မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
![]() |
ကွမ်းအစ်ထဲမှာပဲ ရှိခဲ့ဖူးတဲ့ ကွမ်းယာက ဒီနေ့ခေတ်မှာတော့ မြန်မာပြည်ရဲ့ အရောင်းအသွက်ဆုံးပစ္စည်းများထဲမှာ ထိပ်ပိုင်းက ရှိနေမယ် ထင်ပါတယ်။
ကွမ်းယာဆိုင် ဆိုတာကလည်း ပြည်တွင်းမှာသာမက မြန်မာပြည်သားများရောက်ရှိရာ ပြည်ပက မြန်မာရပ်ကွက်တွေမှာပါ တွေ့မြင်နေရပါပြီ။
ပုံမှာ တွေ့ရတာကတော့ သီပေါမြို့တနေရာက ကွမ်းယာဆိုင်ဖြစ်ပါတယ်။
![]() |
ကွမ်းယာ အရသာက တဆိုင်နဲ့တဆိုင် ကွာခြားသလို ကွမ်းယာထုပ်ပိုးပုံကလည်း တနေရာနဲ့ တနေရာ မတူညီကြပါဘူး။
သီပေါက ဒီဆိုင်ကတော့ ကွမ်းယာကို ငှက်ပျောရွက်တစ်ထပ်၊ ပလပ်စတစ်အိတ်နဲ့ တစ်ထပ် ထုပ်ပိုးထားပါတယ်။
ကွမ်းယာဆိုင်လို့ ဆိုကြပေမယ့် စင်္ကာပူမှာ ၂၄ နာရီဖွင့်တဲ့ 7-11 ဆိုင်တွေလို စုံစီနဖာ ရောင်းတဲ့ဆိုင်တွေ ဖြစ်နေပါပြီလို့ ဆိုရမလောက်ပါပဲ။
ပုံတွေကို ကြည့်ရင် ကွမ်းယာဆိုင်စီးပွားရေး အနေအထားကို ခန့်မှန်းမိကြမယ်လို့ ယူဆပါတယ်။
မိုးမခ ဓာတ်ပုံများ –
ကွမ်းယာစားခြင်းကြောင့် ပတ်ဝန်းကျင်ဆိုးကျိုးများ အကြောင်းကို – ရွှေပြည်ငြိမ်းချမ်း ရေးသော၊ ကွမ်းမေတ္တာစာ ခေါင်းစဉ်ဖြင့်၊ – ကိုရီးယား- ယိမ်းနွဲ့ နေသော ရောင်စုံကြာ စာအုပ်မှာ ရှာဖွေဖတ်ကြည့်လျှင် အားလုံးအတွက် အကျိုးရှိမည်ဖြစ်ပါသည်။ ကွမ်းစားသည်ကို အပစ်မပြောလိုပါ၊ သို့ သော် နေရာတကာ ကွမ်းတံတွေး ထွေးခြင်းကိုတော့ သာကီဝင်မင်းမျိုးများ ဆင်ခြင်သင့်ပါသည်။ ထိုင်ဝှမ်းမှာ ကွမ်းတံတွေး လူမြင်လမ်းမှာထွေးတာကို မြင်လျှင် US $ 200 ဒါဏ်ရိုက်ကြောင်း ကြားဘူးပါသည်။ ဌင်းအပြင် ကွမ်းယာဝယ်လျှင် ဆိုင်ရှင်က ကွမ်းတံတွေးထွေးရန် တခါသုံးစက္ကူခွက်ခလေးများပါပေးပါသည်။