သတင်းပဒေသာ

ရွှေတွံတေးဆရာတော် ရခိုင် ၀ံလက်အဖွဲ့ သို့ ထောက်ပံ့ငွေလှူဒါန်း

ချမ်းမြ (မိုးမခအထောက်တော်)
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၃

၇. ၂. ၂၀၁၃ နေ့ က ၀ံလက် ရခိုင်အမျိုးသားများဖောင်ဒေး ရှင်းသို့ ရွှေတွံတေး ဆရာတော်က ထောက်ပံ့ငွေများလှူဒါန်းခဲ့သည်။ ရခိုင် ဘင်္ဂလီ ပဋိပက္ခ နောက်ဆက်တွဲ ဆိုး ကျိုးများ ဆက်လက်ရှိနေဆဲဖြစ်သည်။ အပြန်အလှန် သံသယရှိနေကြသည့်အတွက် နေရေးစားရေးအခက်အခဲများရှိနေကြသည်။

သုဿန်နှင့်မီးသဂြိုလ်စက်ကိစ္စမှာလည်း ရခိုင်တို့အတွက်အခက်အခဲရှိနေသည်။ ရခိုင်အချင်းချင်း ပူးပေါင်းကူညီရေးနှင့် မုန့်လုပ်ငန်း စိုက်ပျိုးရေးလုပ်ငန်းတို့ကို တပိုင်တနိုင်ဆောင်ရွက်နိုင်ရန်အတွက် ၀ံလက်ဖောင်ဒေးရှင်းက ကူညီစီစဉ်ပေးနေသည်။

ရွှေတွံတေးဆရာတော်ကလည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် အတိုးမဲ့ချေးငွေရံပုံငွေ အဖြစ်ထောက်ပံ့လှူဒါန်းခဲ့သည်။ ရွှေတွံတေး ဆရာ တော်က “ကိုယ့်နိုင်ငံသား တိုင်းရင်းသားတွေ အချင်းချင်းညီညွတ်မှရမယ်။ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်နဲ့ ကိုယ်ရပ်မှဖြစ်မယ်။ ဟိုလူ ဒီလူ အားကိုးနေရင်ခက်တယ်။ ဒါကြောင့် ကိုယ့်လူမျိုး ရပ်တည်ရေးအဆင်ပြေဖို့  နေရေးစားရေးလွယ်ကူအောင် နည်းပညာတွေလေ့ လာပြီး ကိုယ်တိုင်လုပ်ကိုင်ကြဖို့ တိုက်တွန်းအားပေးပါတယ်” စသဖြင့် မိန့်ကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts