မိုးမခကို ပေးတဲ့စာ

မြ၀တီ မဲဆောက် တံတားပတ်လမ်း ပိတ်ဆို့မှု ရှက်ဖွယ်ကောင်း

မြ၀တီ မဲဆောက် တံတားပတ်လမ်း ပိတ်ဆို့မှု ရှက်ဖွယ်ကောင်း
မြ၀တီကားသမား၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃
မြ၀တီမြို့ ကျက်သရေဆောင် မြ၀တီ-မဲဆောက် နယ်စပ်တံတားကြီး၏ ပတ်လမ်းသည် ကားတစ်စီးသာ သွားနိုင်သော လမ်းကျင်းလေးဖြစ်ပါတယ် ။သို့ပါသော်လည်း အဆိုပါလမ်းတွင် စည်းကမ်းမဲ့ ရပ်ထားသော ကားများကြောင့် တံတားအောက်ပတ်လမ်းတွင်း ကားပင်သွားမရအောင် ဖြစ်ပြီး တံတာထိပ်တွင် ယာဉ်များဖြင့် လမ်းပိတ်ပြီး ကြပ်ညပ် နေပါတော့တယ် ၊ မြ၀တီတံတားပတ်လမ်းတွင် အဖြူ-အနီ ကြားသုတ်ထားသော်လည်း ကားများ စည်းကမ်းမဲ့ ရပ်နေသည်ကို မည်သည့် ယာဉ်ထိန်းရဲမှ လာရောက်အရေးယူခြင်း လုံးဝ(လုံးဝ) မရှိပါဘူး။
တံတားပတ်လမ်းမှာ အလွန်ကျဉ်းလှသဖြင့် နေ့ဘက် ယာဉ်ရပ်နားခြင်း ရပ်တန်ပြီး စာကားပြောနေခြင်း၊ခရီးသည် အတင်အချ၊ ကုန်ပစ္စည်းအတင်အချ ပြလုပ်ခြင်းများကို သက်ဆိုင်ရာက အဘယ်ကြောင့် မတားဆီသည်ကို မသိရပါ။ မြ၀တီတံတားတွင် တာဝန်ကျနေသော ၀န်ထမ်းများမှာ ကလေးသူငယ်များ မဟုတ် ပြန်တမ်းဝင်အရာရှိများ ပါဝင်ဦးဆောင်နေကြသည်ဖြစ်ပြီး ဌာနအစုံက ပြန်တမ်းဝင်အရာရှိကြီးများဖြစ်ပါလျှက် နေစဉ်ကြုံတွေနေရသော ယာဉ်ကြောပိတ်ဆိုမှု့နှင့် တံတားပတ်လမ်းအတွင်း ယာဉ်ပိတ်ဆိုနေမှု့မှာ မဆိုင်သလို အဘယ်ကြောင့်နေရသည်ကို စဉ်းစား၍မရပါ။
မဲဆောက်သို့ သွားမည့် ကားတစ်စီးလောက်လည်း စိတ်ဝင်စားပုံမပေါ်ပါ။ ဒီလိုလမ်းရှင်းရတဲ့ အလုပ်က သူတို့အလုပ်မဟုတ်ဘဲ ယာဉ်ထိန်းရဲ ၏ တာဝန်သာဖြစ်သည်ဟုသာ ပြောဆိုနေမည်ဖြစ်ပြီး အမြင်မတော်လျှင် ၀င်မပြောသော ထိုအရာရှိကြီးများ၏ ၀န်ထမ်းစိတ်ဓါတ်ကိုလည်း အားပျက်မိပါသည်။ မြ၀တီက ယာဉ်ထိန်းရဲများလည်း ကုန်ကားများနောက်သို့ လာဘ်လာဘအတွက် ပြေးလိုက်နေခြင်းအား အနည်းငယ်လျှော့လျက် စည်းကမ်းကိုလည်း စနစ်တကျ ထိမ်းသိမ်းပေးနိုင်ပါရန် တင်ပြရပါသည်။
မြ၀တီမြို့ဟာ ခရိုင်အဆင့် ဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှုးတစ်ဦး အုပ်ချုပ်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကြီး အနေနှင့်လည်း အစည်းအဝေးများတက်နေရသဖြင့် တံတားထိပ်နှင့် တံတားပတ်လမ်းကို စတင် ပြောင်းရွေ့လာစဉ်ကတည်းက တစ်ခေါက်မှ မရောက်ဖူးသေးဟုသာ ကျွန်တော်တို့ မှတ်ယူထားရပါကြောင်းလည်း စကားချပ် ရပါတယ်ဗျာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “မြ၀တီ မဲဆောက် တံတားပတ်လမ်း ပိတ်ဆို့မှု ရှက်ဖွယ်ကောင်း
  1. မြ၀တီ တာဝန်ရှိဝန်ထမ်းများ ပိုက်ဆံမရ၊ မျက်နှာမရတဲ့ လမ်းပိတ်ဆို့မှုရှင်းဖို့ အချိန်မရှိပါ။ အရေးကြီးတဲ့ ကုန်သွယ်မှုများကို မပိတ်ဆို့ဖို့ အထူးအလုပ်များနေပါတယ်။ ကိုယ့်ဖာသာဖွဲ့ပြီး ကိုယ်ပဲခေါင်းဆောင်၊ ရှင်းရမယ်ထင်ပါတယ်။

  2. သတင်းပါလာပေမယ့် ဘာမှမလုပ်ပါဘူး ၊မြ၀တီက အုပ်ချုပ်သူတွေ ပြည်အသံကို နားမထောင်တတ်ပါဘူးဗျာ . . .

  3. အဲဒီကားတွေ က ပိုက်ဆံမှမရတာ ယာဉ်ထိန်းတွေကစိတ်မ၀င်စားဘူး။ မြ၀တီအထွက်မှာသူတောင်းစားလိုတောင်းရင်တစ်ရက် ၁သိန်းလည်းဟုတ်၊ ၂သိန်းလည်းဟုတ်ဆိုတော့ ဘယ်ကောင်ကမှစိတ်မ၀င်စားကြဘူးလေ။

Comments are closed.