သတင်းပဒေသာ

ဓနုဖြူမြို့မှ ဆက်သွယ်ရေးဝန်ထမ်းအချို့ တရားမ၀င်လူကုန်ကူး


ဓနုဖြူမြို့မှ ဆက်သွယ်ရေးဝန်ထမ်းအချို့ တရားမ၀င်လူကုန်ကူး

ဟင်္သာတမီဒီယာ၊ ဓနုဖြူ၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ တမြာကျေးရွာအုပ်စု အလမျိုးကျေးရွာတွင် လူငယ်များကို ဆက်သွယ်ရေးဝန်ထမ်းများအချို့က မသမာသူများနှင့်ပေါင်းကာ ထိုင်းနိုင်ငံသို့ တရားမ၀င် ပို့ဆောင်ပေးနေကြောင်း သတင်းရရှိပါသည်။

ဓနုဖြူမြို့နယ် အလမျိုးကျေးရွာတွင် နေထိုင်သော ဒေါ်အေးအေးသန်းမှ “တရားဝင် ပတ်(စ်)ပိုစ့်၊ ဗီဇာဖြင့်သွားရောက် အလုပ်လုပ်ကိုင်ရမည်၊ တစ်လလျှင် မြန်မာငွေ ၂၈၀,၀၀၀/ ကျပ် ရရှိမည်။ သွားလာစရိတ် ၅၀၀,၀၀၀/ ကျပ် ကုန်ကျမည်၊ ညီမဖြစ်သူ ဒေါ်ယဉ်ယဉ်ကြည်(စာတိုက်မှူး) မှ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကုန်ကျငွေ (၅)သိန်း ကျပ်အားလည်း လုပ်အားခမှ ပြန်လည်ပေးဆပ်လျှင် ရသည် …” ဟု ပြောဆိုကာ လူစုဆောင်းခဲ့ပါသည်။

တစ်ရွာထဲနေ ဆွေမျိုးများနှင့် အနီးအနားကျေးရွာများမှ တရားဝင်အလုပ်လုပ်ရမည် လစာမှာလည်း လက်ရှိမိသားစု ရပ်တည်မှုတွင် အစဉ်ပြေသည်၊ ပို့ဆောင်ပေးမည့်သူမှာလည်း ဆွေမျိုးသားချင်း တစ်ရွာတည်းနေသူများ နိုင်ငံ့ဝန်ထမ်းလည်းဖြစ်သည့်အတွက် ယုံကြည်စိတ်ချကာ မိဘ၊ အုပ်ထိမ်းသူများမှ (၁၈)နှစ်၊ (၂၀)နှစ် ပတ်ဝန်းကျင်သားသမီးများကို ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်လုပ်ရန် ယုံကြည်စွာဖြင့် စေလွှတ်ခဲ့ပါသည်။

၂၀၁၀ ခုနှစ်တွင် လူငယ်ကျား/မ (၈)ဦးအား ဦးလှဌေး(ဆက်သွယ်ရေး)၊ ဦးမျိုးညွန့်(ဆက်သွယ်ရေး) ၀န်ထမ်းနှစ်ဦး မြ၀တီမြို့သို့ လိုက်လံပို့ဆောင်ပေးကြပါသည်။ အမှတ်(၅)ရပ်ကွက်ရှိ ကိုထွန်းထွန်းဝင်းနေအိမ်တွင် ပတ်(စ်)ပိုစ့်၊ ဗီဇာ မရသေးသဖြင့် ဟုဆိုကာ (၂)လ စောင့်ခဲ့ကြရပါသည်။ တစ်နေ့လျှင် မြန်မာငွေ ၂၀၀၀/ကျပ် တောင်းယူကြပါသည်။ (၂)လကြာပြီး စရိတ်မတတ်နိုင်ကြတော့သဖြင့် နေရပ်ပြန်လာခဲ့ကြပါသည်။ (၄)လခန့်ကြာသောအခါ ပတ်(စ်)ပိုစ့်၊ ဗီဇာ ရပြီဆိုကာ ၀န်ထမ်းနှစ်ဦးမှ ကျား (၃)ဦး၊ မ (၁)ဦးအား မြ၀တီမြို့ ယခင်နေထိုင်ရာအိမ်သို့ ထပ်မံပို့ခဲ့ပါသည်။ ၁၂ ရက် ပတ်(စ်)ပိုစ့်၊ ဗီဇာ ထပ်စောင့်ခိုင်းပြီး ထိုင်နိုင်ငံထဲသွားမယ်ပြောပြီး၊ အမှတ်(၂)ဂိတ်မှ စက်လှေနှင့် တင်ပေးကာ တစ်ဖက်နိုင်ငံတွင်းသို့တရားမ၀င် ပို့ဆောင်ပေးခဲ့ပါသည်။ တရားမ၀င်သွားရောက်ရခြင်းကြောင့် အဖမ်းခံရကာ မြန်မာပြည်သို့ပြန်ရောက်လာသော ကိုယ်တိုင်ခံစားခဲ့ရသူမှ ပြောပြခြင်း ဖြစ်ပါသည်။

မိမိနစ်နာဆုံးရှုံးမှများနှင့် တရားမ၀င်ပို့ဆောင်ခဲ့သော အစိုးရ၀န်ထမ်းသုံးဦးနှင့် တစ်ဖွဲ့လုံးအား ဓနုဖြူမြို့မြို့မရဲစခန်းတွင် တိုင်ကြားရာ (ပ) ၁၃/၂၀၁၃ ပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts