းအမျိုးသားများကို အစားအစာများ ဆေးဝါးများ အင်္ကျီဘိနပ် ဆပ်ပြာ စသည့်အသုံးအဆောင်များနှင့်ထောက်ပံ့ငွေများလှူဒါန်းခဲ့သည်။
ချင်းတိုင်းရင်းသူများနှင့် ပွဲစီစဉ်သူများကိုလည်း ဆုငွေများချီးမြှင့်ခဲ့သည်။
ရွှေတွံတေးဆရာတော်က…..” အခုလိုတိုင်းရင်းသားညီနောင်များ ဘာသာစုံ ညီညွတ်ရင်းနှီးစွာ ကျင်းပကြတာ အရမ်းကောင်းတယ် ညီညွတ်ရင်းနှီးမှုဟာ ငြိမ်းချမ်းမှုကိုရယူနိုင်တဲ့အတွက် အားလုံးငြိမ်ချမ်းသွားမှာပါ ငြိမ်းချမ်းကြပါစေ May Be Peaceful လို့ ဆန္ဒပြုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts