နိုင်ငံတကာရေးရာ

SF Burmese Community – Free Dental Checkup – Health Drive

SF Burmese Community – Free Dental Checkup – Health Drive

ဖေဖော်ဝါရီ ၂၄၊ တနင်္ဂနွေ၊ နံနက် ၉  နာရီ မှ ညနေ ၆ နာရီ၊ အကူအညီလိုအပ်နေသူ ၂၀ ဦး ကို ကြည့်ပေးမည်

San Francisco Burmese Community Organizers၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃

       SFBC Organizers & Friends စေတနာ့ဝန်ထမ်းလှုပ်ရှားမှုအဖြစ် စေတနာဝန်ထမ်း အခမဲ့ သွားကျန်းမာရေးစစ်ဆေးမှု ကို လာမည် ဖေဖော်ဝါရီ ၂၄၊ တနင်္ဂနွေနေ့၊ မနက် ၉  နာရီမှ ၆ နာရီအထိ လူနာ ၂၀ ဦးရေကို စစ်ဆေးကြည့်ရှုပေးမည် ဖြစ်ရာ၊ သွားနှင့်ဆိုင်ရာ ကျန်းမာရေးအာမခံမ၀ယ်နိုင်သူများ၊ လက်ရှိတွင် အလုပ်အကိုင်နှင့် ၀င်ငွေ အခက်အခဲရှိသူများနှင့် ၎င်းတို့မိသားစုဝင်များကို အထူးဦးစားပေး စာရင်းလက်ခံပြီးပြီ ဖြစ်ကြောင်း သိရှိရသည်။

စေတနာဝန်ထမ်း အခမဲ့ ကြည့်ရှုမှုပေးမည် ဆရာဝန် ၂ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

Dr. Ryan Thaw (ဒေါက်တာမောင်မောင်သော်)

Dixon Landing Family Dental Clinic

1786 Milmont Dr Milpitas, CA 95035

           

Dr. Hla Myaing (ဒေါက်တာ လှမြိုင်)

            Myaing Dental Clinic

770 E Romie Ln, Salinas, CA 93901

ဆေးခန်းမှာ ဒေါက်တာမောင်မောင်သော်၏ ဆေးခန်း – 1786 Milmont Dr. Milpitas, CA 95035 ဖြစ်သည်။

စာရင်းပေးသွင်းထားသူများအနေနှင့် SFBC စေတနာ့ဝန်ထမ်းအဖွဲ့က အောက်ပါ တာဝန်ခံ ၂ ဦးကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကိုဂျေစင် (510-402-7779) ၊ ကိုကျော်သူရ (415-420-1504)၊


အကူအညီလိုအပ်နေသူ များစွာရှိနေသဖြင့် နောင်တွင်လည်း စေတနာ့ဝန်ထမ်းဆရာဝန်များ၊ ဆေးခန်းများ ထပ်မံစီစဉ်နိုင်ပါက အချိန်သတ်မှတ်ပြီး ဖိတ်ခေါ်သွားမည်ဟု သိရပါသည်။

လာမည့်မေလတွင် ကယ်လီဖိုးနီးယားရှိ သွားဆရာဝန်များအဖွဲ့အစည်းများ နှင့် သက်ဆိုင်ရာတို့က ဆန်ဟိုးဇေးမြို့တော်တွင် နှစ်စဉ်ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် အဖြစ် အခမဲ့သွားကျန်းမာရေးစောင့်ရှောက်မှုကို အကူအညီလိုအပ်နေသူ ကယ်လီဖိုးနီးယား ဒေသခံအားလုံးအတွက် ဆောင်ရွက်ပေးရန် ရှိပါကြောင်းလည်း တင်ပြလိုက်ပါသည်။ မြန်မာဆရာဝန်များကလည်း ထိုကျန်းမာရေးပွဲတော်တွင် သွားရောက် လုပ်အားပေးကြမည်ဖြစ်ကြောင်း သိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “SF Burmese Community – Free Dental Checkup – Health Drive
  1. မျက်စီကျန်းမာရေး၊ရော မပြုလုပ်ဘူးလား။မျက်စီကြည့်လို့မကောင်းလို့ပါ။

Comments are closed.