ဓာတ်ပုံသတင်း

ဆန်ဖရန်စစ္စကိုဒေသကောလိပ် မြန်မာကျောင်းသူကျောင်းသားများ ဗိုလ်ချုပ်မွေးနေ့ ကျင်းပ

ဆန်ဖရန်စစ္စကိုဒေသကောလိပ် မြန်မာကျောင်းသူကျောင်းသားများ ဗိုလ်ချုပ်မွေးနေ့ ကျင်းပ

မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဆန်ဖရန်စစ္စကိုမြို့တော်၊ စီးတီးကောလိပ်ရှိ Burmese Student Club (CCSF)မှဦးဆောင်၍ မြန်မာကျောင်းသား၊ ကျောင်းသူများက ၆၆ နှစ်မြောက် မြန်မာပြည် – ပြည်ထောင်စုနေ့နှင့် ၉၈နှစ်မြောက်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အခမ်းအနားကို၎င်းတို့၏အောင်ဆန်းစာကြည့်တိုက်တနှစ်ပြည့်အထိမ်းအမှတ်နှင့်အတူ ကျင်းပသည်။ အခမ်းအနားတွင် စာအုပ်လှုဒါန်းပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပညာပေးစာတမ်းများ၊ကဗျာများရွတ်ဆိုကျင်းပခဲ့ကြသည်ဟု သိရသည်။

အခမ်းအနာ၏ ဦးတည်ချက်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမှန်တကယ်ညီညွှတ်မှုဖော်ဆောင်ရေးကိုဦးတည်၍တိုင်းရင်းသားအရေး၊မြန်မာ့နိုင်ငံရေးနှင့ိုလ်ချုပ်အောင်ဆန်းအကြောင်း သိမှတ်ဖွယ်ရာများကို ဒေသခံမြန်မာပြည်ဖွားပြည်သူများနှင့် ကျောင်းသူကျောင်းသားများအယောက်၃၀ ခန့်က တက်ရောက်၍ပြောဆို ဆွေးနွေး အမြင်ဖလှယ်ခဲ့ကြသည်။

(ဓာတ်ပုံများအခမ်းအနားတွင်မြင်တွေ့ရသည့်တိုင်းရင်းသားလူငယ်များ၊ကျောင်းသူ ကျောင်းသားများနှင့်ဒေသခံပြည်သူများ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts